ခေါင်းစဉ်အလိုက်ရှာရန်

Wednesday, August 17, 2016

စောင့်ကြည့်ရမည့် ပြည်ခိုင်ဖြိုးအပြောင်းအလဲ

စောင့်ကြည့်ရမည့် ပြည်ခိုင်ဖြိုးအပြောင်းအလဲ
Myanmar Breaking News (မြန်မာသတင်းများစုစည်းမှု) / 29 minutes ago

တပ်မတော်အစိုးရ ခေါင်း ဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)၏ ပါတီပြုပြင်ပြောင်းလဲမှုကို ယခုလ (သြဂုတ်)တွင် တွေ့ မြင်ရတော့မည်ဖြစ်သည်။  ပါတီပြုပြင်ပြောင်းလဲမှုပြု လုပ်မည့် ပြည်ခိုင်ဖြိုးပါတီ၏ vဒုတိယအကြိမ်မြောက်ပါတီညီလာခံကို သြဂုတ် တတိယပတ်အတွင်း နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲရ လဒ်အရ ပြည်ခိုင်ဖြိုးပါတီကို ပြု ပြင်ပြောင်းလဲရန် ဆုံးဖြတ်ထားပြီး ပြုပြင်ပြောင်းလဲမှုသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ပြန် လည်အနိုင်ရရှိရေးအတွက်ဖြစ် ကြောင်း ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခင်ရီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း  ထုတ်ဖော်ပြောကြားထားသည်။

  ရွေးကောက်ပွဲအနိုင် ပြန် လည်ရရှိရေးကို   ဦးတည်သည့် ပါတီ၏ပြုပြင်ပြောင်းလဲရေးသည် မူဝါဒများထက် ပါတီတွင် ပါဝင် သူများကိုသာ အဓိကထားပြုပြင် မည်ဟု ဦးခင်ရီက ဆိုသည်။

‘‘မူကို ပြင်မလား၊ လူကိုပြင် မလားစဉ်းစားတယ်။ မူကတော့ အားလုံးသိကြတဲ့အတိုင်း ပြင်စ ရာလောလောဆယ် မလိုဘူး။ ပါတီဝင်တွေတင်မကဘူး။ တိုင်း သူပြည်သားတွေကိုပါ လိုက်နာဖို့ သင့်တဲ့မူတွေဖြစ်တယ်။ လူက တော့ ပြင်ဖို့လိုတယ်’’ဟု ဦးခင်ရီ က ပြောသည်။

လူကို အဓိကထားပြုပြင် မည့် ပြည်ခိုင်ဖြိုးပါတီသည်၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ရှုံးနိမ့်ခဲ့သည်။ ရွေးကောက်ပွဲမကျင်းပမီ နှစ်လအလိုတွင် ပြည်ခိုင်ဖြိုးသည် ပါတီတွင်း အကွဲအပြဲဇာတ်လမ်းဖြစ်ပေါ်ခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့် ကာလရှည်ကြာပုဂ္ဂိုလ်ရေး အားပြိုင်မှုများရှိသူ သူရဦးရွှေမန်းသည်ပါတီရာထူးမှ ဖယ်ရှားခံခဲ့ရကာ ၎င်းနှင့် နီးစပ်သော ပါတီဗဟိုအလုပ်အမှုဆောင်အချို့ အပါအ၀င် ပါတီဝင်အချို့လည်း ပါဝင်ခဲ့သည်။

သူရဦးရွှေမန်းအပါအ၀င် ပါတီဝင်အချို့ကို ရာထူးမှ ဖယ် ရှားပြီးနောက် ပါတီ၏ဗဟိုအလုပ် အမှုဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ရာ၌ သမ္မတဦးသိန်းစိန်နှင့် ရင်းနှီးသောသူများ ပါဝင်လာခဲ့သည်။ အဆိုပါ ပါတီတွင်းအကွဲအပြဲဇာတ်လမ်းသည် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကြိုးပမ်းမှုအပေါ် ရိုက်ခတ်မှုတစ်စုံတစ်ရာရှိခဲ့ပြီး ပြောင်းလဲမှုကို လိုလားသော ပြည်သူများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ရွေးချယ်ရန် ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေသည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ပြည်တွင်း၊ ပြည်ပ ထောက် ခံမှုများရှိသော ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့ သော ရွေးကောက်ပွဲတွင် ပါတီကို ထောက်ခံ  ခုနစ်သန်းခန့်ရရှိမှု သည် ပြည်ခိုင်ဖြိုးပါတီကို ပြုပြင် ပြောင်းလဲရန်  အားတစ်ရပ်ဖြစ် လာစေသည်။

