ဧရာဝတီ-မြစ်ဆုံ မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ပါမောက္ခဦးမောင်မောင်အေးနှင့်တွေ့ဆုံခြင်း
ကချင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် ဧရာဝတီ- မြစ်ဆုံမြစ်ညာမြစ် ၀ှမ်းရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်ဆောင် ရွက်ရန် သင့်၊ မသင့်နှင့်စပ်လျဉ်း၍ လေ့လာစိစစ်သုံးသပ်တင်ပြနိုင်ရန် ဧရာဝတီ-မြစ် ဆုံ မြစ်ညာ မြစ်ဝှမ်းရေ အားလျှပ်စစ်စီ မံကိန်းများ လေ့လာစိစစ်သုံး သပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၂၀ဖြင့် ဖွဲ့စည်းလိုက် ကြောင်း သြဂုတ်လ ၁၂ရက်နေ့ က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးမှထုတ်ပြန်ခဲ့ သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြင်ပပညာရှင်အဖြစ်ပါဝင် သော Myanmar Environmental Institute နာယက ပါမောက္ခ ဦးမောင်မောင်အေး ကို ဒီမိုကရေစီတူဒေးသ တင်းစာက ဆက်သွယ်မေးမြန်းထား သည်များ ကို ဖော် ပြလိုက်ပါသည်။
+++++++++++++++++++++++++++++++++++++++++
မေး - သြဂုတ် ၁၂ရက်က လေ့လာစိစစ်သုံး သပ်ရေး ကော်မရှင်ဖွဲ့ စည်းတဲ့အထဲမှာ ဆရာပါတာကိုတွေ့ရပါ တယ်။ လေ့လာ စိစစ်သုံး သပ်ရေးကော်မရှင်အနေနဲ့ ဘာ တွေဆက်လုပ်မလဲဆိုတာကို သိချင်ပါတယ်။
ဖြေ - ဟုတ်ပါတယ်။ အဖွဲ့ဝင် ၂၀နဲ့ ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ မနေ့က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က ကော်မ တီဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မှာစရာရှိတာမှာတာပေါ့နော်။ မှာတဲ့ အခါမှာလည်း အထွေအထူးမှာတာမရှိပါဘူး။ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ ကော်မရှင် အဖွဲ့ဝင်တွေ တစ်ယောက် နဲ့တစ်ယောက် တွေ့ဆုံမိတ် ဆက်တဲ့သဘောပါပဲ။
မေး - ကော်မတီအနေနဲ့ ဘာတွေကိုစတင်လုပ်ဆောင်မလဲ။
ဖြေ - ကော်မတီအစည်းအဝေးတော့သြဂုတ် ၂၁ ရက် နေ့မှာ ပြန်ခေါ် ထားပါတယ်။ လုပ်ငန်းအစည်းအဝေးလုပ် ဖို့စီစဉ်ထားပါတယ်။ အဲ့ဒီကျမှပဲ အသေးစိတ်သိရမှာပါ။
မေး - အစီရင်ခံစာပထမမူကြမ်းကို နိုဝင်ဘာ ၁၁ ရက်မှာ နိုင်ငံတော်သမ္မတ ထံတင်ပြရမယ်ဆိုတော့ အချိန်မီပြီးနိုင်ပါ့ လားခင်ဗျ။
ဖြေ - နိုင်ငံတော်အစီအစဉ်နဲ့ လုပ်တာဆိုတော့လိုချင် တဲ့ စာရွက်စာ တမ်းတောင်း လို့ရတယ်။ ကျွမ်းကျင်သူကို ခေါ်တွေ့လို့ရတယ်။ ဒါကနိုင်ငံတော်ကော်မရှင်ရဲ့ လုပ် ပိုင်ခွင့်တွေပဲ။ နိုင်ငံတော်လုပ် ငန်းဖြစ်တဲ့အတွက်ကြောင့် ပြီးသွားမှာပါ။ ပထမအစီရင်ခံစာပဲဖြစ်သေးတဲ့အ တွက်ကြောင့် ဒုတိယ၊ တတိယလည်း ရှိနိုင်ပါတယ်။
မေး - မြစ်ဆုံနဲ့ပတ်သက်ပြီးစာချုပ်စာတမ်းတွေနဲ့ ပတ်သက်ပြီးတော့ရော လေ့လာမှုတွေလုပ်နေပြီလားခင်ဗျ။
