Friday, March 17, 2017

ဦးကိုကိုကြီး နိုင်ငံရေးပါတီသစ်တစ်ရပ် ထူထောင်ခြင်း နှင့် ပါတီမူဝါဒ ပေါ်လစီများ















ဦးကိုကိုကြီးသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ခု ထူထောင်ဖို့ ကြိုတင်ပြင်ဆင်နေတဲ့သူတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ 


မေး     -         ပထမဦးဆုံးမေးခွန်းကတော့ ပါတီတခုထူထောင်ဖို့ဆိုတာဟာ လိုအပ်ချက်အရ ဖြစ်လာတာလား၊ ဒါမှမဟုတ် ကြိုတင်စဉ်းစားပြီးတော့ နှစ်ရှည်လများစဉ်းစားခဲ့တဲ့ Plan လားခင်ဗျာ။

ဖြေ      -         ကျွန်တော်တို့ပြန်ပြောရင်တော့လွန်ခဲ့တဲ့ နှစ် ၃၀ ပေါ့။ ၁၉၈၇-၈၈ နိုင်ငံရေးထဲပါလာတဲ့အချိန်၊ နောက် ကျွန်တော်တို့ တစ်ပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်ပြီးလို့ ပါတီစုံဒီမိုကရေစီပွင့်လာတဲ့ အချိန်မှာကတည်းက ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ်နဲ့ ထူထောင်ဖို့ဆိုတဲ့ စဉ်းစားချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒီအချိန်မှာ အားလုံးကျွန်တော်တို့ လူရင်းတွေအားလုံး ဆုံးဖြတ်ကြတာက ဒီမိုကရေစီအပြောင်းအလဲမှာ ပထမအဆင့်အနေနဲ့ကတော့ တို့က လက်ရှိရှိပြီးသား အားကောင်းပြီးသား နိုင်ငံရေးပါတီတွေ၊ လူထုထောက်ခံတဲ့ နိုင်ငံရေးပါတီအဖွဲ့အစည်းတွေကိုပဲ၊ ကျွန်တော်တို့အဓိက ပံ့ပိုးကူညီသွားမယ် ဆိုပြီးတော့ ရပ်တည်ခဲ့တာပေါ့။ အခုကတော့ ကျွန်တော်တို့ နိုင်ငံရေးလောကထဲဖြတ်သန်းလာတာ အနှစ် ၃၀ လောက်ရှိပြီ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ၅၀ ကျော်တန်းတွေ ဖြစ်လာတဲ့အခါကြတော့ ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံတွေ၊ ကျွန်တော်တို့ရဲ့ လေ့လာမှုဗဟုသုတတွေကို လက်တွေ့အကောင်အထည်ပေါ်အောင်လုပ်ဖို့ဆိုရင် နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ ဆောင်ရွက်မှဖြစ်မယ်လို့ ဆုံးဖြတ်ပြီးတော့ ဒီပါတီတစ်ရပ်ပေါ် ပေါက်ရေး တွေ့ဆုံဆွေးနွေးပွဲကို ပထမအဆင့်ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ခဲ့တာပါ။

မေး     -         ကျွန်တော်တို့က ပံ့ပိုးပေးခဲ့တယ်ဆိုတဲ့စကားကို ပြန်ကောက်ပြီးတော့ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဒီပါတီထူထောင်မယ့်ဆိုတဲ့ခါမှာ ဒီ NLD ပါတီကို အရင်တုန်းက ပံ့ပိုးပေးခဲ့တယ်၊ ပံ့ပိုးပေးတဲ့ နောက်ပိုင်းမှာ ဒီပါတီမှာဝင်ပြီးတော့ ကျွန်တော်တို့က နိုင်ငံရေးလုပ်လို့မရနိုင်တဲ့ အနေအထားလား၊ ဘယ်လိုဖြစ်လို့လဲ။

ဖြေ      -         တစ်ခုကတော့ ကျွန်တော်တို့က ဒီပါတီကို ပံ့ပိုးတယ်ဆိုတာထက်ကို ဒီမိုကရက်တိုင်ဇေးရှင်းပေါ့။ ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကို ပံ့ပိုးဖို့အတွက် ဘယ်ဟာက အထိရောက်ဆုံးဖြစ်မလဲ ဆိုတဲ့စဉ်းစားချက်နဲ့ ပံ့ပိုးခဲ့တယ်။ အဲ့တော့ ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာဆိုရင် ဒီမိုကရေစီအင်အားစုများကို ဝန်းရံသွားမယ်လို့ ကျွန်တော်တို့ဆုံးဖြတ်ချက် ကြေညာချက်ထုတ်ခဲ့တယ်။ ဒါ့ကြောင့်မို့လို့လည်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေကိုရော တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပေါ့၊ အောင်နိုင်ရေးအတွက်ကို ကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲ့တော့အခုချိန်မှာကတော့ ကျွန်တော်တို့သက်တူရွယ်တူတွေရော၊ ကျွန်တော်တို့မျိုးဆက်အသီးသီးပေါ့။ အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်တဲ့ နိုင်ငံရေးပါတီတခုဖြစ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျွန်တော်တို့ဆောင်ရွက်ခဲ့တာပါ။

မေး     -         အဲဒီတော့ ပါတီတစ်ခုတော့ မကြာခင်ဖြစ်လာမှာပေါ့နော်၊ ဒီအတိုက်အခံပါတီအဖြစ်အနေနဲ့ပဲ ရပ်တည်သွားမလား၊ ဘယ်လိုပုံစံမျိုးသွားမလဲ၊ ပါတီကြီး-၂ခုရှိတယ်ပေါ့နော်၊ ပါတီကြီး-၂ ခုကြားထဲမှာ ဘယ်လိုမျိုးမူဝါဒတွေနဲ့ ဆက်သွားဖို့ရှိလဲ။

ဖြေ      -         ဒီနေရာမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရေးလောကထဲမှာ အသုံးများတဲ့စကားလုံးတွေပေါ့။ ဒီအ တိုက်အခံပါတီတို့၊ တတိယအင်အားစုတို့ဆိုတဲ့ အသုံးအနှုံးတွေက ဒါကျွန်တော့် ယုံကြည်လက်ခံထားတဲ့ အယူအဆအရ ပြောရမယ်ဆိုရင် လူထုကြားထဲမှာ နားလည်မှုလွဲနေတယ်လို့မြင်တယ်။ အတိုက်အခံပါတီဆိုတာ သူကအာဏာရတဲ့ပါတီအစိုးရကို အတိုက်အခံလုပ်မယ်ဆိုတဲ့ သဘောမျိုးကြီးပဲသက်ရောက်နေတယ်။ တစ်ကယ့်တကယ် ပါတီစုံဒီမိုကရေစီစနစ်မှာ ပါတီတစ်ခုဟာ သူရဲ့လမ်းစဉ်မူဝါဒ ယုံကြည်ချက်တွေနဲ့ ရပ်တည်တာ၊ အဲ့တော့သူ့လမ်းစဉ် သူ့ယုံကြည်ချက်နဲ့တူရင် မဟာမိတ်ဖွဲ့တာတွေရှိမယ်၊ မတူရင်သူက ထောက်ပြတာ၊ ဝေဖန်တာတွေရှိမယ်။ နောက်တစ်ခုက ကျွန်တော်တို့က ပါတီထူထောင်ခြင်းရဲ့ ရည်ရွယ်ချက်ကိုက တစ်ကယ့်တကယ် ကိုယ့်ရဲ့မဲဆန္ဒရှင်ပြည်သူတွေ အတွက်လို့ ဦးတည်ချက်ထားမယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမယ့်အရာတွေဆိုရင် ကျွန်တော်တို့က ထောက်ခံမယ်၊ ပူးပေါင်းဆောင်ရွက်သွားမယ်၊ တချို့ဟာတွေမှာ ကျွန်တော်တို့အယူအဆနဲ့ကွဲလွဲတယ်၊ ဒီလိုလုပ်ရင်ပိုကောင်းမယ်ထင်တယ်ဆိုတဲ့ အယူအဆမျိုးရှိချင်လည်း  ကျွန်တော်ထောက်ပြတာ အကြံပြုတာမျိုးလုပ်သွားမယ်။ ဆိုတော့ဒါက နိုင်ငံရေးပါတီတစ်ရပ်ရဲ့သဘာဝ လုပ်ရိုးလုပ်စဉ်ပဲ။ ဒါ့ကြောင့်အတိုက်အခံဆိုတဲ့စကားလုံးက အနုတ်လက္ခဏာဆောင်နေတယ်။ သူကအစိုးရကို ဆန့်ကျင်မယ့်သဘောမျိုးဆောင်နေတာ၊ တကယ်က ပါတီစုံနိုင်ငံရေးက အဲ့ဒီသဘာဝမဟုတ်ဘူး။ တကယ့်ကို လူထုအကျိုးစီးပွားအတွက် ဖြစ်သင့်ဖြစ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တဲ့ဟာတွေကို ဝေဖန်တယ်၊ ထောက်ပြတယ်၊ အကြံဥာဏ်ပေးတယ်၊ ကောင်းတဲ့ဟာတွေမှာဆိုရင်လည်း ပူးပေါင်းဆောင်ရွက်တယ်၊ ထောက်ခံတယ်။ ဒီပုံစံမျိုးနဲ့ပဲ မူဝါဒကို အခြေခံပြီးတော့သွားသင့်တယ်။ ကျွန်တော်တို့အဲ့လိုသွားဖို့ ရည်ရွယ်ထားတယ်လို့ ကျွန်တော်တို့ပြောချင်ပါတယ်။

မေး     -         နိုင်ငံရေးပါတီတစ်ခု ထူထောင်ဖို့စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ ဒီအရင် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးအနေနဲ့ရော၊ ဒီပါတီမူဝါဒအနေနဲ့ ဘယ်လိုမျိုးစဉ်းစားထားတာရှိလဲ။

