Showing posts with label ရခိုင်. Show all posts
Showing posts with label ရခိုင်. Show all posts

Tuesday, September 6, 2016

ရခိုင်ပြည်သူများလက်မခံပါက ကိုဖီအာနန်မှ မဟုတ် သိကြားမင်းထံမှ အကြံယူလျှင်ပင် ရခိုင်ပြည်နယ် အေးချမ်းမည် မဟုတ်ဟုဆို

ရခိုင်ပြည်သူများလက်မခံပါက ကိုဖီအာနန်မှ မဟုတ် သိကြားမင်းထံမှ အကြံယူလျှင်ပင် ရခိုင်ပြည်နယ် အေးချမ်းမည် မဟုတ်ဟုဆို


Popular Myanmar / AsianFame /

ဓာတ်ပုံ – ကျော်ကျော်

နေပြည်တော်၊ စက်တင်ဘာ ၆

ရခိုင်ပြည်သူများ လက်မခံခဲ့ပါ က ကိုဖီအာနန်မှမဟုတ်၊ သိကြား မင်းအားဖိတ်ခေါ် အကြံယူလျှင် ပင် ရခိုင်ပြည်နယ်သည် အေးချမ်း   နိုင်မည် မဟုတ်ကြောင်း မိုင်းပျဉ်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်တွင် နိုင်ငံခြားသား ၃ ဦး ပါဝင်နေသည့်အပေါ် ပြည် တွင်းမှ တတ်သိ ပညာရှင်များဖြင့်   ပြန်လည်ဖွဲ့စည်းရန် ပြည်ထောင်စု အစိုးရသို့တိုက်တွန်းကြောင်း ရခိုင် ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၏ အဆိုကို ဆွေး နွေးစဉ် ဦးစိုင်းထွန်းစိန်က အထက် ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒ နယ်မှ ဦးလှစောကလည်း ”ကိုယ့် ပြည်တွင်းရေးပြဿနာပါ။ ပြည်တွင်း ပြည်ပ ဖြစ်တဲ့ပြဿနာ ဆိုတာက သူတို့က ဒီပြဿနာကို ဆွဲထည့် တာ။ ပြဿနာကြီးလုပ်ဖို့ ဆွဲတင် တာ။ အဲ့ဒီတော့ ဒီကော်မတီဖွဲ့လိုက် တာက သူခိုးကို ဓားရိုး ကမ်းသလို ဖြစ်သွားပြီ။ တကယ်တမ်းက ကျွန် တော်တို့ ပြည်သူတွေက ကျောချင်း ရင်ချင်းကပ်ပြီးတော့ ဖြေရှင်းရ မှာ”ဟု ဆွေးနွေး ခဲ့သည်။

ထိုအဆိုအား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ၃၄ ဦးက ဆွေးနွေးခဲ့ပြီး မတ်တတ်ရပ်မဲခွဲဆုံး ဖြတ်ရာတွင် ကန့်ကွက်မဲ ၂၅ဝ မဲ၊   ထောက်ခံမဲ  ၁၄၈ မဲနှင့် ကြားနေ ၁မဲရရှိခဲ့သဖြင့် ထိုအဆိုအား အ တည်မပြုကြောင်း ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာ ခဲ့သည်။

အောင်မြေသာဇံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ”အမှန်တကယ် စာနာသလား ကိုယ်ချင်းစာစိတ်ရှိ လား၊ မရှိဘူးလား။ ပြည်ထောင်စု စိတ်ဓာတ်မရှိဘူးလား၊ ရှိလားဆို တာ မကြာမီ လက်တွေ့ကျကျ လုပ်ပေးခြင်း အားဖြင့် မျက်ဝါးထင် ထင်မြင် တွေ့ရတော့မယ်ဆိုတာ ယုံကြည်ပါတယ်။

ဒါကြောင့်မို့လို့ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး အသိပေးလိုတာက တော့ ပြည်တွင်းရေးလို့ သတ်မှတ် မယ်ဆိုရင် ပြည်တွင်းမှာနေသူများ ရဲ့အရေးပါ။  ဒါကြောင့်မို့လို့ ဖြစ် နေတဲ့ လူ့အဖွဲ့အစည်းကို ကျွန် တော်တို့က နိုင်ငံသားအဖြစ်သတ် မှတ်ရတော့မယ်။ ဒီလိုမှမဟုတ် ဘူး နိုင်ငံခြားက တရားမဝင်ဝင်ရောက် တာဆိုရင် နိုင်ငံတကာအရေးလို့ ကျွန်တော်တို့ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ဒေသ ရေရှည်တည်တံ့နိုင်ရေး ဖွံ့ဖြိုးတိုး တက်ရေးတို့နဲ့အတူ ရခိုင်အကြံပေး ကော်မရှင်ကို ကြိုဆိုပါတယ်”ဟု ဆွေးနွေးခဲ့သည်။

