တိုင်းရင်းသားခေါင်းဆောင်အချို့ရဲ့ နာမည်ရှေ့မှာ ရာထူးမဖော်ပြခဲ့တာ ဘာကြောင့်လဲ..
နေပြည်တော် ၊ သြဂုတ် ၃၁
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပြုလုပ်ခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ရာထူးကို နာမည်ကဒ်ပြားမှာ ဖော်ပြခြင်းမရှိခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦးက ဒါဟာ တည်ဆဲဥပဒေတွေ အရ လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ဒီကနေ့ ပြုလုပ်တဲ့ ၂၁ ပင်လုံသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့မေးမြန်းမှု အပေါ် သူက အခုလိုပြောဆိုလိုက်တာပါ။
“စစ်ဘက်အခေါ်အဝေါ် သုံးစွဲရေးဥပဒေဆိုတာရှိပါတယ်။ ဒါဟာ လက်ရှိ တည်မြဲနေတဲ့ဥပဒေပါ” လို့ သူကရှင်းလင်းပြောကြားသွားပါတယ်။ခုလိုမျိုး ရာထူး သတ်မှတ်ချက် မထည့်သုံး ရခြင်းအပေါ်ကို လည်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ဘက်နဲ့ သဘောတူ ညီမှုရယူပြီး လုပ်ခဲ့ တာလို့လည်းသူကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပြုလုပ်တဲ့ အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ KIA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ အမည်ကို ဂွမ်မော်(DPN) လို့ပဲ ဖော်ပြခဲ့ပြီး ရှမ်းပြည် တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်စိုင်းထူးရဲ့ အမည်ကိုလည်း စိုင်းထူး(DPN) လို့ပဲဖော်ပြခဲ့ ပါတယ်။ဒီလုပ် ရပ်နဲ့ ပတ်သတ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှု တွေ များစွာဖြစ်ပေါ်ခဲ့ပါတယ်။
credit## popularmyanmar
No comments:
Post a Comment