Measles ဝက်သက်ရောဂါလို့ခေါ်တယ်။ Rubeola လို့လည်းခေါ်တယ်။ Rubella ဆိုတာက ဂျာမန်ဝက်သက်။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ လူနာရဲ့ နှာခေါင်း-ပါးစပ်က ပိုးပါတဲ့အရည်ဟာ တခြားလူရဲ့ အသက်ရှူလမ်းကနေဝင်ပြီး ကူးစက်တယ်။ ပိုးဝင်ပြီး ၄-၁၂ ရက် အကြာ ရောဂါပေါ်တယ်။ လက္ခဏာတွေ စပေါ်တဲ့ရက်ကနေစပြီး အနီစက်တွေပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်တယ်။
လက္ခဏာတွေ -
ချောင်းဆိုး၊ ခေါင်းကိုက်၊ နှာရည်ယို၊ မျက်စိနာမယ်။ အစားပျက်မယ်၊ အနီရောင်အစက်တွေထွက်၊ ဦးခေါင်းပိုင်းကစထွက်၊ ယားတယ်။ တတိယနေ့မှာ ပေါ်လာတဲ့အနီစက်လေးတွေကို Koplik's spots လို့ခေါ်တယ်။ ပါးစပ်ထဲမှာလဲ ပေါက်တတ်တယ်။ နားနောက်နားမှာစတွက်တယ်။ ယားမယ်။ နီရာကနေညိုပြီး ၄-၈ ရက်အထိ ကြာနိုင်တယ်။ တိတိကျကျဆိုရင် ၄ ရက် ဖျားတယ်။ နူမိုးနီးယားနဲ့ နားကိုက်တာလဲ ဆက်ဖြစ်တတ်တယ်။ ဦးနှောက်ရောင်၊ မျက်ကြည်လွှာ ရောင်တာ ဖြစ်နိုင်တယ်။ ရှားပါတယ်။ အသက်ကြီးမှ ဝက်သက်ပေါက်ရင် ပိုဆိုးတယ်။
ကုသရန်
ပိုးသေမည့်ဆေး မရှိ။ လက္ခဏာများကိုသာကုပါ။ Acetaminophen (Paracetamol) ဆေးကိုသာပေးရတယ်။
Paracetamol ပါရာစီတမော
၂-၆ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကိုယ်ပူတာနဲ့ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊
• ၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
• ၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊
ယားတာသက်သာအောင် (အင်တီဟစ်တမင်း) ဆေးလဲ Chlorpheniramine (ဘာမီတွန်) eJY Cetrizine (စီထရဇင်း) ဆေးပေးနိုင်တယ်။ Calamine lotion ကိုလဲ လိမ်းပေးနိုင်တယ်။
Cetirizine
လူကြီး = တနေ့ 5 mg or 10 mg
၆-၁၁ နှစ်ကလေး = တနေ့ 5 mg or 10 mg
၆ လမှ ၁-၅ နှစ်ကလေး = တနေ့ 2.5 mg (½ teaspoon)
ချောင်းဆိုးတာအတွက် Fast-acting bronchodilator cough Syrup ချောင်းဆိုးပျောက်ဆေးရည် ပေးတယ်။ ဗီတာမင် (အေ) ကိုလဲ ပေးတာကောင်းတယ်လို့ဆိုနိုင်တယ်။
ဝက်သက်ရောဂါကာကွယ်ရန်
ဖြစ်နေတဲ့ကလေးကို သည်းခြားထားပါ၊ အခြားကလေးတွေကို ကူးစက်စေမယ်။ MMR vaccine (Measles, Mumps, Rubella) ကို (၁၈) လ အထက်ကလေးတွေကို ထိုးပေးတယ်။ ၄-၅ နှစ်အရွယ် ထပ်ထိုးပါ။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ ကာကွယ်ဆေးကို အသက် ၆ လ နဲ့ ၉ လတွေမှာ တခါစီထိုးတယ်။ MMR ကာကွယ်ဆေးကနေ Autism ခေါ်တဲ့ ကလေးရောဂါဆက်ဖြစ်သလား သံသယရှိတယ်။
ဒေါက်တာတင့်ဆွေ
No comments:
Post a Comment