Saturday, April 23, 2016

လိင်အင်္ဂါပြောင်းလဲခဲ့သော မိတ်ကပ်ပညာရှင် မထက်နှင့်တွေ့ဆုံခြင်း

လိင်အင်္ဂါပြောင်းလဲခဲ့သော မိတ်ကပ်ပညာရှင် မထက်နှင့်တွေ့ဆုံခြင်း

credit ##Myanmar Breaking News

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် Transexual အဖြစ် လိင်အင်္ဂါပြောင်းလဲခွဲစိတ်ကုသခဲ့ပြီး အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ကူးပြောင်းခဲ့သော မိတ်ကပ်အလှဖန်တီးရှင်မထက် (Pop -Soul) သည်ဧပြီ ၂၂ ရက်၌ မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိလာသည်။ မထက်၏အတွေ့အကြုံအချို့ကို 7Day စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါသည်။
ပထမဆုံးအနေနဲ့ မထက် ဘန်ကောက်မှာ လိင်အင်္ဂါခွဲစိတ် ကုသသွားရောက်ဖြစ်ခဲ့ပုံကို ပြော ပြပေးပါ။
မထက် အရင်ကတည်းက ဒီလိုခွဲ စိတ်ကုသဖို့ ရည်မှန်းချက်ရှိခဲ့ တယ်။ အဲဒါနဲ့ လွန်ခဲ့တဲ့ခြောက်လ၊ ခုနစ်လလောက်ကတည်းက ဟို မှာ ဘွတ်ကင်ကြိုလုပ်ခဲ့တယ်။ အခုဒီ လေးလပိုင်းမှာ အလုပ်တွေအကုန် လုံးနားပြီးတော့ သွားပြီးခွဲစိတ်ခဲ့ တာပါ။

ဘယ်ဆေးရုံမှာ တက်ရောက်ခွဲစိတ်ခဲ့ပြီးအချိန် ဘယ်လောက်ကြာခဲ့လဲ။

ဆေးရုံကတော့ Navamin 9 Hospital မှာပါ။ ၄ လပိုင်း ၅ ရက်မှာ စတက်ခဲ့တယ်။ တစ်ပတ် ပဲ ကြာပါတယ်။ ပြီးတော့ ဆေးရုံ ဆင်းပြီး ချုပ်ရိုးဖြေစရာ ဖြေပြီး ဟိုတယ်မှာပဲ ပြန်နေရတာပေါ့နော်။ အဲဒီမှာပဲ ဆရာဝန်က အခြေအ နေဘယ်လိုပြောင်းလဲမှုရှိလဲ မေး တယ်။ မရှိဘူးဆိုရင်တော့ ပြန်လို့ ရပြီ။ နေရင်စိတ်ချရတဲ့အနေအ ထားရှိပြီဆိုတော့ ပြန်လာတာ ပါ။ ၁၇ ရက်လောက်တော့ ကြာ ခဲ့တယ်။ နောက်လမှာတော့ ဆေး ရုံပြန်သွားပြပါမယ်။

ခွဲစိတ်ခဲ့ချိန်မှာ ဘယ်လိုအ ခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲ။

အခက်အခဲကတော့ မခွဲစိတ် ခင်ကို အကြိမ်ပေါင်းများစွာ ခဏ ခဏသွားပြီးတော့ စုံစမ်းမှုတွေ လုပ်ရတာ ခက်ခဲတာပါပဲ။ တကယ်တမ်း သူတို့နိုင်ငံမှာ ဒီဥစ္စာနဲ့ခွဲစိတ် မယ်လို့ အတိအကျရသွားပြီးတဲ့ အချိန်မှာတော့ သွားခွဲစိတ်ခဲ့တယ်။ ဒီလောက်ပါပဲ။ ပုံမှန်ပါပဲ။ ဘာမှ အခက်အခဲ မရှိပါဘူး။ အဓိကက တော့ နာကျင်တာပါပဲ။ နာကျင် တာကလည်း ဒီလိုပါပဲ။ ဆေးတွေ ဘာတွေသောက်တဲ့အခါကျတော့ သက်သာသွားပြီး ဆေးအရှိန်ပြယ် တဲ့အခါကျတော့ ပြန်နာပေါ့။ နာ တာတော့ အရမ်းနာတယ်။

