ခေါင်းစဉ်အလိုက်ရှာရန်

Sunday, April 24, 2016

ငါးနှစ်အတွင်း သေမှုသေခင်းအများဆုံးဖြစ်ခဲ့သည့် ၂ဝ၁၆ သင်္ကြန်

ငါးနှစ်အတွင်း သေမှုသေခင်းအများဆုံးဖြစ်ခဲ့သည့် ၂ဝ၁၆ သင်္ကြန်
==============================================
အစိုးရသစ်၏ ပထမသက်တမ်းအစတွင် ကိုင်တွယ်ကျင်းပခဲ့ရသော ၂ဝ၁၆ ခုနှစ်မဟာသင်္ကြန်တွင် ယာဉ်မတော်တဆမှုနှင့် အခြား လူသေဆုံးခဲ့ရသည့်အမှုအရေအတွက်မှာ ငါးနှစ်တာကာလအတွင်း စံချိန်သစ်တင်ခဲ့သည်။ ယခုနှစ် လူသေဆုံးမှုသည် စုစုပေါင်း ၃၅ ဦးရှိခဲ့ပြီး ယမန်နှစ်က ဖြစ်ခဲ့သောလူသေဆုံးမှုထက် ထက်ဝက်ကျော် များနေသည်။ ယင်းအပြင် ၂ဝ၁၄ ခုနှစ် ၊ ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်မဟာသင်္ကြန်ကာလများ ထက်လည်းပိုများနေသည်ကိုတွေ့ရသည်။
ထိုအရေအတွက်တွင် ယာဉ်တိုက်မှုကြောင့်ဖြစ်သည့် လူသေဆုံးမှုမှာ ထက်ဝက်ကျော်ရှိပြီး ကျန်အမှုတို့သည် လူသတ်မှု၊ အပါအဝင် အခြားအမှုတို့အပြင် မိမိကိုယ်ကိုသတ်သေခြင်း၊ ရေနစ်သေဆုံးခြင်းအစရှိသည့် သေမှုသေခင်းများ ဖြစ်ကြသည်။ လူ သေဆုံးမှုတို့က မဟာသင်္ကြန် ပထမ အကြတ်နေ့နှင့်ဒုတိယအကြတ်နေ့ များတွင် အများဆုံးဖြစ်ခဲ့ပြီး မဟာသင်္ကြန်အကြိုနေ့နှင့် အတက်နေ့ကဆိုလျှင် အများဆုံးအနေဖြင့် လူသုံးဦးသေဆုံးခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှအကြီးတန်း အရာရှိတစ် ဦးက ”ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာဘဲ မောင်းနှင်တဲ့ လူအချို့ကြောင့်ရယ် ဒေါသကို မထိန်းနိုင်တဲ့သူအချို့ကြောင့် အခု လိုလူသေဆုံးမှုတွေ များခဲ့ရတာပါ” ဟုပြောသည်။
ယခုနှစ် မဟာသင်္ကြန်တွင် နောက်ထပ် စံချိန်တင်ခဲ့သည်က ကာယိနြေ္ဒဖျက်ဆီးမှုနှင့် ခိုးမှု၊ ခါး ပိုက်နှိုက်အမှုတို့ဖြစ်သည်။ ထိုအမှု တို့သည် ငါးနှစ်တာအတွင်း စံချိန် တင်ခဲ့သည့်အမှုတို့ဖြစ်သည်။ ယခု နှစ်၌ ခိုးမှု၊ ခါးပိုက်နှိုက်မှု စုစုပေါင်း ၆၄ မှုဖြစ်ခဲ့ပြီး ပြီးခဲ့သည့်နှစ်က ဆိုလျှင် ၅၂မှုသာရှိခဲ့သည်။ အများ စုသည်ရန်ကုန်တွင်ဖြစ်ခဲ့ပြီး နောက် ထပ်အများဆုံးနေရာမှာ မန္တလေး ဖြစ်သည်။ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ”အမှုအများ စုဟာ ရဲတပ်ဖွဲ့ကိုယ်တိုင် စစ်ဆေး