ဖြေ      -         ကျွန်တော်တို့က ၁၉၈၈၊ (၈) လေးလုံး အရေးတော်ပုံကြီးမှာ ကြွေးကျော်သံပေါ့။ ဒီမိုကရေစီရရှိရေး ဒို့အရေး ဆိုတာ ကြွေးကျော်သံအနေနဲ့က စကားလုံးလေးက နည်းနည်းလေးပဲ၊ ဒါပေမယ့် တကယ့်အနှစ်သာရက အင်မတန်ကျယ်ပြန့်တယ်။ ဒီမိုကရေစီရရှိရေးဆိုရင် ဒီမိုကရေစီဆိုတာက မဲဆန္ဒရှင်ပြည်သူများကသာလျှင် အထွဋ်အထိပ်ဖြစ်ရမယ်။ အဆုံးအဖြတ်ပေးရမယ်၊ သို့သော် Real Politic လို့ခေါ်တာပေါ့နော်။ လက်တွေ့နိုင်ငံရေး၊ ပကတိနိုင်ငံရေးအရက နိုင်ငံရေးနယ်ပယ်ထဲမှာ စစ်တပ်က ပါဝင်ပတ်သတ်လာခဲ့တာ။ ဝင်ပတ်သတ်လာခဲ့တယ် ဆိုတာထက်ကို ဦးဆောင်လာခဲ့တာက ကျွန်တော်တို့ ရာစုနှစ်တစ်ဝက် နီးပါးလောက်ကို ဖြစ်ခဲ့တော့ အဲ့ဒီအခြေအနေကြီးက ချက်ခြင်းကြီးတော့ ဖြေရှင်းလို့မရနိုင်ဘူး။ သို့သော်တဖြေးဖြေးချင်းနဲ့ ကျွန်တော်တို့ရဲ့ အန္တိမရည်ရွယ်ချက်က ပြည်သူတွေကစိုးမိုးတဲ့ ပြည်သူတွေက ကိုယ်စားပြုပြီးအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဖြစ်အောင် ကြိုးစားတဲ့အခါမှာ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ဆိုတာကို ကျွန်တော်တို့က အချိန်ကာလအပိုင်းအခြားအလိုက် ဒီအကန့်မှာ ဘယ်လောက်ရအောင် ကြိုးစားမလဲ၊ နောက်အကန့်မှာ ဘယ်လို ကြိုးစားမလဲဆိုတာမျိုးနဲ့ ဒီဟာကို Process တစ်ခုအဖြစ်ပေါ့။ ဖြစ်စဉ်တစ်ခုအဖြစ်နဲ့ ကျွန်တော်တို့ချဉ်းကပ်သွားမှာ ဖြစ်ပါတယ်။ အဲ့တော့ စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေးကို ပြောတဲ့အခါမှာ စစ်တပ်က ဘာကြောင့်နိုင်ငံရေးထဲမှာ ပါလာသလဲလို့ပြောရင် ဒါ ၆၂ အာဏာသိမ်းကတည်းက အကြောင်းပြတာက နိုင်ငံတော်ကြီးပြိုကွဲတော့မယ်။ လုံခြုံရေးအန္တရာယ် ဖြစ်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးထဲကို ပါလာတယ်။ ကျွန်တော်တို့ကလည်း တကယ်လို့ နိုင်ငံတော်အတွက်ကို တကယ့်ကို လုံခြုံရေးပြသာနာဖြစ်လာပြီဆိုရင် စိုးရိမ်ပူပန်ရမယ့် ဖြေရှင်းရမယ့်သူက စစ်တပ်တစ်ခုပဲ မဟုတ်ဘူး။ နိုင်ငံသားအားလုံးနဲ့ဆိုင်တယ်၊ အဲ့လိုမျိုးနိုင်ငံသားအားလုံးက လုံခြုံရေးကိစ္စတွေမှာ ပါဝင်ဆွေးနွေး ဆုံးဖြတ်နိုင်တဲ့ အဆင့်ကို ကျွန်တော်တို့ကသွားရမှာ၊ တဖက်ကစစ်တပ်ကလည်း လုံခြုံရေးလို့ပြောရင် နိုင်ငံတော်လုံခြုံရေးဆိုတာက စစ်ရေးအမြင်ကဲနေတယ်။ တကယ်က ကျွန်တော်တို့က Human Security လို့ ခေါ်တဲ့ လူသားလုံခြုံရေးရှု့ထောင့်ကို စစ်တပ်ကပြောင်းလဲပြီးတော့ သူ့ဘက်ကလည်း မြင်အောင်၊ ပြင်ဆင်လာအောင် ကျွန်တော်တို့က ကြိုးစားရမယ်။ ဒီနေရာမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို သွားတဲ့အခါမှာ စစ်ဘက်၊အရပ်ဘက် ဆက်ဆံရေး ပုံမှန်အခြေအနေရောက်ဖို့ ဘာကြောင့် ပုံမှန်အခြေအနေ မဖြစ်သလဲဆိုရင် လုံခြုံရေးအကြောင်းပြချက်ကြောင့်၊ လုံခြုံရေးအကြောင်းပြချက်ဆိုတာနဲ့ ပြည်တွင်းစစ်ကို ဦးတည်သွားတယ်။ ပြည်တွင်းစစ်ကို ချုပ်ငြိမ်းနိုင်ဖို့ဆိုတာက စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပုံမှန်ဖြစ်ဖို့နဲ့ တိုင်းရင်းသားတန်းတူညီမျှရေး၊ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနဲ့ ဒါက (၃)ပွင့်ဆိုင် ပြဿနာ ဖြစ်နေတယ်လို့ ကျွန်တော်တို့က မြင်တယ်။ ဒါကြောင့် ဒါကိုဟန်ချက်ညီအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်မှ စစ်ဘက် အရပ်ဘက်ဆက်ဆံရေးဟာလဲ ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်တို့ကနားလည်ပါတယ်။

မေး     -         နိုင်ငံရေး၊ ငြိမ်းချမ်းရေးလို့ပြောလို့ရှိရင် တိုင်းရင်းသားရေး မေ့ထားလို့မရဘူးပေါ့နော်။ နိုင်ငံရေးပါတီတခု ထူထောင်တဲ့အခါမှာ တိုင်းရင်းသားရေးကိုမေ့ထားသင့်တယ်လို့မထင်ပါဘူး။ တိုင်းရင်းသားရေးနဲ့ပတ်သက်ပြီးတော့ ဘာတွေများစဉ်းစားထားတာရှိပါသလဲ။

ဖြေ      -         နိုင်ငံရေးပါတီတစ်ရပ်ရဲ့ မူဝါဒအနေနဲ့ကတော့ ကျွန်တော်တို့ တရားဝင်ကြေညာပြီးတဲ့အခါမှပဲ ကျွန်တော်တို့ အသေးစိတ်ပြောလို့ရမယ်။ အဲ့တော့ ယေဘူယျ ကျွန်တော်တို့ပြောနိုင်တာတခုကတော့ တိုင်းရင်း သား အရေးပြဿနာဟာ ကျွန်တော်တို့အသက်ထက် ကြီးတယ်၊ နှစ်(၇၀)နီးပါးရှိတယ်။ ဒါကို တစ်ထိုင်တည်းနဲ့ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ထားလို့ မရဘူး။ သို့သော် ဖြေရှင်းဖို့အဆင့်တိုင်းမှာ ပိုမိုကောင်းမွန်တဲ့ တိုးတက်တဲ့ ဖြစ်ပေါ်ပြောင်းလဲမှုတွေ ဖြစ်ဖို့လိုတယ်။ နောက်ဆုံးကျွန်တော်တို့က ဒီရွေးကောက်ပွဲကာလကနေ နောက်ထပ်ရွေးကောက်ပွဲသက်တမ်းထဲကို သွားတဲ့အခါမှာ တက်လာတဲ့အစိုးရ၊ တာဝန်ယူမယ့်အစိုးရလက်ထဲကို အခုအခြေအနေထက် ပိုကောင်းတဲ့ရလဒ်တစ်ခု လွှဲပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရတယ်။ ကျွန်တော်တို့က လက်တွေ့ကျကျဖြေရှင်းတဲ့အခါမှာ လက်နက်ကိုင်ပဋိပက္ခဆိုပေမယ့် ဒါဟာ စစ်ရေးပြဿနာမဟုတ်ဘူး၊ နိုင်ငံရေးပြဿနာ၊ ဖွံ့ဖြိုးတိုးတက်ရေးပြဿနာ၊ နောက်တစ်ခါ သူတို့ တိုင်းရင်းသားတစ်ဦးစီရဲ့ အမှတ်အသားသရုပ်ပြဿနာ၊ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ ဖြေရှင်းနိုင်ဖို့အတွက်က စိတ်ရှည်လက်ရှည်နဲ့ ကြိုးစားရမယ်လို့ မြင်ပါတယ်။

မေး     -         နောက်တစ်ခုကျွန်တော်ထပ်မေးချင်တာက Public Policy လူတွေရဲ့ လူမှုဘဝတွေ ဖွံ့ဖြိုးဖို့။ ဥပမာ။ ဆိုကြပါစို့၊ လမ်းကိစ္စ၊ လျှပ်စစ်ကိစ္စ၊ အစရှိသည်အားဖြင့် ဘာတွေစဉ်းစားထားတာရှိပါသလဲ။

ဖြေ      -         နိုင်ငံရေးပါတီတစ်ခုအနေနဲ့ကတော့ သူရွေးကောက်ပွဲအနိုင်ရရင် အကြောင်းအရာတစ်ခုချင်းစီ၊ ကဏ္ဍတစ်ခုချင်းစီအလိုက် ဘာတွေလုပ်မယ်ဆိုတဲ့ မူဝါဒပိုင်းဆိုင်ရာစဉ်းစားချက်တွေ၊ နောက်တစ်ခါ မဲဆွယ်ကတိကဝတ်တွေလည်း ရှိပါတယ်။ တကယ်အကောင်အထည်ဖော်ခွင့်ရပြီး၊ လုပ်ပိုင်ခွင့်ရပြီဆိုတဲ့အခါကျတော့ အဲ့ဟာတွေကို ကိုယ့်ရဲ့ပေါ်လစီအကောင်အထည်ဖော်တော့မယ် အခါမှာ ကောင်းကျိုးဆိုးပြစ်ပေါ့၊ အဲ့ဒါတွေကို ပြည်သူတွေပါ ဝိုင်းဝန်းပြီးတော့ဆွေးနွေးနိုင်တဲ့ထိ ပေါ်လစီ Debate တွေပေါ့။  အဲ့ဒါမျိုးတွေကို တဖက်က ဖန်တီးပေးဖို့လိုတယ်၊ ဆိုလိုတာက သွယ်ဝိုက်ဒီမိုကရေစီပေါ့။ ကိုယ်စားပြုဒီမိုကရေစီအရကတော့ ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ ဆွေးနွေးကြတာရှိတယ်။ တချိန်တည်းမှာပဲ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များနဲ့ နောက်တခါ တကယ့်လက်တွေ့အကျိုးဆက်ကို ခံစားရမယ့်ပြည်သူတွေပါ ပါဝင်တဲ့ Policy Debate တွေပေါ့။ အဲ့ဒါတွေကိုလဲ ကျွန်တော်တို့က ဖန်တီးပေးဖို့ လိုတယ်။ အဲ့လိုကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပြီးတော့မှ အကြောင်းအရာတစ်ခုကို ကျွန်တော်တို့က ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို ဆုံးဖြတ်တာက ပိုပြီးပြည့်စုံတယ်။ နောက် မတူညီတဲ့အသံတွေ ရှု့ထောင့်တွေလဲ ပါဝင်ပြီးတော့ ကျွန်တော်တို့ စဉ်းစားဆုံးဖြတ်နိုင်တယ်လို့ မြင်ပါတယ်။

မေး။     ။ ကျွန်တော် တွေးမိသလောက်ပေါ့နော်။ ကျွန်တော်တို့ ပါတီကြီးတစ်ခုက မျိုးဆက်ပြတ်နေတယ်လို့ ဝေဖန်သံတွေ ပြီးခဲ့တဲ့နှစ်တွေတုန်းက ထွက်ခဲ့တယ်။ အဲတော့ ဦးကိုကိုကြီးတို့ ပါတီအနေနဲ့ရော   ဖြစ်လာမယ့် ပါတီပေါ့နော်။ ဒီ Institution တွေ ခိုင်မာဖို့အတွက် မူဝါဒတွေ ချမှတ်တာ ဒါမှ မဟုတ် စဉ်းစားထားတာ ဘယ်လို ဆက်လုပ်မယ်ဆိုတဲ့ ဟာမျိုးတွေ ခိုင်ခိုင်မာမာ ရှိပြီလား။

ဖြေ။    ကျွန်တော်တို့က နိုင်ငံရေးပါတီ ထူထောင်တော့မယ် ဆိုကတည်းက ရည်မှန်းချက်အနေနဲ့တော့ ဟို မြင့်မြင့်မားမား ထားတယ်။ ဘယ်လိုထားလဲ ဆိုတော့ ဥပမာအားဖြင့် ဖြစ်လာတဲ့ နိုင်ငံရေးပါတီမှာ မောင်ဖြူ မရှိလို့ ၊ မောင်နီ မရှိလို့ ဆိုတာမျိုး မဖြစ်ရလေအောင် နောက်လူငယ်တွေ ဆက်ခံတဲ့အခါမှာလည်း စည်းမျဉ်းစည်းကမ်းတွေ ၊ မူဝါဒတွေ အဲဒါတွေကို အခြေခံပြီးတော့ နောက်လိုအပ်သလိုလည်း ပြုပြင်ပြောင်းလဲနိုင်တဲ့ ဝိုင်းဝန်းဆွေးနွေးပြီးတော့ ပြင်ဆင်နိုင်တဲ့ အခြေနေမျိုး အဲဒီ Institution တစ်ခု ဖြစ်လာဖို့ ကျွန်တော်တို့ကတော့ ရည်ရွယ်တယ်။ ဆိုတော့ ဒါမှလည်းပဲ နောက်မျိုးဆက်တွေ လက်ကို ရောက်တဲ့ အခါမှာ သူတို့နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ ပုံစံကို သူတို့ကိုယ်တိုင် ဆွေးနွေးဆုံးဖြတ်နိုင်မယ်လို့ အဲလို မြင်ပါတယ်။