ယခင်အစိုးရ အဆက်ဆက် လက်ထက်တွင် ဘင်္ဂါလီများကို အသုံးချ၍ အစိုးရဖွဲ့နိုင်ရေးဆောင် ရွက်ခဲ့ကြရာ သမိုင်းတရားခံအဖြစ် စွပ်စွဲ ပြစ်တင်မှုများရှိခဲ့ကြောင်း၊ လက်ရှိအစိုးရ အနေဖြင့် လူအခွင့် အရေးကိုရှေ့တန်းတင်ပြီး နိုင်ငံ ခြားသားများ ပါဝင်သည့် ကော်မ ရှင်ကိုဖွဲ့စည်းကာ ဘက်မလိုက်ဘဲ ရခိုင်ပြည်နယ်အရေးကို မှန်ကန်စွာ ရေးသား အစီရင်ခံနိုင်ခြင်း မရှိပါ က ယခင်အစိုးရများနည်းတူ သမိုင်းတရားခံ ဖြစ်သွားမည်ကို သုံးသပ်ရန် သတိပေးလိုကြောင်း တပ်မတော်သား ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ထွန်းသောင်းအုန်းက ဆွေးနွေးခဲ့ သည်။

”ရခိုင်ပြည်နယ် လုံခြုံရေး တည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေး တို့ကို တာဝန်ရှိသူများမှ မှန်ကန်မျှ တစွာ ချင့်ချိန်သုံးသပ်ပြီး တိုင်းရင်း သားများအရေးနှင့် လူ့အခွင့်အရေး မည်သည့်ဘက်ကို အလေးထား သင့်သည်ကို အမျိုးသားရေးအ သိဖြင့် မှန်ကန်စွာ စဉ်းစားဆောင် ရွက်ရန်လို အပ်ပါတယ်” ဟု ၄င်း ကပြောသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာချက်ကို နိုင်ငံတော်အ တိုင်ပင်ခံရုံးဝန်ကြီးဌာနက သြဂုတ် ၂၄ တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကော်မရှင်တွင် ကုလသမဂ္ဂအထွေ ထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဥက္ကဋ္ဌအဖြစ်ဆောင် ရွက် မည်ဖြစ်သည်။ ကော်မရှင်တွင် ပြည်တွင်းမှပုဂ္ဂိုလ် ၆ ဦးနှင့် ပြည်ပ မှ ၃ ဦး၊ ပေါင်း ၉ ဦးပါဝင်ပြီး မြန် မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး   ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်း နာယက ဒေါက်တာသာလှရွှေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး အကြံ ပေးဟောင်း ဂါဆန်ဆလမ်၊ ဗြိတိန် နိုင်ငံ ဆိုင်ရာနယ် သာလန်သံ အမတ်ကြီးဟောင်းနှင့် UNAIDS  မှအကြံပေးဟောင်း လက် တီတီရာ ဗန်ဒန်တို့ ပါဝင်သည်။

စိုင်းလမင်း

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသား မပါသင့်ကြောင်း အဆို လွှတ်တော်၌ မဲဖြင့် ရှုံးနိမ့်

ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသား မပါသင့်ကြောင်း အဆို လွှတ်တော်၌ မဲဖြင့် ရှုံးနိမ့်
Xinhua Myanmar - News / 2 hours ago

နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ပေါက်တော မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြည်သူ့ လွှတ်တော်သို့  ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက် တွင် တင်သွင်းခဲ့သည့် “ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်တွင် နိုင်ငံခြားသားများ ပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေး ပြသနာကို နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးရာ ရောက်စေသဖြင့် အဆိုပါ ကော်မရှင်ကို ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင် ဖွဲ့ စည်းသင့်ပါကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆို” ကို ယနေ့ ပြည်သူ့လွှတ်တော်၌ ဆွေးနွေး မဲခွဲ ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ အရေးကြီး အဆိုကို တပ်မတော်သား ကိုယ်စားလှယ်လေးဦး၊ ပြည်ခိုင်ဖြိုး ပါတီဝင် ငါးဦး၊ ရခိုင်ပါတီ (ANP) ဝင် လေးဦးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြရာ တပ်မတော်သား ကိုယ်စားလှယ်များက “ ပြည်တွင်းရေး ပြဿနာတွင် နိုင်ငံခြားသားများ ပါဝင် ပတ်သက်မှုကြောင့် မလိုလားအပ်သည့် ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်ကြောင်း၊  ကော်မရှင်ဖွဲ့ ခြင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြကာ လွှတ်တော်၏ အတည်ပြုချက် ရယူပြီးမှ ဆောင်ရွက်သင့်ကြောင်း၊ ယခင် အစိုးရ လက်ထက်တွင် တိုင်းရင်းသား မဟုတ်သူတို့ကို လွှတ်တော်အတွင်းသို့ ရောက်စေခဲ့သည့် အတွက် သမိုင်းတွင် အမည်းစက် ထင်ခဲ့ကြောင်း၊ ယခု အစိုးရကိုလည်း ထိုသို့ သမိုင်း တရားခံ မဖြစ်စေလိုသောကြောင့် ယခု အရေးကြီး အဆိုကို ထောက်ခံရခြင်း ဖြစ်ကြောင်း” တင်ပြ ဆွေးနွေးခဲ့ကြသည်။
ထို့ အတူ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များနှင့် ရခိုင်ပါတီ (ANP) ဝင် ကိုယ်စားလှယ်များက “ပြည်တွင်း၌ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်း ရှိနေပြီး တတ်သိ ပညာရှင် များစွာ လည်း ရှိနေပါလျက် နိုင်ငံခြားသားများ ပါဝင် ဖွဲ့ စည်းခြင်းမှာ မိမိတို့ ညံ့ဖျင်းရာ ကျနေကြောင်း၊ ပြည်တွင်းရေးကို ပြည်ပ ပြဿနာ အဖြစ် ပုံကြီး မချဲ့သင့်ကြောင်း၊ ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာက မပါဝင်သည့် အမျိုးသားရေး အဖြစ် ခံယူပြီး ပြည်တွင်းမှ ပညာရှင်များဖြင့်သာ ဆောင်ရွက်သင့်ကြောင်း” စသည့် အချက်များကို ဆွေးနွေး တင်ပြခဲ့ကြသည်။
ထို့ နောက် NLD ပါတီဝင်  ကိုယ်စားလှယ် ၂၁ ဦးတို့ က အဆိုကို ကန့်ကွက် ဆွေးနွေးခဲ့ကြရာ “ပြည်ပမှ နိုင်ငံခြားသားများ ရခိုင်ပြည်နယ်ထဲ ဝင်ရောက် နေထိုင်နေခြင်းကို ပြည်တွင်းရေး အဖြစ် သတ်မှတ်၍ မရနိုင်ကြောင်း၊ ထိုအရေးကို ပြည်တွင်း ပညာရှင်များဖြင့် သာ ဖြေရှင်းပါက ဘက်လိုက်မှု ကင်းရှင်းပါသည်ဟု နိုင်ငံတကာက လက်ခံမည် မဟုတ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာက အသိအမှတ်ပြုသည့် ၊ လေးစားသည့်၊ နိုင်ငံတကာတွင် ဂုဏ်သတင်း ကျော်ဇောသည့် နိုင်ငံခြားသားများ ပါဝင်စေခြင်းသည် မှန်ကန် သင့်လျော်ကြောင်း” စသည့် အချက်များကို တင်ပြပြီး ထို အရေးကြီး အဆိုကို ကန့် ကွက်ခဲ့ကြသည်။
ပြည်ထောင်စု အစိုးရ အဖွဲ့ ၏ သဘောထားကို လွှတ်တော်သို့ တင်ပြရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက “ ဒါဟာ အဆိုရှင် ပြောသလို မိမိနိုင်ငံရဲ့ ပြဿနာကို နိုင်ငံတကာ ပြဿနာ အဖြစ် ဖန်တီးတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးထားတဲ့ ကိစ္စတစ်ရပ်ကို နိုင်ငံတကာနဲ့  မြန်မာနိုင်ငံမှ ထင်ပေါ် ကျော်ကြားတဲ့  ရိုသေလေးစားတဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ အကြံပေး ကော်မရှင် ဖွဲ့စည်း ခြင်းဟာ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့  စီစဉ်ဆောင်ရွက်မှုပဲ ဖြစ်တဲ့ အတွက် ဒီအဆိုကို အတည်မပြုသင့်ပါဘူး” ဟု လွှတ်တော်တွင် ရှင်းပြခဲ့သည်။
ထို့နောက် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ထိုအရေးကြီး အဆိုကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးတို့ က ဆွေးနွေးခဲ့ကြအပြီး ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းဝင်က ပြန်လည် ဆွေးနွေး ရှင်းလင်းကာ ပြည်သူ့ လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၄၈ မဲ၊ ကန့်ကွက်မဲ ၂၅၀ မဲ၊ ကြားနေ တစ်မဲ ရရှိသဖြင့် ကန့် ကွက်မဲ အရေအတွက်က ပိုများသောကြောင့် ထိုအဆိုကို လွှတ်တော်က အတည် မပြုကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။   (Xinhua)