ဖော်ထုတ်ရင်း ဖွင့်ခဲ့တဲ့အမှုတွေ ဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် တရားခံလို့ ယူဆရတဲ့သူကိုပစ္စည်းသက်သေ နဲ့ ဖမ်းဆီးရမိခဲ့တဲ့အမှုလို့ ပြောလို့ရ ပါတယ်။ အမှုအရေအတွက်များလာတယ်လို့ ပြောတာထက်စာရင် ဖမ်းဆီးရမိမှု များတယ်လို့ပြောလို့ရ တယ်” ဟု ပြောသည်။
ကာယိနြေ္ဒ ဖျက်ဆီးမှုမှာမူ ကာယကံရှင်အနေဖြင့် မခံမရပ်နိုင် ၍ ရဲစခန်းသို့ လာရောက်တိုင်တန်းသည့်အဖြစ်များများလာသည့် အတွက် အမှုများလာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ သို့သော်လည်း သင်္ကြန်ကာလအတွင်းဖြစ်တတ်လေ့ရှိသည့် ခိုက်ရန်ဖြစ်ပွားမှုနှုန်းမှာ ပြီးခဲ့သည့်နှစ်ကထက် တစ်နိုင်ငံလုံးအနှံ့ လျော့နည်းခဲ့သည်။ ယင်းအပေါ် ရဲတပ်ဖွဲ့တာ န်ရှိသူတို့က ခိုက်ရန်ဖြစ်ပွားရာတွင်အသုံးပြုသည့် တုတ်၊ ဓား၊ ပုလင်းအစရှိသည်တို့ကို ရှာဖွေ သိမ်းဆည်း စစ်ဆေးခဲ့သည့်ရလဒ် ဟုပြောသည်။ ရဲတပ်ဖွဲ့၏ရှာဖွေ တွေ့ရှိမှုက အံ့သြဖွယ်ရာ ဖြစ်ခဲ့ သည်။ လူငယ်အချို့တို့က ပုဆိန် များ၊ ဓားရှည်များ၊ လက်ကိုင် တုတ်များကို ကား၊ ဆိုင်ကယ်များ ပေါ်တွင် သိုဝှက်သယ်ဆောင်ကာ သင်္ကြန်လည်ပတ်ခဲ့မှုကို ရဲတပ်ဖွဲ့ က အချိန်မီတားဆီးသိမ်းဆည်းနိုင် ခဲ့သည်။ ရဲတပ်ဖွဲ့၏ တရားဝင်ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သင်္ကြန်ကာလအတွင်း သိမ်းဆည်းရမိသည့်တုတ်၊ ဓား လက်နက်၊ ထိခိုက်နာကျင်စေနိုင် သည့် ပစ္စည်းတို့ကို အချိန်နှင့် တပြေးညီပြည်သူသိအောင် ဖော်ပြ ပေးခဲ့သည်။ ဆိုးရွားသည့် လက် နက်ကိုင်ဆောင်မှုများကိုမူ ရဲတပ် ဖွဲ့ကအမှုဖွင့်အရေးယူခဲ့ပြီး ထိုအမှုတို့သည် တစ်နိုင်ငံလုံးအနှံ့တွင် ၁၄ မှုရှိခဲ့သည်။
ပြီးခဲ့သည့် နှစ်နှင့် အမှုအရေအတွက် တူညီခဲ့သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့က စစ်ဆေးမှုကို ရက်အလိုက်ပိုမိုတင်းကျပ်ခဲ့ပြီး အရက်၊ ဘီယာပုလင်းများကို ရန်ဖြစ်သည့် နေရာတွင် အသုံးမပြုနိုင်စေရန် ကြိုတင်တားဆီးသည့် အနေဖြင့် ကော်ဘူး၊ ကျွတ်ကျွတ်အိတ်များ ဖြင့် လဲလှယ်ကာ လမ်းတွင်သိမ်း ဆည်းခဲ့သည်။ ယင်းကဲ့သို့ တင်း ကျပ်သည့်စစ်ဆေးမှုမှာ ယခုနှစ် တွင်ပထမဦးဆုံးအကြိမ်အဖြစ် ဆောင် ရွက်ခြင်းဖြစ်သည်။ ထိုသို့ ဆောင် ရွက်နိုင်ရန် ရဲတပ်ဖွဲ့၏ လက်ရှိအင် အားထဲမှထက်ဝက်ကျော်ကို အသုံး ပြုခဲ့သည်ဟု ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ် အဆင့်ရှိသူ တစ်ဦးက ပြောသည်။ထို့ကြောင့် ယခုနှစ်တွင် ခိုက်ရန် ဖြစ်ပွားမှုလျော့နည်းခဲ့ပြီး နာကျင်စေမှုမှာ ၅၂ မှုသာဖြစ်ခဲ့ သည်။ ပြီးခဲ့သည့်နှစ်ကဆိုလျှင် အမှု အရေအတွက်သည် ၆၄ မှုရှိ ခဲ့သည်။ ယခုနှစ် ခိုက်ရန်ဖြစ်ပွားမှုသည် လေးနှစ်တာကာလအတွင်း အနည်းဆုံးဖြစ်ခဲ့သည်။
”ရန်ပွဲတွေကတော့ တော်တော် နည်းသွားတာတော့အမှန်ပဲဗျ။ အရင် နှစ်တွေကလောက်တော့ သိပ်မတွေ့ရဘူး” ဟုသင်္ကြန်ကာလ အတွင်းရန်ကုန်မြို့၌ ရေပက်ခံထွက်ခဲ့သည့်ဦးတင်ထွန်းက ပြောသည်။ သင်္ကြန်ကာလအတွင်းမဖြစ်ခဲ့ သည့်ထူးခြားသည့် မှုခင်းတစ်ခုကို ထုတ်နုတ်ပြရလျှင် ဝတ္တရားနှောင့်ယှက်မှု ဖြစ်သည်။ ယခင်ကဆိုလျှင် နှစ်စဉ်ဝတ္တရားနှောင့်ယှက်မှုက အနည်းဆုံးအမှု ၂ မှုမှသုံးမှုထိ ရှိခဲ့ သည်။ ယခု နှစ်တွင် မရှိခဲ့ခြင်းက ရဲတပ်ဖွဲ့၏ ပြောင်းလဲမှုကြောင့်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။
ရှေ့နေဦးရောဘတ်စန်းအောင် က ”ပြည်သူနဲ့ရဲက ဒီလောက် သင့်မြတ်နေတော့ ဝတ္တရားနှောင့် ယှက်မှုက ဘယ်ရှိတော့မလဲဗျာ။ အမှုမရှိဘူးလို့ဆိုလို့ ကျွန်တော် ပြောတာပါ။ မူးနေတဲ့ကလေးတွေ ကိုတောင် အိမ်အထိလိုက်ပို့နေ တော့ ပြည်သူကလည်း ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို ဘယ်လို နှောင့်ယှက်မှာလဲ” ဟု ပြောသည်။ နောက်ထပ် ကျဆင်းလာသည့် မှုခင်းဖြစ်စဉ်မှာ မုဒိမ်းမှုဖြစ်သည်။ ယခုနှစ်တွင် မဟာသင်္ကြန်ကာလ ပထမ အကြတ်နေ့က ဖြစ်ပွားခဲ့ သည့် မုဒိမ်းမှုတစ်မှုသာရှိခဲ့သည်။ ပြီးခဲ့သည့်နှစ်များကဆိုလျှင် မုဒိန်း မှုသည် သုံးမှုထိရှိခဲ့သည်။ ရန်ကုန် တိုင်းဒေသကြီးနယ်လုံဝန်ကြီး ဗိုလ် မှူးကြီးတင်အောင်ထွန်းက ”အခု နှစ်သင်္ကြန်ကို သုံးသပ်ကြည့်ရင် အေးအေးချမ်းချမ်း စည်စည်ကား ကားနဲ့ ပြီးစီးခဲ့တယ်။ ကြီးကြီးမား မားပြဿနာတွေ မဖြစ်ခဲ့ဘူး၊ မရှိခဲ့ဘူး။ ဒါဟာ တာဝန်ရှိသူတွေကလည်း တာဝန်ရှိတဲ့အတိုင်း ဆောင် ရွက်ခဲ့ကြသလို၊ ပြည်သူတွေဘက်ကလည်း ပူးပေါင်းပါဝင်ခဲ့ကြလို့ပဲ” ဟု ပြောသည်။
Popular News Journal

No comments:

Post a Comment