မေး။ နောက်တစ်ခုက ကျွန်တော် ဆက်စပ်ပြီးတော့ မေးပါရစေ။ ဒီ NLD ပါတီပေါ့နော် စပြီးတော့ ရွေးကောက်ပွဲဝင်တယ်လို့ ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးတော့ သူရဲ့အသံက ဘာလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မယ်ဆိုပြီးတော့ အန္တိမရည်မှန်းချက်နဲ့ လာပြီးတော့ သူက ရွေးကောက်ပွဲဝင်တယ်ပေါ့။ ဆိုတော့ ဦးကိုကိုကြီးတို့ရဲ့ ရည်မှန်းချက်က ဘာများ ဖြစ်မလဲ။

ဖြေ။ ဆိုတော့ အဓိကတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ ထူထောင်တော့မယ်ဆိုလို့ ရှိရင် ယေဘုယျ အကျဆုံး အခြေခံမူတစ်ခုအဖြစ်နဲ့ ကျွန်တော်တို့လက်ခံထားတာက ဒါပြည်သူလူထူရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့မူဝါဒများ အပေါ် အခြေခံသော နိုင်ငံရေးပါတီလို့ ကျွန်တော်တို့က ဒီလိုမျိုး သတ်မှတ်ထားတယ်။ အဲတော့ ပြည်သူလူထူ အကျိုးစီးပွားကို ရှေးရှုတယ်ဆိုတာက စကားလုံးအားဖြင့် ယေဘုယျ ဆန်တယ်ဆိုပေမယ့် ကဏ္ဍအသီးသီးမှာ အကျုံးဝင်တယ်။ ပညာရေးပေါ်လစီ သတ်မှတ်တော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင်လည်း ပြည်သူလူထူ အကျိုးစီးပွားကို ရှေးရှုရမယ်။ အလားတူပဲ ကျန်းမာရေး လမ်းတံတား အခြေခံ အဆောက်အဦ အခွန် အကောက် အစရှိသဖြင့် အဲဒီ ကဏ္ဍတိုင်း ၊ ကဏ္ဍတိုင်း ပတ်သက်ရင် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေ့ရှုဖို့ သူတို့ရဲ့ အသံတွေကိုပါ တတ်နိုင်သလောက် ကိုယ်စားပြုဖို့ အဲဒါကို ရှေ့ရှုပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

မေး။ သတင်းစာရှင်းလင်းပွဲမှာ ဦးကိုကိုကြီးလည်း ပြောခဲ့တာ ရှိပါတယ်။ ဒီ ပြည်သူလူမှုဘဝ ဖွံ့ဖြိုးဖို့ပေါ့နော်။ ကျွန်တော်တို့က ဒီ NLD ကတော့ ပြောတာပေါ့နော်။ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ရှိတယ်။ အဲတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှ သာလျှင် ကျွန်တော်တို့နိုင်ငံဟာ ပိုပြီးတော့ ပြည့်ဝတဲ့ ဒီမိုကရေစီ ဖြစ်မယ်လို့ ပြောတယ်။ ဒါပေမယ့် ဦးကိုကိုကြီးတို့ကတော့ အဲဒါကို နောက်ထားပြီးတော့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့ ပြည်သူ့လိုအပ်ချက် ဖြည့်ဆည်းဖို့ဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ တကယ့် တကယ်ရော ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာပြီလား။ အဲဒါကို ကျွန်တော်တို့ မေ့ထားလို့ ရပြီလား။

ဖြေ။ နိုင်ငံရေးမှာ အငြင်းပွားကြတဲ့ အယူဆ နှစ်ခုရှိတယ်။ တစ်ခုတော့ တန်ဖိုးတွေကို အဓိက ထားတဲ့ အယူဆပေါ့။ နောက်တစ်ခုကတော့ လက်တွေ့ကျတဲ့ နိုင်ငံရေး ဆုံးဖြတ်မှု ချဉ်းကပ်မှု ဆိုပြီးတော့ အဲဒါမျိုး အယူဆတွေ ရှိတယ်။ ဆိုတော့ အမှန်က ဒီနှစ်ခုက ဆန့်ကျင်ဘက် မဟုတ်ဘူး။ ကျွန်တော်တို့ အမြင်ကပေါ့နော်။ ဆိုတော့ ကျွန်တော်တို့ ဒီမိုကရေစီ ပန်းတိုင်ရောက်အောင် သွားဖို့ဆို ကျွန်တော်တို့ ယုံကြည်တဲ့ တန်ဖိုးတွေက လက်လွှတ်စရာ မလိုဘူး။ ဒါဟာ အခိုင်အမာ ဆုပ်ကိုင်ထားရမယ်။ သို့သော် အဲဒီတန်ဖိုးတွေကို ရောက်အောင်သွားတဲ့ နေရာမှာ ကာလ အကန့်၊ တစ်ကန့်စီအလိုက် လက်တွေ့ကျတဲ့ ဆုံးဖြတ်မှုတွေ ချဉ်းကပ်မှုတွေ ဖြစ်ဖို့လိုတယ်။ အဲတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြောရင် ကျွန်တော်တို့ ၊ ကျွန်တော်တို့ ၆၅ နှစ်နဲ့ ၆ လ ထောင်ကျခဲ့တာဟာ အဲဒီ ညောင်နှစ်ပင်ညီလာခံကို ဆန့်ကျင်တာက အဓိကပဲ။ လမ်းပေါ်တက် ဆန္ဒပြတယ်ဆိုတာက ဒါက လတ်တလော အကြောင်းပြချက်။ တကယ်က အဲဒီ တစ်လျှောက်လုံးမှာ ကျွန်တော်က တစ်ဖက်သတ်ရေးဆွဲတဲ့ ညီလာခံကို လက်မခံဘူးဆိုတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့က ထောင်ကျတာ။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ကျွန်တော်တို့ မကြိုက်တာ ပြင်ချင်တဲ့ အချက်တွေ အများကြီးပါတယ်။ အဲဒါတွေ ပြင်ဖို့အတွက်က  ဦးတည်ချက်တစ်ခုအနေနဲ့ သွားရမယ်။ အဲဒီ အတောတွင်းမှာပဲ ဥပမာအားဖြင့် လွှတ်တော်ထဲမှာ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ပြင်ဆင်နိုင်တဲ့ ပြဋ္ဌာန်းနိုင်တဲ့ အခွင့်အလမ်း ကျွန်တော်တို့မှာ ရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကလွဲပြီးတော့ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အဦ၊ ရင်းနှီးမြှုပ်နှံမှု ငွေကြေးစနစ်၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ အစရှိသဖြင့် ဒါတွေအားလုံးဟာ ၅၀ ရာခိုင်နှုန်း ကျော် ဆန္ဒမဲနဲ့ ပြင်နိုင်တယ်၊ ဖြစ်နိုင်တယ်၊ အသစ်ပြဋ္ဌာန်းနိုင်တယ်။ ဆိုတော့ အဲဒီ အခွင့်အလမ်းကိုလည်း မိမိရရ ကျင့်သုံးပြီးတော့ ပြည်သူလူထုနဲ့ နေ့စဉ်ဘဝနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကို ဒါတွေကိုကို ကျွန်တော်တို့က တစ်ဖက်ကနေ ဆောင်ရွက်သင့်တယ်။ အဲလို ဆောင်ရွက်ရင်းနဲ့ အခုနက ပြောတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်တဲ့အခါမှာ အတူပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်တွေ  ကျယ်လာတာနဲ့အမျှ ကွာဟမှုတွေကလည်း တစ်ဖြေဖြေးနဲ့ ကျလာမယ်လို့ ကျွန်တော်တို့ကတော့ မြင်တယ်။ ဒါကြောင့်မို့လို့ ဖွဲ့စည်းပုံ ပြင်ရေးဆိုတာ မဖြစ်မနေ လုပ်ကို လုပ်ရမယ်။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဟာ လက်ရှိဖွဲ့စည်းပုံထဲကနေပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်လို့ မရဘူး။ ဆိုတော့ အခြားကိစ္စတွေမှာလည်း ဖွဲ့စည်းပုံရဲ့ အကျပ်အတည်း အဟန့်အတားတွေ ရှိတယ်။ ဆိုတော့ အဲလို လုပ်တဲ့ အခါမှာ အခုနက ပြောတဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ လူထုရဲ့ နေ့စဉ်ဘဝကို ထင်ဟပ်တဲ့ ဆုံးဖြတ်ချက်တွေ ချဉ်းကပ်မှုတွေ ဖြစ်ဖို့ လိုတယ်လို့ အဲလို မြင်ပါတယ်။

မေး။ ဟုတ်ကဲ့ ကျွန်တော် ရှေ့နည်းနည်းလေး ဆက်သွားအုံးမယ်ခင်ဗျ။ ကျွန်တော်ကြားဖြတ်ရွေးကောက်ပွဲတော့ မမီတော့ဘူးပေါ့နော်။ ၂၀၂၀ ကို မှန်းပြီးတော့မှ  လုပ်တယ်ပေါ့။ သုံးနှစ်လိုသေးတယ်ပေါ့နော်။ ဒီကြားထဲမှာ ဘာတွေများ ပြင်ဆင်ထားမယ်။ ဒီပါတီ တစ်ရပ်အနေနဲ့ ဆိုကြပါစို့ ပါတီဝင်လက်ခံတာပဲ ဖြစ်ဖြစ်၊ ပါတီမူဝါဒတွေ ချပြတာပဲ ဖြစ်ဖြစ် ၂၀၂၀ အတွက် ကြိုပြင်တာပဲ ဖြစ်ဖြစ် ဘာတွေများ လုပ်ဖို့ ရှိအုံးမလဲ။

ဖြေ။ အခုကျွန်တော်တို့ အားလုံးကို ဖိတ်ခေါ်ထားတဲ့ ဟာက ပထမဦးဆုံး အဆင့်ပေါ့။ ပါတီမူဝါဒတွေ ပါတီဖွဲ့စည်းတည်ဆောက်ပုံတွေကို ဆုံးဖြတ်ကတည်းက အမြင်အသီးသီးကို စုစည်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့က အခုလာမယ့် မတ်လ ၃၀၊ ၃၁ မှာ တွေ့ဆုံဆွေးနွေးပွဲဆိုတာ ဖိတ်ခေါ်ထားတယ်။ အဲတော့ ပြည်တွင်းကရော၊  ပြည်ပကရော နယ်ဒေသတွေကပါ သူတို့ရဲ့ သဘောထားတွေကို စာနဲ့ဖြစ်စေ အီးမေးနဲ့ ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေပေါ့ ။ အဲလို ဆွေးနွေးပြီးတော့မှ ဒါပါတီအတွက် လိုအပ်တဲ့အခြေခံမူဝါဒတွေ ပါတီဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အဆိုပြုချက်တွေကို ကျွန်တော်တို့ ရရှိမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင် ပါတီတည်ဆောက်ရေး တကယ်ဖွဲ့စည်းဖို့အတွက် မူဝါဒတွေကို ပြဋ္ဌာန်းပြုစုတဲ့ အစုဖွဲ့တစ်ခု ပြောရရင်တော့ သဘောမျိုး စလာမယ်။ ပြီးတော့မှ ပါတီ မှတ်ပုံတင်ခြင်း၊ ရုံးခန်းဖွင့်ခြင်း၊ ပြီးတော့မှ ပါတီဝင်လက်ခံခြင်း၊ အစရှိသဖြင့် တစ်ဆင့်ခြင်းတစ်ဆင့် သွားပါမယ်။ အဲတော့ ပြောရရင်တော့ ၂၀၁၈ / ၂၀၁၉ ကတော့ နယ်ဒေသ အသီးသီးမှာပါ။ ပါတီ တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်သွားမှာပါ။

မေး။ ကျွန်တော်တို့ ဒီ ပြီးခဲ့တဲ့ အခြေနေတွေကို ပြန်ကြည့်မယ်ဆိုရင် SNLD နဲ့ NLD ဟာ မိတ်ဖက်ဆိုပြီးတော့ သူတို့ ပူးပေါင်းပြီးတော့ မဲဆွယ်ခဲ့တာ ရှိတယ်။ ပူးပေါင်းခဲ့တာ ရှိတယ်။ သမိုင်းအစဉ်အဆက်ကလည်း ဒါမျိုး ပူးပေါင်းခဲ့တာ ရှိတယ်။ အဲတော့ ဦးကိုကိုကြီးတို့ကလည်း ဒီ NLD နဲ့ အင်မတန်မှ နီးစပ်တဲ့ ပုဂ္ဂိုလ် ဖြစ်နေတော့ ဒီ အသစ်ထွက်လာမယ့် ဦးကိုကိုကြီးတို့ရဲ့ နိုင်ငံရေးပါတီပေါ့နော် NLD နဲ့ကြတော့ ဘယ်လို ဆက်ဆံရေး ဖြစ်နိုင်လဲ။

ဖြေ။ ကျွန်တော်တို့က ရေရှည် ဦးတည်ချက် တစ်ခုတည်းမှာ သွားခဲ့ကြတဲ့ အဖွဲ့စည်းတွေ လူပုဂ္ဂိုလ်တွေ အနေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းဖို့ မြှင့်တင်ဖို့ ကျွန်တော်တို့ မဟာမိတ်မူဝါဒနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒီလို စဉ်းစားထားပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာကြတော့ အရင်တုန်းက တစ်ဖက်စီ ဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်များ အင်အားစုများနဲ့ပါ ပြန်လည်သင့်မြတ်ရေးက ဒါဟာ နောက်ထပ် ပေါ်လစီ တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးပါတီ  တစ်ရပ်အနေနဲ့  မဟာမိတ် မူဝါဒ ရှိမယ်။ ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ မူဝါဒ ရှိမယ်။ အဲလိုမျိုး ကျွန်တော်တို့ အဆင့်ဆင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။


မေး - ဦးကိုကိုကြီးလည်း အကျဉ်းထောင်ထဲမှာ နှစ်တော်တော်ကြာနေခဲ့ရတာဆိုတော့ ဦးကိုကိုကြီးတို့ အကျဉ်းထောင်ထဲမှာ နေခဲ့တဲ့အချိန်မှာပဲ ဖုန်းတွေပေါ်လာတယ်။ လူငယ်တွေဆို တက်တူးထိုးလာတယ်။ အစရှိသဖြင့် တချို့တွေဆိုရင် အရင်တုန်းကတော့ ဦးကိုကိုကြီးတို့ ခေတ်က လက်ဘက်ရည်ဆိုင်ကို သွားထိုင်ကြတယ်ပေါ့နော်။ အခုဆိုရင် ဂိမ်းဆိုင်တွေသွားကြပြီ ဆိုတာမျိုး။ ဒါမျိုးပြောင်းလဲလာတယ် ဆိုတော့ ဒီ နည်းနည်းလေး လစ်ဟာနေတယ်လို့ ကျွန်တော်တော့ထင်တယ်။ အဲဒီတော့ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ ပါတီအနေနဲ့ စဉ်းစားထားတာ ဘာတွေများရှိနိုင်မလဲ။

ဖြေ - ကျွန်တော်တို့ ကိုယ်တိုင်လည်း (၈၈) မတိုင်ခင်ကထဲက အပြောင်းအလဲတွေ ကြုံခဲ့ရတာပဲ။ ကျွန်တော်တို့ (၈၈) အရေးတော်ပုံတုန်းကဆိုရင် ဂျင်းဘောင်းဘီ ဝတ်တာတို့၊ ရေဘင် မျက်မှန်တို့နဲ့ နိုင်ငံခြားစီးကရက်တို့ကအစ ပြောရရင်တော့ နည်းနည်းမျက်စိစပါးမွှေးစူးတဲ့ အဖြစ်မျိုး ဖြစ်ခဲ့တာပေါ့။ ဒီဟာက သဘာဝပဲလို့ ကျွန်တော်မြင်တယ်။ အထူးသဖြင့် Globalization မှာ ကူးလူးဆက်ဆံမှု များလာတာနဲ့အမျှ ဒီယဉ်ကျေးမှုဆိုင်ရာ ဝတ်စားဆင်ယင်မှုဆိုင်ရာတွေ ကျွန်တော်တို့ဆီကို ဝင်လာတာတွေ ရှိမှာပါ။ အဲဒီနေရာမှာ ကျွန်တော်တို့က ဘာတွေကို ထိန်းသိမ်းမလဲ၊ ဘာတွေကို ငြင်းပယ်မလဲဆိုတာက အဲဒါက အရေးကြီးတယ်လို့ထင်တယ်။ ဆိုတော့ မြန်မာလို့ ဖြစ်နေတာကိုယ်၌က ကိုယ့်ရဲ့သီးခြား အမှတ်အသားသရုပ်ရှိလို့ နိုင်ငံတကာ မိသားစုထဲမှာ မြန်မာဆိုတာ ဖြစ်နေတာ။ ကိုယ့်ရဲ့ အမှတ်အသားသရုပ်ကို ထိန်းသိမ်းဖို့ကိုတော့ လူငယ်တွေကို ကျွန်တော်တို့က တဖက်က ဆွေးနွေးဖို့ လိုမယ်။ နောက်တစ်ခုကတော့ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ နည်းပညာတို့၊ တခြား ကျွန်တော်တို့ အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေက အစ အဲဒါတွေကျတော့ ကျွန်တော်တို့က ကိုယ့်နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချဖို့ လိုတယ်။ အဲဒီတော့ ဝတ်စားဆင်ယင်မှုကိစ္စမှာကတော့ လျှပ်ပေါ်လော်လီတဲ့ သိပ်ပြီး ရုပ်ပျက်ဆင်းပျက်တဲ့ ကိစ္စမျိုးကလွဲလို့ ခေတ်အလိုက် ဖက်ရှင်တွေပြောင်းလာတာကတော့ ကျွန်တော်တို့ သဘာဝပဲရှိနေတာပဲ။ အဲဒီတော့ အထူးသဖြင့်ကတော့ လူငယ်တွေနဲ့ပတ်သက်လို့ သူတို့ ဘယ်လိုစဉ်းစားလဲ။ ဘာ ရုပ်ရှင်တွေကြည့်သလဲ၊ ဘာ စာအုပ်တွေ ဖတ်သလဲဆိုတာတွေကိုလည်း ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ မျက်ခြေမပြတ်ဖို့ လိုတယ်။ ကျွန်တော် ထောင်ထဲမှာ ဖတ်ခဲ့ရတဲ့ ဆောင်းပါးလေးတစ်ပုဒ်ဆိုရင် ကျွန်မဖိုးဖိုး ရင့်ဆက်ရာဗင် ဆိုပြီးတော့ ရင့်ဆက်ရာဗင်ရဲ့ မြေးမလေးက ရေးတဲ့ဟာ။ သူတို့ စနေ၊ တနင်္ဂနွေမှာ သူငယ်ချင်းတွေကို အဖိုးက တမင်တကာ အိမ်မှာ လာခေါ်ပြီးတော့ ဆော့ခိုင်းတယ်၊ ကစားခိုင်းတယ်။ ပြီးတော့ ဖိုးဖိုး ရင့်ဆက်ရာဗင်က သူ့ မြေးမလေးတွေ အသက်အရွယ်မှာ ဘာသီချင်းနားထောင်လဲ၊ ဘာရုပ်ရှင်ကြည့်သလဲ၊ ဘာစာအုပ်ကြိုက်သလဲ ဆိုတာတွေကို လေ့လာတယ်ဆိုတာတွေ အဲဒါလေးက သိပ်ချစ်ဖို့ ကောင်းတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က လူငယ်တွေနဲ့ ပတ်သက်ရင် နားလည်မှုရှိဖို့ဆိုတာက သူတို့ ဘာတွေနဲ့ ကြီးပြင်းနေသလဲ။ ဘာတွေဖတ်သလဲ၊ ဘာတွေနားထောင်သလဲ၊ ဘာတွေ ကြည့်သလဲ၊ ဘာတွေ တွေးသလဲ။ အဲဒါတွေကို ကျွန်တော်တို့ မျက်ခြေမပြတ်အောင် လုပ်ဖို့လိုမယ်လို့ ကျွန်တော် အဲလိုမြင်ပါတယ်။

မေး - ဒီဟာနဲ့ ဆက်စပ်ပြီးတော့ပေါ့။ ကျွန်တော်တို့ နိုင်ငံတစ်ခုလို့ ပြောလို့ရှိရင် မေ့ထားလို့မရတာက အမျိုးသမီးတွေပေါ့။ ဒီ Gender Issue နဲ့ ပတ်သက်ပြီးတော့ရော ဘာတွေများစဉ်းစားထားတာရှိလဲ။ ဒီ ပါတီမူဝါဒမှာ ချိတ်ဆက်ပြီးတော့ ပြောရမယ်ဆိုရင် ပြောပါဦး။

ဖြေ - ကျွန်တော်တို့ကလေ နိုင်ငံတကာနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ သူများနိုင်ငံတွေမှာ ခွဲခြားဆက်ဆံတယ်။ နေရာမပေးဘူးဆိုတာမျိုးတောင် မရှိဘူးလို့ ကျွန်တော်မြင်တယ်။ ဆိုတော့ တစ်ခုပဲ။ အမျိုးသမီးတွေကို Enpower လုပ်ဖို့လိုတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာဆိုရင် အမျိုးသမီး နည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝအရကိုယ်၌က အန္တရာယ်ရှိတယ်။ နိုင်ငံရေးလုပ်ရင် အဖမ်းခံရတယ်။ ညှင်းပန်းနှိပ်စက်ခံရတယ်ဆိုတော့ ဝင်လာတဲ့ မိန်းကလေးဆိုတဲ့ဟာက တော်တော် ထက်ထက်မြတ်မြတ် စွန့်စွန့်စားစား မိန်းကလေးမျိုးပဲ လာတော့ အရေအတွက်ကိုက ယောကျာ်းလေးထက်စာရင် နည်းတယ်။ သို့သော် အရည်အချင်းချင်းတူရင် အမျိုးသမီးက ပိုပြီးတော့ ပရိသတ်အာရုံစိုက်မှု၊ စွဲဆောင်မှုရှိတော့ သူတို့က ယောကျာ်းလေးထက်တောင် အရည်အချင်းတူရင် ပိုပြီးတော့တောင် သာတယ်။ အခွင့်အလမ်းပိုရတယ်လို့ ကျွန်တော်ကတော့ အဲလိုမြင်တယ်။ အဓိက,က အမျိုးသမီးတွေနဲ့ ပတ်သက်ရင် သူတို့ရဲ့ အရည်အချင်း၊ သူတို့ရဲ့ စွမ်းဆောင်မှုပေါ့။ အဲဒါတွေ မြင့်တက်လာအောင် ဆောင်ရွက်နိုင်တာနဲ့အမျှ အမျိုးသမီးပါဝင်မှုကလည်း မြင့်တက်လာမယ်လို့ အဲလိုမြင်ပါတယ်။

မေး - ပါတီရဲ့ မူဝါဒကိုပဲ ဆက်ပြီးတော့ မေးပါရစေ။ ပါတီရဲ့ မူဝါဒကို အတိုချုပ်ပြောရမယ်ဆိုရင် ဘာများဖြစ်မလဲ။

ဖြေ - အခြေခံအကျဆုံး ယေဘုယျအကျဆုံး ဆိုပေမယ့် အရေးကြီးဆုံးပါပဲ။ ကျွန်တော်တို့က Pro People ပေါ့။ ပြည်သူလူထုကို မျက်နှာမူတဲ့၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှူတဲ့ အခြေခံမူ အပေါ်မှာ ရပ်တည်သွားမယ်။ အဲဒီဟာရဲ့ နောက်ဆက်တွဲက အများကြီးကျယ်ပြန့်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ အခွန်အကောက်ကစပြီးတော့ အားလုံးဟာ ပြည်သူလူထုရဲ့ စီးပွားကို ရှေးရှူရမယ်ဆိုတဲ့ မူကနေ ဖြာထွက်သွားမှာ ဖြစ်တယ်။ အသေးစိတ် မူဝါဒတွေကတော့ ကျွန်တော်တို့ ပါတီ ဖွဲ့စည်းတဲ့အခါ ထုတ်ပြန်တဲ့ မူဝါဒတွေရှိမယ်။ လက်တွေ့ဆောင်ရွက်ခွင့်ရတဲ့ အခါမှာ Issue by Issue အသေးစိတ် ထုတ်ပြန်ရမယ့် ကြေညာရမယ့် မူဝါဒတွေရှိမယ်။

မေး - ကျေးဇူးတင်ပါတယ်။ အဲဒီတော့ ဘာများဖြည့်ပြောစရာရှိဦးမလဲ မသိဘူးခင်ဗျ။

ဖြေ - ကျွန်တော်တို့က ၈ လေးလုံး ကြွေးကြော်သံဖြစ်တဲ့ ဒီမိုကရေစီ ရရှိရေး ဆိုတာဟာ အင်မတန် ကျယ်ပြန့်ပါတယ်။ နက်ရှိုင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီဆိုတာ ဗဟုဝါဒ ထွန်းကားအောင် လုပ်ရတာ။ နောက်တစ်ခုက ဗဟုဝါဒ ထွန်းကားမှလည်းပဲ အပြန်အလှန် ထိန်းညှိတဲ့ စနစ်တစ်ရပ်ပေါ်လာမှာ။ ဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ပေါက်လာတာဟာ အခုလောလောဆယ် ပထမအဆင့်က အရင်စနစ်ဟောင်းကို ဖယ်ချလိုက်တဲ့ တွန်းချလိုက်တဲ့ အဆင့်တစ်ဆင့်ပဲ။ ဒါ အတိုင်းအတာတစ်ခုထိ ကျွန်တော်တို့ ရောက်လာခဲ့ပြီ။ နောက်တစ်ဆင့်ကတော့ ကျွန်တော်တို့က လူထုက ပါတီတွေ A B C D E  အစရှိသဖြင့် ရှိတဲ့အထဲကမှ ဘယ်သူ့ကို ပိုကြိုက်လို့ ရွေးချယ်လဲဆိုတာ နောက်ထပ် နိုင်ငံရေးယဉ်ကျေးမှု အဆင့်တစ်ခုထိ ကျွန်တော်တို့က ဆက်ပြီးတော့ ကြိုးစားကြဖို့ လိုပါတယ်။ အခုကတော့ များသောအားဖြင့်က Protest Vote လို့ ခေါ်တာပေါ့။ တဖက်ကို ဆန့်ကျင်ကြောင်း တဖက်ကို ထောက်ခံပြီး ပြသတယ်ဆိုတဲ့ အခြေအနေမျိုး ကနေပြီးတော့ နောက်တဆင့်မှာက Prefer Vote ပေါ့။ အားလုံးထဲမှာမှ ဘယ်သူ့ကို မုန်းလို့ မကြိုက်လို့ ငြင်းပယ်တာမဟုတ်ဘူး။ သူ့မှာလည်း ကောင်းတာလေးတွေရှိတယ်။ သူ့မှာလည်း ကောင်းတာလေးတွေရှိတယ်။ အဲဒီထဲမှာမှ ဘယ်သူ့ကိုတော့ ပိုပြီးတော့ ကြိုက်လို့ ၊ မျှော်လင့်လို့ ဒီသက်တမ်းအတွက် ဒီ ၅နှစ်စာအတွက် ရွေးချယ်တယ်ဆိုတဲ့ ယဉ်ကျေးမှုဖြစ်လာအောင် ကျွန်တော်တို့က ဆက်ပြီးတော့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဆရာကြီး ဒဂုံတာရာရဲ့  အဆိုအမိန့်ကိုပဲ ပြောရရင် “မုန်းသူမရှိ၊ ချစ်သူသာရှိ” ဆိုတဲ့ အားလုံးကို မိတ်ဖက်ဆက်ဆံရေး ပိုမိုပြီးတော့ ကျယ်ပြန့်လာဖို့အတွက်ကို ဦးတည်ချက်ထားပြီး ဆောင်ရွက်သွားမှာပါ။

မဇ္ဈိမ ရုပ်မြင်သံကြားကို ကြည့်ရှု့အားပေးနေကြတဲ့ မဇ္ဈိမ ပရိသတ်များအားလုံးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့   တွေ့ဆုံမေးမြန်းခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျာ။ နောက်များကိုလည်း ဒီထက်ကောင်းတဲ့ အစီအစဉ်တွေ ဆက်လက်ပြီးတော့ တင်ဆက်ပေးပါဦးမယ်။   ကျေးဇူးတင်ပါတယ်ခင်ဗျ။

Thursday, January 26, 2017

ကာလုံ NDSC အစည်းအဝေး

ကာလုံခေါ်ခြင်းမခေါ်ခြင်း

         သို့မဟုတ်

မေးခွန်းတွေမေးလိုက်ကြပါ


        ကျနော်တို့ နိုင်ငံမှာ လက်ရှိဖြစ်ပျက် ပြောင်းလဲရပ်တွေချက်တွေနှင့်ပက်သက်ပြီး တချို့တချို့သော ပုဂ္ဂိုလ် ခေါင်းဆောင်တွေက ကာလုံလို့ခေါ်တဲ့ အရေးပေါ်အခြေအနေ သို့မဟုတ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ခေါ်ယူကိစ္စကို 
ကျနော် သိသလောက်တင်ပြသွားပါ့မယ်

            မှတ်ချက်အနေနဲ့ကတော့ ကျနော်ဟာ စာမတတ်ပေမတတ် လူ့ငမွဲ လမ်းဘေးအသုပ်သည်လေးဖြစ်လို့ ပညာရှင်တွေ ပညာတတ်တွေလောက်တော့ မသိနိုင်တာကိုတော့ ဦးစွာပထမ ပြောပါရစေ

       ကာလုံနှင့်ပက်သက်ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ စာမျက်နှာ ၁၆၅ အခန်း ( ၁၁ ) အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ( Provisions on State of Emergency & The National Defence of Security Council )  ဆိုတဲ့ ပုဒ်မ ၄၁၀ မှ ပုဒ်မ ၄၃၂ နှင့် အခန်း ( ၅ ) အုပ်ချုပ်ရေး ဆိုင်ရာကဏ္ဍထဲမှ စာမျက်နှာ ၇၈ ပုဒ်မ ၂၁၂ ပုဒ်မခွဲ ( ခ )  ( ဂ )  ( င ) အတိုင်းပြဋ္ဌာန်းထားတာတွေ့ရပါလိမ့်မယ် 
( အသေးစိပ်ကတော့ စာဖတ်သူတွေ အခြေခံဥပဒေမှာဖတ်ကြပါ ကျနော်က တော့ သဘောတရားလောက်ပဲရေးသွားပါ့မယ် ) 

       ဒီဥပဒေတွေအားလုံးကို လေ့လာကြည့်ရင် Security council လုံခြုံရေးကောင်စီဟု ဆိုသော်လည်း According to Management and Administrations or Administratives ( စီမံခြင်းနှင့်အုပ်ချုပ်မှုအရ ) နိုင်ငံတော်သမ္မတသာလျင် power အရှိဆုံးရေးစွဲထားတာတွေ့ရလိမ့်မယ် 
  
      အရေးပေါ်အခြေအနေ Emergency case ဆိုတာကလည်း ကာကွယ်ခြင်းဆိုရာဝယ် provisions တွေ guard တွေ စတဲ့ ယဉ်ကျေးမှုဆိုင်ရာကာကွယ်မှု ဘာသာရေးဆိုင်ရာကာကွယ်မှု  သဘာဝဘေးအန္တရာယ်ဆိုင်ရာကာကွယ်မှု ဒုစရိုက်ဆိုင်ရာမှုခင်းကာကွယ်မှုမျိုးဒီအခန်းကဏ္ဍမှာ အဓိကမပါဝင်ဘဲ အချုပ်ချာအာဏာလုံခြုံမှုဆိုင်ရာကာကွယ်မှုကို အဓိကထားတာတွေ့ရလိမ့်မယ် 

       အထက်ပါကိစ္စတွေကို အသေးစိပ်မရေးလိုပါဘူး အရေးပေါ်အခြေအနေဆိုင်ရာအတွက် ကျနော်တို့တိုင်းပြည်ဟာ သူတို့ပြောသလို တကယ်ပဲ အကျပ်အတည်း အခြေအနေ Crisis condition ရောက်နေပြီလားဆိုတာရယ် အခြေအနေတစ်ခုကို ကိုင်တွယ်ဖြေရှင်းရမည့်အဆင့် ဂုဏ်သိက္ခာတွေ ရောက်နေပြီလားဆိုတာတွေအနည်းငယ်ရေးပြသွားပါ့မယ်

       ပထမဆုံး ကုန်ဈေးနှုန်းကြီးခြင်းကိစ္စ အကျဉ်းချုံ့ရေးပြပါ့မယ် ( စာရှည်မည်စိုး၍ အသေးစိပ်မရေးပါ ) ကုန်ဈေးနှုန်းကြီးခြင်းကို ငွေတွေ အများကြီးပေးရခြင်းနှင့်တိုင်းတာလို့လုံးဝမရပါဘူး income flowing ဝင်ငွေလည်ပါတ်စီးဆင်းမှုမျှတမှုရှိမရှိ 
  
         ဒီနေရာမှာ လူနေမှုအဆင့်အတန်းနှင့် လူမှုနယ်ပယ်အသီးသီးရဲ့ရပ်တည်ချက်အရ ဝင်ငွေနှင့်ထွက်ငွေ မျှမမျှ တွက်ချက်ခြင်းပါ အမှိုက်လှည်းတွန်းတဲ့သူနှင့် စိန်ကုန်သယ်ရဲ့ ဝင်ငွေထွက်ငွေခြင်းယှဉ်မရသလိုပြောတာပါ အလွှာလိုက်နှိုင်းယှဉ်လို့ရပါတယ် အဓိက သူကျင်လည်ရာဘဝမှာ စားဝတ်နေရေးအတွက် သူ့ရဲ့ ဝင်ငွေထွက်ငွေမျှနေရင် ကုန်ဈေးနှုန်းမိုးပျံအောင်တက်နေလည်းဘာမှမဖြစ်ပါဘူး 

         နောက်တစ်ခု ကုန်ဈေးနှုန်းကြီးတယ်ဆိုတာ cash amount နှင့်တွက်လို့မရပါဘူး value နှင့် price ကို တိုင်းတာရတာပါ inflation အရ cash amount ဘယ်လောက်များများ value နှင့် price ညီနေရင် ကုန်ဈေးနှုန်းတက်တယ်မခေါ်ပါဘူး currency inflation ဖြစ်ခြင်းသက်သက်ပါပဲ currtency inflation ကလည်း တိုင့်းပည်ရဲ့ အခြေအနေအရ Zero setting လုပ်လိုက်ရင် currency deflation ပြန်ဖြစ်သွားတာပါပဲ 

        ကုန်ဈေးနှုန်းကြီးတယ်ဆိုတာ ကုန်ဈေးနှုန်းရဲ့ value ထက် priceကပိုအဆမတန်ပိုပေးနေရမှ ကုန်ဈေးနှုန်းကြီးနေတယ်ပြောလို့ရတာပါ အခုကိနော်လေ့လာရသလောက်တော့ တိုင်းပြည်မှာသူ့အလွှာနဲ့သူ crisis condition ဖြစ်လောက်အခြေအနေမတွေ့ပါဘူး ဘာ့ကြောင့်သိတာလည်းဆိုရင် ကျနော်ကိုယ်တိုင် လူ့ငမွဲလမ်းဘေးအသုပ်သယ်လေ မယုံရင်ကြိုက်တဲ့အချိန်လာကြည့်

       မှုခင်းကိစ္စနည်းနည်းပြောပါမယ် အရင် post တွေမှာ crime တွေအကြောင်းကျနော်ရေးထားပါတယ် ထပ်မရေးတော့ပါဘူး 
  
      မှုခင်းဆိုတာ လူတွေမှာ လောဘဒေါသ အတ္တမာန်မာနတွေအရ ဘုရားရှင် ငုတ်တုတ်ရှိနေလည်း စိတ်ဖောက်ပြန်စိတ်ကိုယဉ်ကျေးအောင်းမထိန်းချုပ်နိုင်ရင် ဖြစ်တာပါပဲ 
   
    ဒါကိုကာကွယ်ဖို့ အစိုးရတစ်ခုတည်းရဲ့တာဝန်ကြည့်မဟုတ်ပါဘူး ဒီတာဝန်ကို အဓိကယူထားတဲ့ ကာကွယ်ရေးအောက်က ပြည်ထဲရေး ထွေအုပ်စသဖြင့် ရေးငါးရေး မှာအဓိကတာဝန်ရှိသလို ပြည်သူတစ်ဦးခြင်းလည်းတာဝန်ရှိပါတယ် အစိုးရ၏စီမံမှုအောက်မှာ ကာကွယ်ရေးပြည်ထဲရေးဟာ သူတို့တာဝန်ယူထားတဲ့အပိုင်းကို တာဝန်မကျေဘူး လစ်ဟင်းနေမယ်ဆိုရင်လည်း အမှုအခင်းများနိုင်တာပါပဲ ဒါတောင်ထပ်ချဲ့ပြောလို့ရတာတွေအများကြီးနော် စာဖတ်သူတို့ချဲ့တွေးပါ

       အချုပ်ချာဆိုင်ရာမငြိမ်သက်မှု ကိုနည်းနည်းလေးပြောပါ့မယ် 
       ပြဿနာကိစ္စတစ်ခုဖြစ်ရင် ဒီတာဝန်ဒီအပိုင်းကို အဓိက တာဝန်ယူထားသူက အကောင်းဆုံးအောင်မြင်အောင်ကိုင်တွယ်ရပါတယ် နိုင်ငံဆိုတာ နိုင်ငံသားလူမျိုးစုံနှင့်ဖွဲ့စည်းတည်ဆောက်ထားသလို ခေါင်းဆောင်ဆိုတာ ထိုနိုင်ငံသားတွေအတွက် သက်ဆိုင်ရာနယ်ပယ်တာဝန်တွေကိုယူရတာပါ 
 
       ထို့နည်းတူစွာ နိုင်ငံတော်ရဲ့ အရေးပေါ်အခြေအနေဖြစ်စေ မှုခင်းကိစ္စပေါင်းစုံဖြစ်စေ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အရည်အချင်းနှင့်ဂုဏ်သိက္ခာသိပ်ကို အရေးကြီးလှပါတယ် ဘာ့ကြောင့်ပါလည်း နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာကြီးထဲမှာ သီးချားရပ်တည်လို့မရပါဘူး နိုင်ငံတကာနှင့်ဆက်ဆံနေရတာပါ ကမ္ဘာ့အလည်မှာမျက်နှာမငယ်ရဖို့ ပဋိပက္ခပြဿနာတွေဖြေရှင်းတဲ့နေရာမှာ သက်ဆိုင်ရာခေါင်းဆောင်က သူတာဝန်ယူရာအပိုင်းမှာ အရည်အချင်းရှိရမယ် သိက္ခာရှိရပါမယ် ကြီးတဲ့အမှုငယ်အောင်ငယ်တဲ့အမှုပပြောက်အောင် လုပ်ရပါလိမ့်မယ် 

        ဒီအပိုင်းမှာလည်း crisis condition ဖြစ်လောက်တဲ့အခြေအနေမှာမတွေ့ရသေးပါဘူး အဲလိုတွေ့တယ်လို့ပြောတဲ့သူဟာ ဒီအပိုင်းကို အဓိကတာဝန်ယူထားတဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင်ကို သက်သက်စော်ကားလိုက်တာပါပဲ သက်သက်ထိုးနပ်တိုက်ခိုက်လိုက်တာပါပဲ သက်သက်အပုပ်ချလိုက်တာပါပဲ 

         ကာလုံခေါ်ဖို့လိုတယ်ပြောတာကြနော်ကတော့ နားမလည်တော့ဘူးဗျာ သူတို့ပြောတဲ့အပိုင်းတွေက ကာချုပ်အဓိကတာဝန်ယူထားတဲ့အပိုင်းတွေကြည့်ပဲဖြစ်နေတယ် ဒါဟာလက်ရှိအခြေအနေတွေကို ကာချုပ်ကြီးက အကောင်းဆုံးအညင်သာဆုံး ကမ္ဘာ့အလည်မှာရော ဒေသတွင်းမှာပါ အကောင်းဆုံးဖြစ်အောင်လုပ်နေတာကို တိုက်ရိုက်မဝေဖန်ဘဲ သွယ်ဝှိုက်ပြီး အပြစ်တင်လိုက်တာပါပဲ ပြည်သူနှင့်တပ်မတော်ကြားသွေးခွဲင်္လိုက်တာပါပဲ 

         အစိုးရအပိုင်းမှာလည်း အစိုးရဟာ ပြည်သူတွေအတွက် ပညာရေးကျန်းမာရေး ငြိမ်းချမ်းရေး လမ်းပန်းဆက်သွယ်ရေး နိုင်ငံတကာဆက်သွယ်ရေး ကုန်သွယ်ရေး ဘာသာရေး လူမှုရေး ဝုန်ဒိုင်းကြီးမဟုတ်တောင်တထြေးဖြေးခြင်းလုပ်နေတာသိလို့ အဆိုးမြင်သမားတွေကလွဲလို့ပြည်သူအများစုကလည်းကျေနပ်လက်ခံနေတာပဲလေ နောက်ဆုံးအစိုးရလို့မကျေနပ်လို့ဆန္ဒပြတဲ့သူတွေဆိုရင် ဒီလူတွေကြည့်နေရာတကာဖြစ်နေလို့ အလွတ်တောင်ရနေပါပြီ  ဒါလည်းတိုင်းပြည်ရဲ့ လူဦးရေအချိုးနှင့်ကြည့်ရင် 1%တောင်မကြည့်ပါဘူး ဒီအတွက်လည်း အရေးပေါ်အခြေအနေလို့ဘယ်လိုမှပြောမရသေးပါဘူး 

      စာဖတ်သူမိတ်ဆွေအပေါင်းတို့ခင်ဗျား ကျနော်ကတော့ လမ်းဘေးဈေးသည်စာမတတ်ပေမတတ် လူ့ငမွဲလေးပေမို့ ကာလုံခေါ်ဖို့ပြောတဲ့သူတွေလောက် ပညာမတတ်ပါဘူး သူတို့ပြောတဲ့ကာလုံခေါ်ဖို့ဆိုတာ ဘာ့ကြောင့်ဆိုတာ အဲပညာရှင်ကြီးတွေကိုပဲ မေးပါခင်ဗျား ကျနော်ကတော့ သူတို့လို ပညာမတတ်လို့ မရှင်းပြတတ်ပါကြောင်းပြောကြားရင်း ဒီမှာနားပါအုံးမယ်

       မေးခွန်းတွေမေးလိုက်ကြပါ

အားလုံးကိုကျေးဇူးတင်ပါသည်

            Maha Anandapala

Wednesday, January 25, 2017

NCA စာချုပ်

NCA စာချုပ်
NCA စာချုပ်ကို စာအုပ်အဖြစ်ဒေါင်းလုပ်ဆွဲချင်ရင်
Download

ဧည့်သယ်ကို လက်ဆောင်ဝယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဝန်ကြီးချုပ်ကို  ပိုက်ဆံပါလာရင် ဧည့်သယ်ကို လက်ဆောင်ဝယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
================================
၂၅..၁..၁၇
-
ပုဂံရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီ ပုထိုးများ ပြင်ဆင်နေမှုကို  ဒေါ်အောင်ဆန်းစုကြည်  နှင့် အစိုးရ အဖွဲ့ဝင်များ မနေ့ကလိုက်လံ
ကြည့်ရှု့ဖူးမျော်ခဲ့ပြီး လိုအပ်တာမျာကို မှာကြားသွားကြောင်း သိရပါတယ်။
-
မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ဘူတန်ဘုရင်မင်းမြတ်ရဲ့ ဒွေးတော် (ယခင် ဘူတန်ဘုရင်၏ ပထမမြောက် မိဖုရား )လဲပါဝင်ပါတယ်။
အခု မြန်မာပြည်ကို ပထမဆုံးအကြိမ်ဖြင့် လာရောက်လာပတ်နေတဲ့ ဘူတန် မိဖုရားရဲ့ ခင်ပွန်း  ( ယခင် )ဘူတန်ဘုရင်ဟာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်
ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ် ရဲ့ တပည့်ဖြစ်ပါတယ် ။
-
(  ပျော်ရွှင်ခြင်းနိုင်ငံ - ဘူတန် )ဆိုတဲ့ ဘူတန်နိုင်ငံရဲ့ ရာဇ၀င်ကို ရေးသားခဲ့ သူမှာလဲ မိုက်ကယ်အဲရစ် ဖြစ်ပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရအဖွဲ့ဝင်များဟာ ဘူတန်ဒွေးတော် နဲ့အတူ ပုဂံမှာရှိတဲ့ အာနန္ဒာဘုရား ၊ ဂူပြောက်ကြီးဘုရား တို့ကို ဖူးမျှော်ပြီး လက်မှု
ပညာ ပစ္စည်းဆိုင်တွေကို လေ့လာကြည့်ရှူခဲ့ကြတာ ဖြစ်ပါတယ်။
-
ပုဂံလက်မှုပညာ ဆေးရေးပန်ချီဆိုင်ထဲမှာ ကြည့်ရှုလေ့လာနေရင်  ဘူတန်
ဒွေတော် အား လက်ဆောင်အဖြစ် ပေးရန် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ လိုက်ပါလာတဲ့  မန်းလေးတိုင်းဝန်ကြီးချုပ်အား (  ဆရာ ပိုက်ဆံပါလား ) ပါလာရင် ဧည့်သယ်ကို လက်ဆောင် ၀ယ်ပေးလိုက်ပါဟု ဒေါ်အောင်ဆန်းစုကြည် ရဲ့ တိုက်တွန်းမှုကြောင့် လိုက်ပါလာတဲ့ အစိုးရ
အဖွဲ့ဝင်များနှင့် ဧည့်သယ်တော်များမှ သဘောကျ ရယ်မောခဲ့ကြောင်း သိရပါတယ်။
========
Credit ဧပရယ်မောင်မောင်
Potoဧပရယ်မောင်မောင်

Wednesday, December 14, 2016

လင်းယုန်မောင်မောင်


လင်းယုန်မောင်မောင်
ကမ္ဘာကျော် ကိန်မန်ဒို အော့ဟိုစကော်ဇနီ
file size 18 mb/ 108ကျပ်

download

Sunday, December 4, 2016

နိုင်ငံရေးလေ့လာဆန်းစစ်ခြင်း

 
 