ဖြေ - မြစ်ဆုံနဲ့ပတ်သက်ပြီး စာချုပ်တွေဘယ်လိုချုပ်ဆို ထားတယ်။ ဘယ်လိုကတိ က၀တ်တွေပြုထားလဲ၊ ဘာတွေ ရေးထားလဲဆိုတာကတော့ မသိရသေးပါဘူး။ ကော်မရှင် အဖွဲ့အနေနဲ့ သက်ဆိုင်ရာလူကြီးတွေ ဆီက တောင်းထား ဆဲဖြစ်ပါတယ်။ နောက်လာမယ့်အစည်းအဝေးမှာတော့ သိနိုင်မှာပါ။
မေး - မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူတွေက သဘောမတူဘူးပေါ့နော်။ မနေ့ကထုတ်ပြန်လိုက်တဲ့ အမိန့်ကြော်ငြာမှာလည်း ပြည်သူတွေ ရဲ့ဧရာဝတီမြစ်အပေါ် ခံစားချက်ကို ထည့်သွင်းရမယ်လို့ပါတဲ့အတွက်ကြောင့် ဒီအချက်နဲ့တောင်မြစ်ဆုံစီမံကိန်းကို ရပ်လို့မရနိုင်ဘူးလား။
ဖြေ - ကော်မရှင်ဖွဲ့စည်းတဲ့ အမိန့်ကြော်ငြာစာမှာလည်း ပါပြီးသားပါပဲ။ ဒေသ ခံပြည်သူများနှင့်လူမှုအဖွဲ့အစည်း များ၏ ဧရာဝတီမြစ်အပေါ် ရင်မှာခံစား အလေးထား သည့် ခံစားချက်တွေပါ ထည့်သွင်းစဉ်းစားရမယ်လို့ပြောထား ပြီးသားပါ။ ပြည်သူလူထုရဲ့ဆန္ဒသဘောထားတွေ၊ အမြင် တွေ၊ ရင်တွင်းခံစား ချက်တွေ၊ အားလုံးကိုထည့်စဉ်းစားရ မှာဖြစ်ပါ တယ်။ နောက်တစ်ပိုင်းက ဆရာတို့တစ်တွေက လည်း သိပ္ပံနည်းကျကျ ကမ္ဘာကလက်ခံထားတဲ့ သိပ္ပံနည်း ကျကျစူးစမ်းလေ့လာမှုတွေလည်း ပါလာမှာပါ။ စနစ်တ ကျနဲ့လေ့လာမှုအ ပိုင်းတွေလည်း ပါဝင်လာမှာပါ။ လေ့လာ တွေ့ ရှိချက်တွေအပေါ်မှာ မူ တည်ပြီးတော့ ဆောင်ရွက် တင်ပြမှာ ဖြစ်ပါတယ်။ မှန်ကန်စွာ၊ သမမျှတစွာ တိုင်း ပြည်နဲ့လူမျိုးအကျိုးစီးပွား ကိုအခြေခံပြီး လေ့လာစိစစ် သုံးသပ် တင်ပြကြမှာ ဖြစ်ပါတယ်။ ဒီကိစ္စအောင်မြင်လိမ့် မယ်လို့ထင်ပါတယ်။
ခံစားချက်တွေကိုလည်း ထည့်သွင်း စဉ်းစားမှာပဲလေ။ ဆိုလိုတာကတော့ သဘာဝပတ်ဝန်းကျင် အချက်အလက်တွေကိုလည်း လေ့လာမှာဖြစ်သလို လူမှု စီးပွားပတ်ဝန်းကျင်အခြေအနေကိုလည်း ထည့်သွင်းစဉ်း စားမှာဖြစ်ပါတယ်။ ဘက်ပေါင်းစုံက လေ့လာမှုတွေလုပ် ဆောင်သွားမှာပါ။ ကမ္ဘာကသတ် မှတ်ထားတဲ့စံမီ၊ ပေမီ ဒေါက်မီသုတေသနရေးထုံးတွေနဲ့ လုပ်ဆောင်မှာဖြစ်တဲ့ အတွက်ကြောင့် မှန်ကန်တဲ့အဖြေထွက်လာလိမ့်မယ်။ တစ် နည်း အားဖြင့် နိုင် ငံတော် အစိုးရကစီမံခန့်ခွဲဖို့ ရှေ့ဆက်ပြီး ဘယ်လို လုပ်ဆောင်ရ မယ်ဆိုတဲ့ အကြံကောင်းတွေကို ကော်မရှင်ကနေ အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ ထင် ပါတယ်။ ဒီအတိုင်းဆုံးဖြတ်ချက်ချ တာထက်စာရင် ခိုင်လုံ တဲ့ အချက်အလက်ပေါ့။ ခိုင်လုံတဲ့သက်သေ အထောက်အ ထားတွေအပေါ် အခြေခံပြီးတော့ ဘာသာရပ်မျိုးစုံမျိုးကွဲ ပညာရှင်တွေ၊ သုတေသီတွေလေ့ လာသုံးသပ်တင်ပြ ချက် တွေအပေါ်အခြေ ခံပြီးတော့ နိုင်ငံတော်အစိုးရက စဉ်းစား ဆုံးဖြတ်မယ်ဆိုရင် ပိုပြီးတော့သင့်လျော်တာပေါ့။