‘‘၂၀၁၅ အထွေထွေရွေး ကောက်ပွဲမှာ ကျွန်တော်တို့က မဲ ခုနစ်သန်းလောက်ရတယ်။ ဘာပဲ ပြောပြော ထောက်ခံတဲ့သူတွေရှိ တယ်။ ပါတီဟာ ဆက်လက်ရှင် သန်ဖို့လိုတယ်’’ဟု  ပြည်ခိုင်ဖြိုး ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီ က ဆိုသည်။

ပြည်ခိုင်ဖြိုးကို ရွေးကောက်  ပွဲတွင် ထောက်ခံခဲ့သော မဲဆန္ဒ ရှင်များရှိ၍ ပါတီကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲရန် လုပ်ဆောင်မည့်အရေးကို သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ဦးဆောင်လာသည်။

သမ္မတတာဝန်ထမ်းဆောင် စဉ်က ဥပဒေအရ ပါတီလုပ်ငန်း များကို ဆောင်ရွက်ခွင့်မရခဲ့သော ဦးသိန်းစိန်သည် သမ္မတရာထူး သက်တမ်းစေ့ပြီးနောက် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌတာဝန်များကို ပြန် လည်ထမ်းဆောင်ကာ ပါတီပြု ပြင်ပြောင်းလဲရေးအတွက် တက် တက်ကြွကြွ ဆောင်ရွက်လာခဲ့ သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ပါတီဝင်များထံ သွားရောက် တွေ့ဆုံကာ ပါတီကို ပြည်သူလူ ထုနှစ်သက်သော ပါတီအဖြစ် ပြုပြင်ပြောင်းလဲရေးနှင့် ပါတီစဉ် ဆက်မပြတ်ရှင်သန်စေရန် မျိုး ဆက်သစ်လူကောင်းလူတော်များ ကို ထည့်သွင်းဖွဲ့စည်းကြရန်တိုက်တွန်းပြောကြားမှုများ ပြုလုပ်လာသည်။

လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ရည်ရွယ်သော ပါတီပြုပြင်ပြောင်းလဲရေး လုပ် ဆောင်ရန် ပြည်ခိုင်ဖြိုးသည် အ ချိန်လေးလတာ ယူခဲ့ပြီး ယင်း ကာလအတွင်း ပါတီကို ပြန်လည် ဖွဲ့စည်းရာတွင် ဒီမိုကရေစီနည်း ကျ ရွေးချယ်တင်မြှောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ပါတီဝင်အချို့ က 7Day News Journal အား ပြောထားသည်။

မေလမှစတင်ကာ ရပ်ကွက် အဆင့် ပါတီညီလာခံ အစည်းအ ဝေးများ၊ ဇွန်လတွင် မြို့နယ်အ ဆင့်၊ ဇူလိုင်တွင် ခရိုင်အဆင့်နှင့် ပြည်နယ်အဆင့်၊ တိုင်းဒေသကြီး အဆင့်များ ဆောင်ရွက်ခဲ့ပြီး သြဂုတ်တွင်  ပါတီဗဟိုညီလာခံကို ဆောင်ရွက်ရန် ပြည်ခိုင်ဖြိုးပါတီ က စီစဉ်နေသည်။

တပ်မတော်သားအရာရှိ ဟောင်းများဖြင့် ဖွဲ့စည်းထား သည်ဟု အထူးသဖြင့် ဝေဖန်ခံနေ ရသော ပြည်ခိုင်ဖြိုးသည် အ ပြောင်းအလဲတစ်ခုအနေဖြင့် ဗဟို ညီလာခံမကျင်းပမီအချိန်အထိ ကျင်းပပြီးစီးခဲ့သော အဆင့်ဆင့် သော ပါတီညီလာခံများတွင် ပါတီပြန်လည်ဖွဲ့စည်းရာ၌ အရပ် သားအများစုသာ ရွေးချယ်ခံနေရ သည့် သတင်းများကို ကြားနေရ ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီထံမှ သိရသည်။

ပြည်ခိုင်ဖြိုးပါတီသည် အ ရပ်သားနိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားသော ပါတီတစ်ခုမ ဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းမှလူများ ဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ် ကာ ဗိုလ်ချုပ်ကြီးများ အဓိက ပါ ၀င်နေသောကြောင့် စစ်တပ်၏ အုပ်ချုပ်မှုကို နှစ်ပေါင်းများစွာခံခဲ့ ရသည့် ပြည်သူများအတွက် ယင်း အချက်သည် ပါတီကို ထောက်ခံ မှုကျဆင်းရသည့်အချက်တစ်ခု ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဘရှိန်က ဆိုသည်။

