အိပ်ငိုက်သည့်ပုံများကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်စေနိုင်သည့် ဓာတ်ပုံများမတင်ရန် မီဒီယာများအား မေတ္တာရပ်ခံ နေ့ရက်:Sep 3, 2016
၂၁ ရာစုပင်လုံညီ လာခံ ပထမအကြိမ်အစည်းအ ဝေးတွင် တက်ရောက်သူအချို့၏ အိပ်ငိုက်နေသည့်ပုံများ လူမှုကွန် ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့နေခြင်း နှင့်ပတ်သက်၍ ညီလာခံကျင်းပရေး ပူးတွဲကော်မတီက မီဒီယာ များအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်စေနိုင်၍ နောင်တွင် ယင်း ကဲ့သို့မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ သည်။ ပင်လုံအစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စား လှယ်အချို့ထိုင်ခုံတွင် ထိုင်ရင်း အိပ်ငိုက်နေသည့် ဓာတ်ပုံများကို ဖွင့်ပွဲနေ့ (သြဂုတ် ၃၁ ရက်) မွန်း လွဲပိုင်းက တိုင်းရင်းသားမီဒီယာတစ်ခုမှ လူမှုကွန်ရက် (ဖေ့စ်ဘွတ်ခ်)ပေါ်သို့ တင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဓာတ်ပုံများမှာ ဖေ့စ် ဘွတ်ခ်စာမျက်နှာထက်တွင် ပျံ့နှံ့ ပြီးနောက် ဝေဖန်မှုများထွက်ပေါ်ခဲ့ သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ပင်လုံညီလာခံအစည်းအဝေး တတိယနေ့အပြီး ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲတွင် ပူးတွဲ ကျင်းပရေးကော်မတီပြောရေးဆို ခွင့်ရှိသူများက မေတ္တာရပ်ခံခြင်း ဖြစ်သည်။ ‘‘ကြားထဲမှာ မနက်ပိုင်းပွဲပြီး တော့ ညနေပိုင်းမစနိုင်ခင် ရုတ် ရုတ်ရုတ်ရုတ်ဖြစ်နေတဲ့အချိန် အားလပ်နေတဲ့အချိန်မှာ မစနိုင်ဘဲနဲ့ ကျွန်တော်တို့ တစ်နာရီနီးပါးကြာ သွားတယ်။ အဲဒီလိုကြာသွားတဲ့အ ချိန်မှာ ခေါင်းဆောင်တွေက မော ပန်းစွာနဲ့နားရင်း အိပ်ငိုက်တာတို့၊ အိပ်ပျော်တာတို့ရှိတယ်။ အဲဒါကို ခင်ဗျားတို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်တယ်။ ဒါကို အမြန်ဆုံးဖျက် ပေးပါဆိုတာကို ကျွန်တော်တို့အ နေနဲ့ တောင်းဆိုတယ်။ အဲဒါမျိုး ကို နောက်ထပ်မလုပ်ဖို့ မေတ္တာ ရပ်ခံချင်တယ်’’ဟု ကျင်းပရေး ပူးတွဲကော်မတီဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောကြားသည်။ ‘‘ကျွန်တော်တို့တိုင်းပြည်မှာ အခုအင်မတန်မှ ကြီးမားတဲ့ဖြစ် စဉ်နှစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင် နေရပါတယ်။ အဲဒီဖြစ်စဉ်နံပါတ် (၁)က ဒီမိုကရေစီအသွင်ကူး ပြောင်းမှုဖြစ်စဉ်ဖြစ်တယ်။နံပါတ် (၂)က ငြိမ်းချမ်းရေးဖြစ်စဉ်ပဲဖြစ် ပါတယ်။ ဒီနှစ်ခုက ဆက်စပ်ပါ တယ်။ အဲဒီအထဲမှာ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ခင် ဗျားတို့၊ ကျွန်တော်တို့ အားလုံး လက်တွဲဆောင်ရွက်ဖို့ လိုပါ တယ်။ အဲဒီမှာ ခင်ဗျားတို့ မီဒီယာ တွေအခန်းကဏ္ဍက အင်မတန့် အင်မတန်မှ အရေးကြီးပါတယ်။ အထူးသဖြင့် ဒီမိုကရက်တိုက်ဇေး ရှင်းဖြစ်စဉ်မှာ မီဒီယာတွေမပါဘဲ နဲ့မအောင်မြင်နိုင်ပါဘူး။ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာလည်း