မေး - မြစ်ဆုံစီမံကိန်းကို ပြည်သူတွေကသဘောမတူ ဘူး။ ကော်မရှင်ဖွဲ့ စရာတောင်မလိုဘူးလို့ ပြင်ပမှာပြောနေ တာတွေရှိပါတယ်။ အဲ့ဒီအပေါ်မှာ ဆရာရဲ့အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ - ဟုတ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ဆက်ဆံတဲ့ အခါမှာ နိုင်ငံကြီး သားပီသအောင်၊ အစိုးရကောင်းတစ် ရပ်ပီသအောင် သက်သေပြချင်တဲ့ သဘောလို့ ထင်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်းကို ဒီအတိုင်းလွယ်လွယ်လေး နဲ့ရပ်လိုက် ဆိုတာထက်စာရင် အချက်အလက်ခိုင်ခိုင်မာမာနဲ့ ကမ္ဘာကို သက်သေပြနိုင်တော့ပိုကောင်းတာပေါ့။ ယနေ့အထိ အဲဒါ မျိုးလုပ်မှမလုပ်တာ။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့၊ ရှေ့မှာလုပ် သွားတဲ့ဟာတွေက အဲ့ဒီလိုမျိုးမှမလုပ် ခဲ့ တာ။ အခုအစိုးရ လက်ထက်မှ ဒီလိုအဖွဲ့မျိုးကို ဖွဲ့လုပ်တာပါ။ ရှေ့မှာကပွင့် လင်းမြင်သာမှုရှိခဲ့လို့လား၊ အရင်မြစ်ဆုံဆည်စီမံကိန်းလုပ်ဆောင်တုန်းက ဘယ်သူက ပြည်သူကိုချပြခဲ့သလဲ။ ကချင်ပြည်နယ်လူထုကို ချပြခဲ့သ လား၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ဒီစီမံကိန်းကြီး ဒီလိုလုပ်မယ်ဆိုတာချပြ ပြီးလုပ်ခဲ့သလား၊ သို့မဟုတ် သူတို့ဟာသူတို့ စိတ်ကြိုက် နဲ့ ထင်တိုင်းကြဲခဲ့တာ လားဆိုတာကတော့ သိတဲ့အတိုင်း ပါပဲ။ ဒီအရှုပ်အထွေးကြီးကို ရှင်းဖို့ဆိုတဲ့ အခါကျတော့ သိက္ခာရှိတဲ့ အစိုးရ၊ အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေတက် လာတယ်ဆိုတဲ့ အခါကျတော့က ဒါကပညာရပ်မျိုးစုံမျိုး ကွဲသုတေသီတွေ၊ ပညာရှင်တွေပါဝင်တဲ့ အဖွဲ့အစည်းမျိုးနဲ့ ဘက်မလိုက်တဲ့အဖွဲ့အစည်းမျိုးနဲ့ ဒီလိုလူတွေနဲ့ ပညာရှင် တွေနဲ့ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းပြီး၊ စုပေါင်း ပြီး စူးစမ်းလေ့လာမယ်။ သုံးသပ်ချက်တွေပေးလိုက်မယ်၊ ဆရာတို့ကော်မရှင် က ဘာမှဆုံးဖြတ်ချက်မချနိုင်ပါဘူး။ ကော်မရှင်က ဒီလိုဒီလိုတွေ့ပါ တယ်ဆိုပြီး တင်ပြလိုက်မှာပဲ။ တင်ပြချက်တွေကလည်း ဘက်လိုက်တဲ့တင်ပြချက်တွေ ဟုတ်မှာမဟုတ်ပါဘူး ။ လေ့လာချက်တွေက လည်း အများ ပြည်သူရဲ့ ဆန္ဒတွေနဲ့တစ်ထပ်တည်းဖြစ်ဖို့များပါတယ်။ သို့သော်လည်း ဒီအတိုင်းဗလာချီဘလိုင်းကြီးပြောနေတာနဲ့စာရင် သက်သေအခိုင်အမာနဲ့ ပြောတာမျိုးဖြစ်သွား တာပေါ့။
ဒါကိုမျှော်တွေးပြီးတော့ နိုင်ငံတော်အကြီးအကဲ တွေက ဆောင်ရွက်တယ်လို့မြင်ပါတယ်။ အားလုံးခြုံကြည့် ရင် မိသားစုစိတ်နဲ့ ကိုယ့်တိုင်းပြည်ရှေ့ကို ဘယ် လိုကောင်း အောင်လုပ်မလဲဆိုတာကို စဉ်းစားကြဖို့၊ စိတ်ရင်းစေ တနာကောင်း မှန်မှန်နဲ့ သေချာသိပ္ပံနည်းကျစူးစမ်းလေ့ လာပြီးတော့ ထောက် ခံချက်တွေ၊ အကြံပြုချက်တွေကို တင် ပြကြပေါ့။ တင်ပြတဲ့အခါမှာ အစိုးရက ဆုံးဖြတ်ချက်ချ ပေါ့။ ပိုပြီးခိုင်မာတာပေါ့။ ဒါတွေကြောင့် ဒီလိုဆုံးဖြတ် တယ်။ ဒါကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကတော့ ပိုပြီး ခိုင်မာတာပေါ့။