မထက်ရဲ့ ပုံမှန်မိတ်ကပ်ဖန် တီးတဲ့ အလုပ်ကို ဘယ်အချိန် လောက်မှာ ပြန်လည်စတင်လုပ် ကိုင်ဖြစ်ပါမလဲ။

လောလောဆယ်တော့ အ လုပ်မလုပ်သေးဘူး။ နောက်လထဲ ကိုမှ လဆန်းပထမပတ်ကျော် ကျော်မှာ အလုပ်တွေ လက်ခံထား တယ်။ အလုပ်တော့ မလုပ်သေး ဘူး။ နောက်လကျမှပဲ လုပ်ဖြစ်ပါ မယ်။

လိင်ပြောင်းလဲခွဲစိတ်ပြီး လိုက်တဲ့အချိန်မှာ ဘယ်လိုခံစား မှုတွေ ဖြစ်ပေါ်ခဲ့ပါလဲ။

ခံစားမှုရယ်တော့ အဲဒီလောက် ကြီးတော့လည်း ထူးထူးခြားခြား မရှိပါဘူး။ အဓိကကတော့ အမြန် ဆုံးကျန်းမာချင်တယ်။ ပြီးရင်အ လုပ်တွေ ပုံမှန်အတိုင်းလုပ်မယ်။ လုပ်စရာရှိတဲ့ အလုပ်တစ်ခုမြန်မြန် ပြီးသွားတယ်လို့ပဲ သဘောထားပါ တယ်။

ဒီလိုပြောင်းလဲခွဲစိတ်ခဲ့ခြင်း က မထက်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်မလဲ။

အဓိကကတော့ အဲဒီဟာ တွက်ရည်ရွယ်ပြီး လုပ်ခဲ့တာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်လုပ်ချင် တဲ့ အရာတစ်ခုကို ဆုံးဖြတ်ထား တယ်။ ဘ၀မှာချထားတဲ့ Plan တွေအများကြီးပဲ။ အဲဒီလိုချထား တဲ့ ပလန်တွေအများကြီးထဲကမှ တစ်ခုအနေနဲ့ ကိုယ်လုပ်ချင်တဲ့အ ရာ မြန်မြန်ပြီးသွားချင်တယ်။ အဲဒီ အတွက်ကြောင့် ဒီဟာကိုသွားလုပ် ခဲ့တယ်။ ဒီဟာအပေါ်မှာ အလုပ်နဲ့ ပတ်သက်ပြီးတော့ ကောင်းကျိုး ဆိုးကျိုးရယ်တော့ မဆိုင်ဘူးနဲ့တူ ပါတယ်။ မထက်အဓိကက ဘာလုပ်ချင်လဲဆိုတာမှာ အခုကိုယ်လုပ်ချင်တာကို လုပ်နိုင်လာခဲ့ တယ်။ ဒီလောက်ပါပဲ။

ခွဲစိတ်ခန်း မ၀င်ခင်အထိ ဘယ်လိုမျိုးစဉ်းစားဆုံး ဖြတ်မှုတွေ ဖြစ်ပေါ်ခဲ့မိလဲ။

မထက်ကို အရင်ကတည်း က အမေကပြောဖူးတယ်။ နင်ခွဲ ရင်း သေသွားရင် ဘယ်လိုလုပ် မလဲ။ သူငယ်ချင်းတွေက ပြော တယ်။ အသက်တိုတယ်ပေါ့နော်။ ဒီလိုမျိုးဆိုတော့ ဘယ်လိုလုပ်မလဲ ပေါ့နော်။ နိုး.. ကိစ္စမရှိဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ မထက်တို့ လူ တစ်ယောက်အနေနဲ့ ဘယ်အချိန်ကာလမှာ သေမယ်ဆိုတာ ကြို မသိနိုင်ဘူးပေါ့။ အဲဒီအတွက် ကြောင့် အကြိမ်ကြိမ်တိုင်းမှာ လည်း သေသွားနိုင်တာပဲ။ အဲဒီအ တွက်ကြောင့် သေသွားမှာလားဆို တဲ့ စိုးရိမ်ပူပန်မှုမျိုးနဲ့တော့ အရာ ရာကို ထိုင်စောင့်နေမှာမဟုတ်ဘူး။ လုပ်စရာရှိတာကိုတော့ လုပ်နေ မှာပဲ။ တစ်ချိန်မှာသေချင်လည်း သေသွားမယ်။ မသေချင်လည်း မသေဘူးပေါ့နော်။ ဒါ့အတွက် ကြောင့် ဘာမှနှောင့်နှေးစရာ၊ ဆုံး ဖြတ်စရာမရှိဘူး။ လုပ်စရာရှိတာ ကို လုပ်သွားမယ်။ မြန်မြန်ပြီးသွား မယ်။ ကိုယ်ရည်မှန်းထားတဲ့လုပ် ချင်တာတွေကို တစ်ခုချင်းစီလုပ် သွားမယ်။