ခင်ဗျားတို့ပံ့ပိုးကူညီမှုမရှိဘဲနဲ့ မအောင် မြင်နိုင်ပါဘူး’’ဟု ၎င်းက ဆက် လက်ပြောသည်။ ၂၁ ရာစုပင်လုံညီလာခံတွင် သဘာပတိ အဖွင့်အမှာစကား ပြောကြားသည့်အချိန်နှင့်အပိတ် အမှာစကားပြောကြားသည့်အ ချိန်များ၌သာ မီဒီယာများအား အ စည်းအဝေးခန်းမအတွင်း ၀င် ရောက်သတင်းယူခွင့်ပေးထား သည်။ အစုအဖွဲ့များက သဘော ထားအမြင်များ တင်ပြသည့်အချိန် တွင် နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့်အတွက်ဆိုကာ မီဒီယာများအား ၀င်ရောက်ခွင့်ပြုထားခြင်းမရှိပေ။ ‘‘ဒီညီလာခံထဲမှာ အဖွင့်နဲ့အ ပိတ်ကိုပဲ ခင်ဗျားတို့ကိုဝင်သတင်း ယူခွင့်ပေးတယ်။ ကြားထဲမှာ ကျွန် တော်တို့ ဆွေးနွေးတဲ့အခါ တစ် ခါတစ်ခါမှာ နိုင်ငံရေးကိစ္စဖြစ် တယ်။ နှစ်ပေါင်း ၆၀ ကျော် ပဋိ ပက္ခတွေ ဖြေရှင်းတဲ့ကိစ္စဖြစ်တယ်။ ဆိုတော့ အဲဒီလိုဟာမျိုးမှာ ကျွန် တော်တို့ ခေါင်းဆောင်တချို့က Emotionally ပြောတာရှိတယ်။ လူထုအနေနဲ့ မကိုက်တာရှိမယ်။ တစ်ဖက်အမြင်နဲ့ မကိုက်တာလည်း ရှိမယ်။ ဒါပေမဲ့ သူ့ခံစားချက်။ ဒါ ကို လွတ်လွတ်လပ်လပ် ဖော် ထုတ်ခွင့်ပေးရမှာဖြစ်ပါတယ်။ ဒါ ပေမဲ့ ဒီလိုဟာမျိုးကို လူထုထံ တိုက်ရိုက်တင်ပြဖို့ဆိုတာမျိုးက လိုအပ်တဲ့အခါ တင်ပြမယ်။ မလို အပ်သေးဘူးဆိုရင် တံခါးပိတ် ဆွေးနွေးမှာဖြစ်တယ်။ ဆိုတော့ ပထမနေ့တုန်းက ခင်ဗျားတို့က ကျွန်တော်တို့ကို တော်တော်လေး သိက္ခာချတယ်။ အဲဒါ ဘာလဲဆို တော့ ကျွန်တော်တို့ နံနက်ပိုင်းမှာ ဖွင့်ပွဲလုပ်တယ်။ အဲဒီဖွင့်ပွဲဟာ ကမ္ဘာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ထဲမှာ တကယ့်ကို ထိပ်တန်း ရောက်နိုင်တဲ့ ဒီတိုင်းပြည်မှာရှိတဲ့ ထိပ်ပိုင်းခေါင်းဆောင်အားလုံး တက်တယ်။ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် လာတက်ရောက်တဲ့ပွဲဖြစ်တယ်။ ဖွင့်ပွဲလုပ်ပြီးတော့ ညနေပိုင်းပြန် စကြဖို့ ကျွန်တော်တို့ ချက်ချင်းမစ နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ခေါင်းဆောင်တချို့ ပြန်သွားကြ လို့။ ဖွင့်ပွဲအခမ်းအနားပဲ တက်ပြီး တော့ ပြန်သွားတဲ့သူနဲ့ ရှုပ်ယှက် ခတ်ပြီးတော့ ကျွန်တော်တို့သတ် မှတ်တဲ့ ညနေပိုင်းအစီအစဉ်မစ နိုင်ဘူး။ ထိုင်ရင်းနဲ့ ခေါင်းဆောင် တော်တော်များများက မနေ့က ကျွန်တော်တို့ကို လာပြီးတောင်းဆို တယ်။ ဒီလိုတင်တဲ့အဖွဲ့တွေကို ဒီမှာသတင်းယူခွင့်မပေးဖို့၊ ဒီပရိ ၀ုဏ်ကနေ ထုတ်ပေးဖို့ နောက် တစ်ခါ ဒီလိုညီလာခံမှာ သတင်း ယူခွင့်မပေးဖို့အထိကို ကျွန်တော် တို့ဆီလာပြီး တင်ပြနေတဲ့လူတွေ ရှိတယ်။ စာနဲ့လာတင်တဲ့အဖွဲ့ တွေရှိတယ်’’ဟု ဒေါက်တာ ဆ လိုင်းလျန်မှုန်းဆာခေါင်းက ပြော သည်။ ‘‘ဆယ်မိနစ်စကားပြောဖို့အ တွက် နှစ်ပေါင်း ၆၀ စောင့်ရ တယ်။ သက္ကရာဇ်အနေနဲ့ ဒီလိုအ ခွင့်အရေးမျိုးကို နှစ်ပေါင်းများစွာ စောင့်နေရတယ်။ ဒီလိုအခွင့်အ ရေးမရလို့ တောထဲတောင်ထဲ၊ တိုက်ပွဲထဲမှာ ကျဆုံးနေတဲ့ အစိုး ရဘက်က တပ်မတော်သားဘယ် နှယောက်ရှိလဲ။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းထဲက ရဲဘော်ဘယ်နှ ယောက်သေခဲ့သလဲ။ ဒီလူတွေရဲ့ အသက်၊ ဒီလူတွေရဲ့သွေး၊ အဲဒါ ကို ကျွန်တော်တို့အနေနဲ့ လေးစား ဂုဏ်ပြုသင့်တယ်။ ငြိမ်းချမ်းရေး ရဲ့ အဖိုးအခအဖြစ် အားလုံးက လေးစားသင့်တယ်‘ဟု ၎င်းကဆက်ပြောသည်။ ပူးတွဲကျင်းပရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စိုင်းကျော် ညွန့်ကလည်း‘‘ခေါင်းဆောင်တွေ အိပ်ငိုက်နေတဲ့ပုံတွေကို Chin Land Post က တင်ထားတာပါ။ ဘာဖြစ်လဲဆိုတော့ ညီလာခံလုပ် နေတဲ့အချိန်မှာ ဒါက ဒေါက်တာ လျန်ပြောသလို ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့အနေနဲ့ အ ပြုသဘောဆောင်တဲ့ပုံစံတွေနဲ့ ပြည်သူတွေကို ချပြမယ်ဆိုရင် တော့ပိုကောင်းတယ်လို့ မြင် တယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာ ဖြစ်ပွားလာတဲ့ ပဋိပက္ခတွေဖြေ ရှင်းနေတဲ့အချိန်မှာ ပြဿနာတွေ လည်း အများကြီးရှိတယ်။ အ ဆင်မပြေတာတွေလည်းရှိမယ်။ ဒါတွေကို မီဒီယာကနေ ကိုယ့် နိုင်ငံကောင်းစားဖို့အတွက် နိုင်ငံ သားအသိစိတ်ဓာတ်နဲ့ အပြုသ ဘောဆောင်တဲ့ပုံစံမျိုးနဲ့ တင်ပြ စေချင်တယ်’’ဟု ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဓာတ်ပုံရိုက်ကူးခဲ့သည့် အချိန်ကို နားနေချိန်တွင် မဟုတ်သော် လည်း ညီလာခံကို ထိခိုက်စေလို သည့် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခဲ့ ခြင်းမဟုတ်ကြောင်း အဆိုပါမီဒီ ယာက သတင်းစာရှင်းလင်းပွဲ၌ ပူးတွဲကျင်းပရေး ကော်မတီထံ တောင်းပန်ခဲ့သည်။ ‘‘ကျွန်တော့်အမြင်ပေါ့။ အဲဒီ ဓာတ်ပုံကို ဖော်ပြတယ်ဆိုရင် လည်း ဓာတ်ပုံနဲ့ပတ်သက်ပြီး ကာ ယကံရှင်တွေကို သက်ဆိုင်တဲ့သူ တွေရဲ့ အသံပါသင့်တယ်။ မေး သင့်တယ်။ ဒီအတိုင်းဓာတ်ပုံမှာ Content ပျောက်နေတယ်။အမျိုး မျိုးတွေးစေနိုင်တယ်။ အခုခေတ် ကလည်း ဆိုရှယ်မီဒီယာက အမျိုး မျိုးရေးကြတာဆိုတော့ ဝေဖန်ခံရ တာပေါ့။ သူတို့ရဲ့ အသံပျောက် နေတာပေါ့။ ဘာကိုပြောချင်တာ လဲဆိုတော့ မက်ဆေ့ခ်ျလည်းပါလို့ ရတယ်။ တစ်ခါတလေ တစ်ကွက် လေးပဲပြပြီးတော့ ကျန်တဲ့ဟာ တွေကျတော့ ဥပမာ-သူတို့တွေ ဘယ်လိုအချိန်မှာ ဘယ်လိုဖြစ် တာလဲ။ လာရတဲ့ခရီးပင်ပန်းတာ ကြောင့် ဒီလိုဖြစ်တာလား။ သူတို့ ဘက်ကလည်း အသံထွက်ခွင့်ရှိ တာပေါ့။ အဲဒါမျိုးမမေးရင်တော့ Content ကို တမင်ချန်ထားခဲ့တဲ့ သဘောသက်ရောက်တယ်။ အား လုံးက ဒီလိုပဲဖြစ်နေကြသလားဆို တဲ့သဘောမျိုးတွေဖြစ်တယ်။ လူ က တစ်ထောင်ကျော်ရှိတယ်။ တစ်ယောက်နှစ်ယောက်ကိုပဲ ဖော် ပြတယ်ဆိုရင် အားလုံးကို ယေဘု ယျဆန်ဆန် ကောက်ချက်ချတဲ့ သဘောမျိုးဖြစ်သွားနိုင်ပါတယ်။ နောက်ခံအခြေအနေကို ပြောခွင့် ပေးသင့်တယ်။ အဲဒါမျိုး မက် ဆေ့ခ်ျ ပေးသင့်တယ်လို့လည်း မြင်ပါတယ်’’ဟု မြန်မာနိုင်ငံ စာ နယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့် ကျော်က မှတ်ချက်ပြုသည်။
No comments:
Post a Comment