‘‘သူတို့က ဗိုလ်ချုပ်ကြီးတွေ တည်ထောင်တဲ့ပါတီ ဗိုလ်ချုပ် ကြီးတွေကို တစ်နိုင်ငံလုံးက လူ တွေက စိတ်ထဲမှာ မျက်မုန်းကျိုး နေကြတယ်။ အဲဒီတော့ သူတို့ကို ထောက်ခံဖို့ဟာ တော်တော်လေး ကို ခက်ခဲပါတယ်’’ဟု ဦးဘရှိန်က ပြောသည်။

ပါတီပြုပြင်ပြောင်းလဲမှုတွင် မူကို မပြောင်းဘဲ လူကိုပြောင်း မည်ဟု ဆိုသော်လည်း အောက် ခြေပါတီအဆင့်၌သာ အနည်း ငယ်ပြောင်းလဲမှုရှိနိုင်ပြီး အဓိကျ သော ခေါင်းဆောင်ပိုင်းများ အ ပြောင်းအလဲဖြစ်လာနိုင်မည်ဟု မထင်ကြောင်း ပြီးခဲ့သည့် ပထမ အကြိမ်သက်တမ်းအတွင်း ပြည် ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စား လှယ်များနှင့်ရင်းနှီးသူ ဦးဘရှိန်က သုံးသပ်သည်။

သြဂုတ်တွင် ပါတီဌာနချုပ် ၌ ကျင်းပမည့် ဗဟိုညီလာခံသည် အောက်ခြေအဆင့် ပြောင်းလဲမှု များထက် များစွာအရေးပါပြီး ၂၀၁၅ သြဂုတ်အတွင်းက သူရ ဦးရွှေမန်းအပါအ၀င် ၎င်းနှင့် ရင်း နှီးသူ ပါတီဝင်အချို့အား ပါတီရာ ထူးမှ ဖယ်ရှားခဲ့သည် ကိစ္စအပေါ် သုံးသပ်မှုများကို ညီလာခံတွင် ပြု လုပ်ရန် ရှိ၊ မရှိကိုလည်း စိတ်ဝင် တစား စောင့်ကြည့်နေသူများရှိ သည်။

သူရဦးရွှေမန်းအပါအ၀င် ၎င်းနှင့်ရင်းနှီးသူ ပါတီဝင်အချို့ရာ ထူးမှ ဖယ်ရှားခံလိုက်ရသောဖြစ် စဉ်တွင် ပါဝင်သူ ဗဟိုအလုပ်အမှု ဆောင်ဟောင်း ဦးဇော်မြင့်ဖေက ၎င်းတို့ဖယ်ရှားခံရမှုသည် ပါတီ တွင်း ဒီမိုကရေစီအားနည်းမှုဖြစ် ပြီး ပါတီတွင်း ဒီမိုကရေစီအား နည်းသော ပါတီအနေဖြင့် ညီလာ ခံ၌ လူကို မည်မျှပြင်ဆင်ကာမူ ပါတီရှင်သန်ရပ်တည်ရန် ခက်ခဲ မည်ဟု ဆိုသည်။

‘‘မူမကောင်းရင်တော့ ဘယ် လိုလူတွေပြင်ပြင် ပါတီတွင်း ဒီမို ကရေစီကို မကျင့်သုံးရင် ရွှေမင်း သားလာလုပ်လည်း ပါတီတွင်း ဒီမိုကရေစီမရှိရင် ပါတီအသက် ရှည်ပါ့မလား’’ဟု ဦးဇော်မြင့်ဖေ က ၎င်း၏ သဘောထားကို ပြော သည်။

ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့် ရှိသူ ဦးခင်ရီကမူ ပါတီမှ ဖယ်ရှား မှုအပေါ် သတင်းမီဒီယာများ၏ မေးမြန်းမှုအား ‘‘ပါတီစည်းမျဉ်း စည်းကမ်းနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်လို့ တိုတိုတုတ်တုတ် ပြောပါရစေ’’ဟု ပြီးခဲ့သည့် ရက် ပိုင်းအတွင်းက ခပ်တိုတိုပင် ဖြေ ကြားခဲ့သည်။