အခုပြောင်းလဲခွဲစိတ်မှုက အောင်မြင်ခဲ့ပြီဆိုတော့ နောက် ထပ်ဘယ်လိုပြောင်းလဲပစ်ချင်တဲ့ အစိတ်အပိုင်းတွေ ရှိပါသေးလဲ။

လောလောဆယ် ခွဲစိတ်မှုမျိုး မှာဆိုရင်တော့ ဒါကနောက်ဆုံးခွဲ စိတ်မှုပါပဲ။ နောက်ဆုံးနီးပါးပါပဲ။ သိပ်ပြီးတော့ ဖီလင်မရှိတော့ဘူး။ ဒါပြီးရင် တစ်ခုပြီးပြီဆိုတဲ့ စိတ်တစ်ခု    ၀န်ပေါ့သွားတယ်။   ဒါပြီးပြီ ဆိုတော့   လုပ်စရာတွေက   အ များကြီးပဲ။ အဲဒါတွေက လုပ်ငန်း ပိုင်းတွေလုပ်ချင်တဲ့အကြောင်းအ ရာပိုင်းတွေ အများကြီးရှိမယ်။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေအများကြီး ရှိ သေးတယ်။ ဒီလိုခွဲစိတ်မှုအပိုင်း မဟုတ်ဘဲနဲ့ တခြားလုပ်ချင်တဲ့ အပိုင်းတွေ ပရဟိတပိုင်းပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တဲ့ စီးပွားရေးဖြစ်ဖြစ် မျိုးစုံရှိတယ်။ အဲဒီလိုဟာမျိုး တွေအတွက်ပဲ နောက်ပိုင်းမှာ စိတ်ဆုံးဖြတ်တော့မယ်။ အာရုံထည့်ရ တော့မှာပေါ့နော်။

နောက်ဆုံးအနေနဲ့ မထက် ဆေးရုံတက်ခွဲစိတ်ကုသချိန်မှာစိုး ရိမ်ပူပန်ပေးနေကြတဲ့ မထက်ရဲ့ သူငယ်ချင်းတွေ၊ မိတ်ဆွေအ ပေါင်းအသင်းတွေနဲ့ ပရိသတ်တွေ ကို ဘာများပြောချင်ပါလဲ။

ဟုတ်ကဲ့ပါ။ တကူးတက ခင်ကြမင်ကြပြီးတော့ ချစ်ခင်ပေး တဲ့ ဖေ့စ်ဘွတ်ခ်က သူငယ်ချင်း တွေရော၊ Customer တွေရော အားလုံးကို ကျေးဇူးအများကြီးတင် ပါတယ်။ အကောင်းဆုံးရပ်တည် ရှင်သန်နေပါတယ်။ အခုကျန်းမာ ရေးအနေနဲ့လည်း အစစအရာရာ အဆင်ပြေပါတယ်။ လောလောလတ်လတ်တော့ နာနေသေးတယ်။ ကိုက်ခဲတာမျိုးတော့ ရှိပါသေးတယ်။ စိတ်ပူစရာတော့ မရှိပါဘူး။နောက်လမှာ ပြန်ပြီးစစ်ဆေးပြီးရင်တော့ ပုံမှန်အလုပ်တွေ လုပ်သွားမယ်။ လောလောဆယ်လည်း ကျန်းမာရေးလည်း အားလုံးကောင်းနေပါတယ်လို့၊ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ။

ဖြူဖွေးသန့်

No comments:

Post a Comment