မေး - မြစ်ဆုံစီမံကိန်းက မြန်မာ-တရုတ်ဆက်ဆံရေးမှာ ဘယ်လောက်ထိ အရေးပါမှုရှိတယ်လို့ မြင်ပါလဲခင်ဗျ။
ဖြေ - မြစ်ဆုံစီမံကိန်းက မြန်မာတစ်နိုင်ငံတည်း၊ အိမ်နီး ချင်းနိုင်ငံ၊ ဒါနဲ့တင် ဆိုင်တာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံး နဲ့ဆိုင်တဲ့ကိစ္စတွေ၊ ဒီကိစ္စအပေါ်မူ တည်ပြီးတော့ နိုင်ငံ ခြားရင်းနှီးမြုပ်နှံမှုတွေ၊ အခြားသောကမ္ဘာ့နိုင်ငံ အသီးသီးက မြန်မာနိုင်ငံကို ၀င်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေရှိပါတယ်။ ဒါတွေကို စောင့်ကြည့်နေကြတာပါ။ အဲ့ဒါကြောင့် တို့တစ် တွေက အထက်တန်းကျကျနဲ့ သမမျှတစွာစူးစမ်းလေ့ လာတယ်။ ဆင်ခြင်သုံးသပ်တယ်။ သုံး သပ်ပြီးတော့ ဆုံး ဖြတ်ချက်တွေချတယ်ဆိုရင် ယုံကြည်ပြီးတော့ မြန်မာနိုင်ငံ နဲ့ ရွှေလမ်းငွေလမ်းဖောက်ချင်သူတွေ ပိုများလာနိုင်တာပေါ့။ မဟုတ်ရင်မယုံသင်္ကာတွေ ဖြစ်နေမှာပေါ့။ အဲ့ဒီတော့ ရှေ့ ကလုပ်သွားတဲ့ဟာကို နောက်ကလိုက်ဖြေနေရတာပါ။ တ ကယ်တော့ ဒါတွေက အစကတည်းက မလုပ်သင့်တဲ့ဟာ ဖြစ်ပါတယ်။
မေး - ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသေး သလဲ။
ဖြေ - အများပြည်သူလူထုအနေနဲ့ဆန္ဒမစောဖို့နဲ့၊ ဝေ ဖန်သုံးသပ်ချက်တွေ မစောဖို့အရေးကြီးပါတယ်။ မိမိတို့ ယုံကြည်ပြီးတော့ တစ်နိုင်ငံ လုံး က တစ်ခဲနက်ရွေးချယ် တင်မြှောက်ထားတဲ့အစိုးရနဲ့ ထိုအစိုးရ ကို ခေါင်းဆောင် နေတဲ့ ပုဂ္ဂိုလ်တို့ ဆောင်ရွက်နေ တဲ့လုပ်ငန်းတွေဟာ အ မြော်အမြင်ရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်း တွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ပညာရေချိန်မြင့်မြင့် နဲ့ စောင့် ကြည့်ပြီး တတ်နိုင်သလောက် ပညာရေချိန်မြင့်မြင့်နဲ့ လိုက်ပါဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ ဟိုပြော ဒီ ပြော၊ ဟိုတွေး၊ ဒီတွေး၊ ဟိုဝေဖန်၊ ဒီဝေဖန်လုပ်နေတာနဲ့ စာရင်အပြု သဘောနဲ့ဘယ်လိုပူးပေါင်းပြီး ပါဝင်ဆောင် ရွက်ပြီးတော့ သက်သေပြမလဲဆို တာကို စဉ်းစားဖို့လိုပါ တယ်။ မလုပ်သင့်မကိုင်သင့် ရင်လည်း ဒါကြောင့်၊ ဒါ ကြောင့်ဆိုပြီး ၀ိုင်းကူညီကြပါ။ ၀ိုင်းပံ့ပိုးကြပါ။ ဒါက ပိုပြီးအကျိုးရှိတာပေါ့။ စနစ်တကျအလုပ်လုပ်ကြရမှာ ပေါ့။ခိုင်ခိုင်မာမာနဲ့ တို့က သက်သေပြကြရမှာပါ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment