Thursday, September 8, 2016

အခွန်ဆောင်ချင် စိတ်ရှိလာအောင်လည်း အခွန် ကောက်ခံတဲ့ သူတွေ အနေ နဲ့ ပွင့် လင်းမြင်သာမှု ရှိရှိ ချပြသင့် ပါတယ် ပြေတီဦး

အခွန်ဆောင်ချင် စိတ်ရှိလာအောင်လည်း အခွန် ကောက်ခံတဲ့ သူတွေ အနေ နဲ့ ပွင့် လင်းမြင်သာမှု ရှိရှိ ချပြသင့် ပါတယ် ပြေတီဦး


ရုပ်ရှင် လောကသားတွေ ထဲမှာ အခွန် အများဆုံး ပေးဆောင်ထားတဲ့ အနုပညာရှင် ကတော့ ပြေတီဦး ဖြစ်ပြီး နေထူးနိုင်၊ ဂွမ်းပုံကြီး၊ အရိုင်း၊ ကုသိုလ် တို့ဟာ ဆိုရင်လည်း အခွန် အမြဲတမ်းထမ်းနေတဲ့ အခွန်ထမ်း ဝန်ထမ်းတွေ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂ဝ ရက်နေ့ က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်ဖိုရမ် ဒုတိယနေ့ ဆွေးနွေးမှုမှာ ပြည်တွင်း အခွန်များ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထင်လင်းကျော် က အရိပ်အမြွက် ပြောဆိုခဲ့ပါတယ် ။ပြေတီဦးက နိုင်ငံသား တစ်ယောက် အနေနဲ့ အခွန်ဆောင် ရတာကို တာဝန် တစ်ခုလို့ ယုံကြည် မိပြီး နှစ် စဉ်နှစ်တိုင်း အမြဲမပြတ် အခွန်ဆောင်ဖြစ်တယ် လို့ ပြောပါ တယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြေတီဦးက…

“အခွန်ဆောင်တယ် ဆိုတာဆောင်သင့် ဆောင် ထိုက်တဲ့ ကိစ္စတစ်ခုပါ။ ဘယ်နိုင်ငံ မှာပဲဖြစ်ဖြစ် နိုင်ငံတိုင်း မှာ အခွန်ဆောင် ရတာ ပဲလေ။ အခွန် ထမ်းတဲ့ ပြည်သူတွေက အခွန် ထမ်းသလို အခွန်ကောက်ခံတဲ့ သူတွေကလည်း ကောက်ခံ ရရှိတဲ့ အခွန်တွေကို ဘယ်လိုပုံ၊ ဘယ်လို နည်းနဲ့ သုံးစွဲတယ်၊ အကျိုးရှိတဲ့ နေရာတွေမှာ ပြည်သူပြည်သားတွေ အတွက် ဘာတွေ ဘယ်လို ပြန်လုပ်ပေးတယ် ဆိုတာမျိုး ပွင့်လင်းမြင်သာ မှု ရှိဖို့လိုပါတယ်။ ဒါမျိုးတွေကို သေသေချာချာ ပွင့်လင်းမြင်သာမှု ရှိမှသာ အခွန်ထမ်းဆောင် တဲ့သူတွေ က ကြည် ကြည်ဖြူဖြူ ထမ်းဆောင်ချင် ကြမှာလေ။ ကျွန်တော်တို့တွေက အခွန်ဆောင် လိုက်ရတယ်။ ဒါပေမဲ့ ကိုယ်ဆောင်လိုက်တဲ့ ပိုက်ဆံတွေက ဘယ်ရောက်လို့ ရောက်မှန်း လည်း မသိဘူး။ ကိုယ်တွေ အတွက် ဘာမှ ပြန်လုပ်ပေးတာလည်း မရှိဘူး။ အဲဒီ လို စိတ်ထဲမှာ ထင်နေရင် အခွန် ဆောင်ချင်တဲ့ စိတ် သိပ်ဖြစ် လာမှာ မဟုတ်ဘူး။ ဒါ ကြောင့် ကျွန်တော်တို့ အခွန်ထမ်းပြည်သူ တွေ အနေနဲ့ အခွန်ဆောင် သင့်တယ်။ အခွန် ဆောင်ချင် စိတ်ရှိလာ အောင်လည်း အခွန် ကောက်ခံ တဲ့သူတွေ အနေ နဲ့ ပွင့်လင်းမြင် သာမှုရှိရှိ ချပြသင့် ပါတယ်” လို့ အခွန် ဆောင်ခြင်း နဲ့ ပတ် သက်ပြီး သူ့ရဲ့ အမြင်ကိုပြော ပါတယ်။

လတ်တလော မှာ ပြေတီဦးက ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ “ရိုက်စား” ရုပ်ရှင်ဇာတ်ကား ကို စိုးမြတ်သူဇာ၊ ခင်လှိုင်၊ ဗေလုဝ တို့နဲ့ အတူ ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားမှာ အင်္ဂလန် မင်းသမီး Libby Jennings နဲ့ သရုပ် ဆောင်ရမယ့် ဇာတ်ဝင်ခန်းတွေ ကို တော့ စက်တင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံ ပတ္တရား ကမ်းခြေမှာ သွား ရောက် ရိုက်ကူးမှာ ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ မှာ ပြန် လည် ရောက်ရှိမှာဖြစ် ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-မင်းမင်းထွန်း

No comments:

Post a Comment