ပါတီရာထူးမှ ဖယ်ရှားခံရသူ များတွင် ပါဝင်ခဲ့သူ ပါတီဗဟိုအ လုပ်အမှုဆောင်ဟောင်း ဦးဇော် မြင့်ဖေက ပါတီညီလာခံတစ်ရပ် ခေါ်ယူကာ အနားပေးလိုက်သည့် ဆုံးဖြတ်ချက်အပေါ် သုံးသပ်မှုပြု လုပ်ရန် လိုအပ်ကြောင်း 7 Day News Journal အား ပြောထား သည်။

ပြည်ခိုင်ဖြိုးပါတီကို တပ်မ တော်အစိုးရအကြီးအကဲ ဗိုလ်ချုပ် မှူးကြီး (ငြိမ်း) ဦးသန်းရွှေက လူမှု ရေးအသင်းအဖွဲ့အဖြစ် စတင် တည်ထောင်ပေးခဲ့ခြင်းဖြစ်ကာ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲလျှောက်ထားခဲ့ပြီး ယင်း ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။

သြဂုတ်တွင် ကျင်းပမည့် ဗဟိုညီလာခံသည် နိုင်ငံရေးပါတီ တည်ထောင်ပြီး ခြောက်နှစ်အ ကြာ၌ ပါတီပြုပြင်ပြောင်းလဲရေး အတွက် အရေးပါသော ဗဟို ညီ လာခံဖြစ်ကာ နိုင်ငံရေးပါတီများ ၏ လုပ်ထုံးလုပ်နည်းများအရ ညီ လာခံတွင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်းနှင့် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသော ရာထူးများကို ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းကို ပြု လုပ်လေ့ရှိသည်ဟု နိုင်ငံရေးသုံး သပ်သူများက ဆိုကြသည်။

လက်ရှိတွင် ပါတီဥက္ကဋ္ဌအ ဖြစ် သမ္မတဟောင်း ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်ဟောင်း ဦးဌေးဦး၊ အထွေ ထွေအတွင်းရေး မှူးအဖြစ် သမ္မတရုံးပြည်ထောင်စု ၀န်ကြီးဟောင်း ဦးတင်နိုင်သိန်းနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် အများစုမှာ ယခင်အစိုးရအဖွဲ့ဝင် များအဖြစ် တာဝန်ယူထားကြပြီး ညီလာခံတွင် ပါတီခေါင်းဆောင် ပိုင်း အပြောင်းအလဲရှိ၊ မရှိကို စိတ်ဝင်တစား စောင့်ကြည့်နေသူ များလည်း ရှိလာသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအ လုပ်အမှုဆောင် ပြည်ထောင်စုဝန် ကြီးဟောင်း ဦးအုန်းမြင့်ကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း က ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်း ရေးနှင့်ပတ်သက်သော အလုပ်ရုံ ဆွေးနွေးပွဲအကြောင်း တင်ထား ပြီး ယင်းအကြောင်းအရာအောက် ၌ သဘောထားမှတ်ချက် (com- ment) ရေးသားရာတွင် ‘‘၂၀၁၆ သြဂုတ်၌ ဒုတိယအကြိမ် ပါတီ ညီလာခံ ကျင်းပပါမယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် မျက်နှာစုံညီ အစည်းအဝေးတွေ ကျင်းပပြီးပါ ပြီ။ ပြုပြင်ပြောင်းလဲရန် ပြင်ဆင် ထားကြောင်း သိရှိရပါတယ်။ စောင့်ကြည့်သင့်ပါတယ်’’ဟု ပါရှိ သည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီ ပြုပြင်ပြောင်းလဲမှုသည် ကြီးမား သောအပြောင်းအလဲများကို မြင် တွေ့ရမည်မဟုတ်ဘဲ ပါတီခေါင်း ဆောင်ပိုင်းအများစု ဆက်လက်ရှိ နေဦးမည်ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ဆိုပါ သည်။

မည်သို့ပင်ဖြစ်စေ ပါတီတည် ထောင်ပြီး ခြောက်နှစ်အကြာ ရွေး ကောက်ပွဲရှုံးနိမ့်ပြီးနောက် ပါတီ ကို  ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည် ဆိုသော ပြည်ခိုင်ဖြိုးပါတီ၏ ဗဟို ညီလာခံသည် စိတ်ဝင်တစား စောင့်ကြည့်ရမည့်အနေအထား တွင်ရှိနေသည်။ ရန်မျိုးနိုင

credit##myanmar breaking news

No comments:

Post a Comment