နက်နဲလှတဲ့ နိုင်ငံရေးပညာကို လေ့လာတဲ့အခါမှာကျတော့ သဘောတရားတွေ၊ သီအိုရီတွေ၊ စနစ်တွေ၊ အတွေးအခေါ်တွေ ဘက်ပေါင်းစုံကနေ ပေါင်းစပ်ပါဝင် လာတာကြောင့် ပိုမိုကျယ်ပြန့်သွားပါတယ်။ ရှေးခေတ်တွေမှာ တုန်းကတော့ နိုင်ငံရေးကို ပညာရပ် တခုအဖြစ် လေ့လာတဲ့အခါမှာ ဒဿနိကဗေဒ၊ ဥပဒေ၊ သမိုင်းပညာရပ်တွေရဲ့ ဘာသာရပ်ခွဲ တခု အနေနဲ့ပဲ သတ်မှတ်လေ့လာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်း ဖြစ်တည်မှုရဲ့ အခြေခံ စည်းမျဉ်းတွေကို ဖော်ထုတ်လေ့လာဖို့ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာဆန်းစစ်မှုရဲ့ မူရင်းအစဟာ ရှေးခေတ်ဂရိပြည်လို့ ဆိုနိုင်ပါတယ်။ ပလေတိုနဲ့ အရစ်တိုတယ်တို့ဟာ နိုင်ငံရေးကို ဒဿနိကဗေဒ ရှူထောင့်ကနေ လေ့လာသုံးသပ်တဲ့ ဒဿနိကဗေဒ ဆိုင်ရာ အစဉ်အလာ ( Philosophical tradition) ရဲ့ ဖခင်များပဲ ဖြစ်ပါတယ်။ medieval theorists တွေဖြစ်တဲ့ Augustine နဲ့ Aquinas တို့ရဲ့ ရေးသားချက်တွေမှာလဲ သူတို့ရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမှုရှိပါတယ်။
ဒီလို ဒဿနိကဗေဒအစဉ်အလာအရ လေ့လာမှုတွေမှာ တန်ဖိုး၊ စံနှုန်းစံထား၊ ကိုယ်ကျင့်တရား စတာတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ (normative questions) အများအပြား ပါဝင်ပါတယ်။ ဘာဆိုတာထက် ဘယ်လိုဖြစ်သင့်တယ် ဆိုတာကို ဦးစားပေးဖော်ပြချက် များပါတယ်။ ဥပမာ- ဘာကြောင့် နိုင်ငံတော်က ချမှတ်တဲ့ ဥပဒေကို လိုက်နာသင့်သလဲ၊ ပုဂ္ဂလိက လွတ်လပ်ခွင့်မှာ အများကို မထိခိုက်အောင် ဘယ်လိုကန့်သတ်ချက်တွေ ရှိသင့်သလဲ စတာမျိုးတွေပါ။
နိုင်ငံရေးလေ့လာမှုဆိုင်ရာ နောက်ထပ်အစဉ်အလာတခုကတော့ ကိန်းဂဏာန်း အခြေပြအစဉ်အလာ empirical tradition ဖြစ်ပါတယ်။ ဒီအစဉ်အလာကို ဖွဲ့စည်းပုံအခြေခံဥပဒေ အမျိုးအစားတွေကို ခွဲခြားပြခဲ့တဲ့ အရစ္စတိုရဲ့စာ၊ Machiavelli ရေးသားခဲ့တဲ့ realistic account of statecraft နဲ့ Montesquieu ရေးသားခဲ့တဲ့ အစိုးရနဲ့ ဥပဒေဆိုင်ရာ လူမှုဗေဒသီအိုရီ တွေထဲမှာ တွေ့မြင်နိုင်ပါတယ်။၁၇ ရာစုနှောင်းပိုင်းကာလတွေမှာ John Locke နဲ့ David Hume တို့ရဲ့ doctrine of empiricism ပျံ့နှံ့လာပါတယ်။ Doctrine of empiricism က အတွေ့အကြုံဆိုတာ အသိပညာရဲ့ အခြေခံ ဖြစ်တာကြောင့် သီအိုရီတွေ၊ အဆိုအမိန့်တွေအားလုံးကို လေ့လာစောင့်ကြည်မှုတွေနဲ့ စမ်းသပ်ရမယ် လို့ ဆိုထားပါတယ်။ ၁၉ ရာစုရောက်တော့ ဒီအတွေးအခေါ်တွေဟာ positivism ၀ါဒထွန်းကားလာရေး ဆီကို ဦးတည်သွား ပါတော့တယ်။
နိုင်ငံရေးကို သိပ္ပံပညာဝေါဟာရတွေနဲ့ ဖော်ပြဖို့ ပထမဆုံးကြိုးပမ်းခဲ့သူကတော့ materialist conception of history ကို အသုံးပြုပြီး သမိုင်းကြောင်း တိုးတက်မှုတွေရဲ့ တွန်းအားကို ဖော်ထုတ် နိုင်ခဲ့တဲ့ Karl Marx ပဲဖြစ်ပါတယ်။ ၁၈၇၀ ကာလတွေမှာ နိုင်ငံရေးကို သိပ္ပံပညာရပ်အနေနဲ့ သတ်မှတ်မှုတွေ ထွက်ပေါ်လာပါတယ်။ အောက်စဖိုဒ့်၊ ပဲရစ်နဲ့ ကိုလံဘီယာတက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားလာကြပါတယ်။ (၁၉၀၆) ခုနှစ်မှာ အမေရိကန်နိုင်ငံရေးသိပ္ပံ လေ့လာရေးစာစောင် ထွက်ပေါ် လာပါတယ်။ (၁၉၅၀-၆၀) ကာလတွေကျတော့ သိပ္ပံနည်းကျနိုင်ငံရေး လေ့လာမှုတွေ အားကောင်းလာ ပါတယ်။
David Easton ရဲ့ နိုင်ငံရေးဆိုတာ သဘာဝသိပ္ပံ နည်းလမ်းတွေကိုပါ သင့်လျော်သလို ဆွဲယူအသုံးပြုနိုင်တဲ့ ပညာရပ်တခုဖြစ်တယ်ဆိုတဲ့ အဆို ထွက်ပေါ် လာပြီးနောက်ပိုင်းမှာ အရေအတွက် အခြေပြုသုတေသန နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေး လေ့လာဆန်းစစ်ချက်တွေ ပိုပြီး များပြားလာပါတယ်။ ဥပမာ- မဲပေးမှုပြုမူဆောင်ရွက်ပုံတွေ၊ တရားရေးရာ ပြုမူဆောင်ရွက်ပုံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပြုမူဆုံးဖြတ်ပုံ စတာတွေမှာ ဖြစ်ပါတယ်။ လေ့လာ စောင့်ကြည့်ထားတဲ့ ပြုမူဆောင်ရွက်ပုံတွေပေါ်မှာ အခြေတည်ပြီး လူမှုသီအိုရီတွေ တည်ဆောက်ရမယ် ဆိုတဲ့ ယုံကြည်မှု (Behaviouralism) ဟာ (၁၉၅၀-၆၀) ကာလတွေရဲ့ နိုင်ငံရေးလေ့လာမှုတွေကို လွှမ်းမိုးထားခဲ့ပါတယ်။
(၁၉၆၀) နောက်ပိုင်းကာလရောက်တော့ Behaviouralism ကို မကျေလည်မှုတွေ ထွက်ပေါ်လာပါတယ်။ နိုင်ငံရေးဆိုတာ ကိန်းဂဏာန်းတွေနဲ့ပဲ တိုင်းတာလို့ မရဘူးဆိုတာကို ငြင်းဆိုမှုတွေရှိလာပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီညွတ်မှု၊ အခွင့်အရေးစတာတွေကို ကိန်းဂဏာန်းနဲ့ တိုင်းတာလို့ မရနိုင်ကြောင်း ပြောဆိုလာကြပါတယ်။ ဒီလိုနဲ့ (၁၉၇၀) ကာလတွေမှာ ကိုယ်ကျင့်တရား၊ စံချိန်စံညွန်း စတာတွေနဲ့ဆိုင်တဲ့ normative questions တွေဆီ ပြန်လှည့်လာကြပါတယ်။ John Rawls နဲ့ Robert Nozick တို့ရဲ့စာတွေမှာ ဒီသဘောတရားတွေ အများအပြား ပါဝင်ပါတယ်။
နောက်ပိုင်းကျတော့ နိုင်ငံရေးလေ့လာမှုတွေမှာ နိုင်ငံရေးဘောဂဗေဒ၊ ပြည်သူ့ရွေးချယ်မှု သီအိုရီ (public-choice theory) ၊ Rational Choice theory စတာတွေ ပေါ်ထွက်လာပါတယ်။ ဒီသီအိုရီတွေက ဘောဂဗေဒ သီအိုရီတွေမှာ အခြေခံထားတာဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုပြီး Antony Downs, Mancur Olson နဲ့ William Nikanen တို့က ပါတီယှဉ်ပြိုင်မှု၊ အကျိုးအမြတ်အုပ်စု ပြုမူ ဆောင်ရွက်ပုံတွေနဲ့ ဗျူရိုကရက်တွေရဲ့ မူဝါဒလွှမ်းမိုးမှုစတာတွေကို လေ့လာခဲ့ကြပါတယ်။ နိုင်ငံရေး လေ့လာမှုတွေမှာ အသုံးများတဲ့ နောက်ထပ်သီအိုရီတခုကတော့ သင်္ချာဘာသာရပ်ကနေ သက်ဆင်း လာတဲ့ ဂိမ်းသီအိုရီဖြစ်ပါတယ်။ နိုင်ငံရေးရှုပ်ထွေးမှုတွေ၊ အကျပ်အတည်းကာလတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် အသုံးပြုသင့်တဲ့ သီအိုရီတခုဖြစ်ပါတယ်။
သင်္ချာနဲ့စီးပွားရေးသီအိုရီတွေကနေ သက်ဆင်းလာတဲ့ နိုင်ငံရေးသီအိုရီအသစ်တွေသာမက ၀ါဒသစ်၊ အတွေးအခေါ်သစ်တွေလဲ အများအပြား ပေါ်ပေါက်လာပါတယ်။ အမျိုးသမီးဝါဒဟာ ကျားမကွဲပြား ခြားနားမှုတွေကို ထုတ်ဖော်ရင်း နိုင်ငံရေးဆိုတာ ဘာလဲဆိုတဲ့ အဓိပ္ပာယ်ကို မေးခွန်းထုတ်နေပါတယ်။ Green Politics ဟာ လူသားတွေကို ဦးစားပေးစဉ်းစားမှု (anthropocentric emphasis) မှာ အခြေခံတဲ့ နိုင်ငံရေး၊ လူမှုရေးသီအိုရီတွေကို စိန်ခေါ်ပြီး၊ သဘာဝပတ်ဝန်းကျင် သဘောတရားတွေကို ဦးစားပေး စဉ်းစားမှု (holistic emphasis) ပေါ်မှာ အခြေတည်တဲ့ နိုင်ငံရေး၊ လူမှုရေး နားလည်မှုတွေကို ဖြန့်ဖြူးနေပါတယ်။ ၁၉၂၃ မှာ ပေါ်ပေါက်လာတဲ့ ဖရန့်ဖတ်ကျောင်းတော်ရဲ့ မာ့စ့်လက်သစ်ဝါဒပေါ်မှာ အခြေခံထားတဲ့ critical theory ဟာ လက်ရှိကျင့်သုံးနေတဲ့ လူမှုထုံးတမ်းစဉ်လာတွေကို ဝေဖန်မှုတွေ ပြုလုပ်ပါတယ်။
ဒီလိုဝါဒတွေ၊ သီအိုရီတွေ အများအပြားအကြားမှာ နိုင်ငံရေးလေ့လာသူ တယောက်ဟာ နိုင်ငံရေး သဘောတရားတွေ (political concepts)၊ နိုင်ငံရေးသီအိုရီတွေ (political theories)၊ နိုင်ငံရေး မော်ဒယ်တွေ (political models)၊ အိုင်ဒီယော်လော်ဂျီတွေ (ideological traditions/ paradigms) တွေကို ကွဲကွဲပြားပြား သိနားလည်ဖို့ လိုအပ်လှပါတယ်။
 

Friday, November 25, 2016

Pabiakttaungywa

Pabiakttaungywa

စာမျက်နှာများ

စစ်ပွဲရယ် ၊ ၀န်ကြီးရယ် ၊သမ္မတကြီး ရယ်

စစ်ပွဲရယ် ၊ ၀န်ကြီးရယ် ၊သမ္မတကြီး ရယ် 

သရ၀ဏ်(ြ   ပြည်) 

ယခုတလောထူးခြားဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့၏ ။ ရခိုင်ပြည်နယ်ဗူးသီးတောင်မောင်တောဒေသသို့  ဘင်္ဂလီအကြမ်းဖက်သမားများဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း ကိစ္စ ၊ အမေရိကန်ရွေးကောက်ပွဲတွင် အားလုံးကနိုင်မည်ထင်ထားသော ဟီလာရီကလင်တန်ရှုံးနိမ့်ပြီး အများထင်မထားသည့် ဒေါ်နယ်ထရမ့်ပ် သမ္မတအဖြစ်ရွေးချယ်ခံရသောကိစ္စ ၊ ထို ရွေးကောက်ပွဲကျင်းပသောနေ့မှာပင်မြန်မာပြည်၌ မီဒီယာတခုနှင့် ၀န်ကြီးချုပ်တဦးတို့ဖြစ်ပွားသော နာရီလက်ဆောင်နှင့်ပါတ်သက်သော အငြင်းပွားမှုကိစ္စ ၊ ပုဒ်မ ၆၆ (ဃ)ဖြင့်အရေးယူကြ အမှုဖွင့်ကြသောကိစ္စများ ဆက်တိုက်ဖြစ်ပွားခဲ့သည် ။အတော်ကိုလှုပ်လှုပ်ခတ်ခတ်ရှိခဲ့သော စူပါ နိုဝင်ဘာပင်ဖြစ်သည် ။ယခုသော် နိုဝင်ဘာနောက်ဆုံးပါတ်တွင် ထိုသတင်းအားလုံးကိုဖုံးလွှမ်းခဲ့သော သတင်းနှစ်ခုဖြစ်ပေါ်ခဲ့ပေ၏ ။ ပထမသတင်းမှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းဝင်းအား နိုင်ငံတော်သမ္မတဦးထင်ကျော်အမိန့်ဖြင့်ရာထူးမှဖယ်ရှားလိုက်မှုဖြစ်သည် ။ ထိုသတင်းသည် NLD ကိုထောက်ခံသူများကြားတွင်ရော ၊ ဆန့်ကျင်သူများကြားတွင်ရော အတော်ကိုလှုပ်ခတ်သွားခဲ့သောသတင်းဖြစ်သည် ။ ဒုဝန်ကြီးကိုဖယ်ရားလိုက်မှုအပေါ်ထောက်ခံသူများနှင့် ကန့်ကွက်သူများအပြန်အလှန်ငြင်းခုန်မှုများ ၊ကိုယ့်ရှုထောင့်နှင့်ကိုယ် ဝေဖန်မှုများ သောသောညံသွားပေ၏ ။ဒုဝန်ကြီးကိုဖယ်ရှားပြီး နောက်တနေ့ဖြစ်သော နိုဝင်ဘာ ၂၀ ရက်နေ့မှာပင် တုန်လှုပ်စရာသတင်းတပုးလဲတက်လာပါသည် ။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအ၀င် မူဆယ်မြို့နှင့်ကွတ်ခိုင်မြို့နယ်အတွင်ရှိတပ်မတော်နှင့်ရဲတပ်ဖွဲ့စခန်းများကို ကေအိုင်အေဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့က တပြိုင်နက်တည်း အလစ်အငိုက်ရယူ၍၀င်ရောက်တိုက်ခိုက်သဖြင့် (၂၂.၁၁.၂၀၁၆ နေ့ စာရင်းအရ)အရပ်သားအပါအ၀င်ကိုးဦးသေ ၂၉ ဦးဒဏ်ရာရသွားသောသတင်းဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပပြီး တနိုင်ငံလုံးငြိမ်းချမ်းရေးအတွက်အားကျိုးမာန်တက်ဖော်ဆောင်နေချိန်တွင် ဤကဲ့သို့ဖြစ်ပွားလာသော အရပ်ဖက်အထိ ရောက်ရှိလာသောတိုက်ပွဲများက စိတ်မခမ်းမြေ့ဖွယ်ဖြစ်သည် ။ ငြိမ်းချမ်းရေးအတွက်ကြီးစွာသောအတားအဆီးဖြစ်သည် ။ ကျွန်တော်တို့တိုင်းပြည်သည် လွတ်လပ်ရေးရပြီးချိန်ကတည်းက စစ်ပွဲများ ၊တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တိုင်းပြည်လည်း ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့မရောက်နိုင်တော့ပဲ စစ်သံသရာထဲတွင် နှစ်ပေါင်း ၆၈ နှစ်လုံးလုံးတ၀ဲလည်လည်ဖြစ်နေခဲ့သည် ။ စစ်ပွဲများကြောင့် တိုင်းပြည်တွင်မည်သည့်အကျိုးမှမရှိ ။စစ်စားရိတ်ထောင်းခြင်း ၊ တိုင်းရင်းသားများသေကျေပျက်စီးခြင်း ၊ဒေသဖွံ့ ဖြိုးမှုမလုပ်နိုင်ခြင်း နှစ်ဘက်စလုံးတွင် သဘာဝသယံဇာတများပြုန်းတီးခြင်း ၊တိုင်းရင်းသားအချင်းချင်းမုန်းတီးခြင်း ၊ နှစ်ဘက်လုံး၌  စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာခြင်းတို့သာ အဖတ်တင်သည် ။ အင်္ဂလိပ်အုပ်ချုပ်သည့်ခေတ်က ကိုယ့်အချင်းချင်းသတ်ကြသည့်ပြည်တွင်းစစ်ပွဲများမရှိသည်ဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ကမ္ဘာ့အဆင့်မီခဲ့သည် ။ ဆန်စပါး ပြည်ပပို့ သည့်လုပ်ငန်း ၊ ဆက်သွယ်ရေးလုပ်ငန်း ၊ပို့ ဆောင်ရေးလုပ်ငန်း ၊ အခြေခံအဆောက်အအုံများတည်ဆောက်သည့်လုပ်ငန်းများ ၊သစ်ထုတ်လုပ်ရေး၊ကျောက်မျက်တူးဖော်ရေး ၊ အခွန်အကောက်ကောက်ခံခြင်းလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်နိုင်ခဲ့သည် ။ မြန်မာသည် ကမ္ဘာတွင် တည်ငြိမ်ခဲ့သည် ။ စီးပွားဥစ္စာကောင်းမွန်ခဲ့သည် ။ အင်္ဂလိပ်၏နယ်ချဲ့စနစ်ကိုမကြိုက်သော်လည်း ပြည်တွင်းတွင်ငြိမ်းချမ်းအောင်ထိမ်းထားနိုင်သောအုပ်ချုပ်ရေး၊စစ်ရေးစွမ်းရည်ကို သဘောကျမိသည် ။လာဘ်စားမှုကင်းစင်သော ဗျူရိုကရေစီယန္တယားကိုသဘောကျမိသည် ။ စစ်ပွဲများမရှိသောအခါ နိုင်ငံ၏ စီးပွားရေးမှာထိပ်တန်းသို့ရောက်တတ်ကြောင်းကို ကိုလိုနီခေတ်ကအကောင်းဆုံးသက်သေပြနိုင်ခဲ့ပါသည် ။ 

      မြန်မာနိုင်ငံ သည်အရှေ့တောင်အာရှတွင်အချမ်းသာဆုံးနိုင်ငံ အဖြစ်မှ အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဘ၀သို့ကျရောက်ခဲ့ရခြင်းတွင် ပြည်တွင်းစစ်ဖြစ်နေခြင်းလည်းအဓိကကျသောအကြောင်းတခုဖြစ်သည် ။ စစ်ဖြစ်ခြင်းတွင်အကြောင်းပြချက်များစွာရှိသော်လည်း စစ်ပွဲတွေရပ်ဖို့ဆိုလျှင် နည်းနှစ်နည်းပဲရှိသည် ။ ပထမနည်းမှာစားပွဲဝိုင်းတွင်မျက်နှာချင်းဆိုင်၍ တွေ့ ဆုံဆွေးနွေးရေးလမ်းကြောင်းမှတဆင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဖြစ်သည် ။ ဤနည်းမှာအချိန်အကန့်အသတ်မရှိကြာတတ်ပြီး ဘက်ပေါင်းစုံမှစိတ်ရှည်သည်းခံရန် နိုင်ငံရေးအမြော်အမြင်ကြီးရန်လိုအပ်သော်လည်း ပြည်သူလူထု ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးနည်းလမ်းဖြစ်သည် ။ အောင်မြင်ဖို့ဆိုသည်မှာ ခေါင်းဆောင်ကောင်းတွေ လိုအပ်သည် ။တဖက်ထဲမှမဟုတ်ပဲ ဆန့်ကျင်ဘက်အဖွဲ့ တွေဘက်မှလည်း သဘောထားကြီးဖို့ အမြင်ကျယ်ဖို့လိုသည် ။ ပုဂ္ဂလိက အကျိုးစီးပွားတွေ အတ္တတွေကိုရှေ့ တန်းမတင်ဖို့လိုသည် ။ စစ်ပွဲတွေရပ်ပြီးငြိမ်းချမ်းရေးရဖို့နောက်တနည်းမှာ တဘက်ဘက်မှ အမြစ်ပြုတ်အောင်စစ်တိုက်ခြင်းဖြစ်သည် ။ ဤနည်းသည် ပြည်သူလူထုအပါအ၀င် စစ်ပွဲတွင်ပါဝင်သူအားလုံး အထိအခိုက်အဆုံးအရှုံးများလှသော်လည်း တဘက်ဘက်မှနိုင်သွားလျှင် စစ်ပွဲ ပြီးသွားတတ်ပါသည် ။ဤနည်းဖြင့် ဒုတိယကမ္ဘာစစ်ကြီးကိုပြီးဆုံးနိုင်ခဲ့သည် ။ ဒုတိယကမ္ဘာစစ် ၊ တောင်ဗီယက်နမ်နှင့် မြောက်ဗီယက်နမ်တိုက်ကြသော ဗီယက်နမ်စစ်ပွဲများမှာ ဆွေးနွေးပွဲဖြင့် စစ်ကိုရပ်နိုင်ခဲ့သည်မဟုတ် ။တဖက်မှအပြတ်အသတ်နိုင်၍ တဖက်မှခြွင်းချက်မရှိလက်နက်ချခြင်းဖြင့် ကမ္ဘာကြီးငြိမ်းချမ်းခဲ့ခြင်းဖြစ်သည် ။ ထို့ကြောင့် မြန်မာနိုင်ငံ တွင်စစ်ပွဲတွေကင်းမဲ့၍ ငြိမ်းချမ်းသောနိုင်ငံဖြစ်လိုလျှင် ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းသောနည်း ကိုနှစ်အကန့် အသတ်တခုထား၍ဆွေးနွေးပြီး ထို ဆွေးနွေးပွဲမအောင်မြင်ခဲ့လျှင် ၆၈ နှစ်ကြာနေပြီဖြစ်သော ပြည်တွင်းစစ်ပွဲကို လုံးဝ တဘက်ဘက်မှ အရှုံးအနိုင်ပေါ်အောင်တိုက်ကြဖို့ကောင်းသည် ။ထိုသို့လုပ်ရန် တောင်ကိုရီးယား ၊အမေရိကန်ပြည်ထောင်စုတို့မှာလို ၁၈ နှစ်ပြည့်ပြီးသောနိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရစနစ်ကိုကျင့်သုံးသင့်ကကျင့်သုံးရပေမည် ။ ယခုလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံသည် နာတာရှည်ရောဂါရနေသူတယောက်လိုဖြစ်နေပေသည် ။အသက်လည်းမထွက် ၊သက်ဆိုးလည်းမရှည် တရှောင်ရှောင်နှင့်လူမမာဖြစ်နေသကဲ့သို့ရှိပေရာအသက်ရှင်ရခြင်းမှာ ဝေဒနာခံရဖို့သက်သက်ဖြစ်နေပေသည် ။ အဓိကကတော့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ရပ်စဲစေချင်သည် ။ စစ်ပွဲတွေ အမြစ်ပြတ်ဖို့လုပ်သင့်သောနည်းလမ်းအားလုံးလုပ်ဆောင်သင့်ပေသည် ။ တနိုင်ငံလုံးသေနတ်သံတွေတိတ်သွားလျှင်တိုင်းပြည်သည်ဖွံဖြိုးတိုးတက်လာမည်မှာ ဧကန်မုချဖြစ်သည် ။ဤသို့ ပြောသဖြင့် စာရေးသူသည် စစ်လိုလားသူစစ်ဝါဒီမဟုတ် ။ စစ်ပွဲတွေကို ရပ်စေလိုသူ ဖြစ်သည် ။ သို့ သော် လက်နက်ကိုင်ခြင်း၏အရသာကိုမစွန့်လွှတ်နိုင်သူများရှိနေသရွေ့  ဆွေးနွေးပွဲ ကိုအကြောင်းအမျိုးမျိုးပြရှောင်ရှားနေဦးမည်ဖြစ်သည် ။ ဖြစ်သင့်သည်ကား အတတ်နိုင်ဆုံး လိုက်လျော၍ဆွေးနွေး ။ ဆွေးနွေးပွဲပျက်သုဉ်းသွားလျှင် အရှုံးအနိုင်ပေါ်သည်အထိတိုက်ကြပေရော့ ။ မြွေမသေတုတ်မကျိုးရလာဒ်ကိုသိပ်မျှော်လင့်၍မရချေ ။ငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်လျှင်မူကား၊ သားရွှေအိုးထမ်းလာသော သုဝဏ္ကသာမ ကိန်းပေတည်း။ 
        ဒါကစစ်ရေးကိစ္စဖြစ်သည် ။ တိုင်းရင်းသားချင်းတိုက်နေသော တိုက်ပွဲများကိစ္စဖြစ်သည် ။ မောင်တောလို ဘင်္ဂလီများပါဝင်နေသော ပြည်ပကျူးကျော်မှုကတော့ ရှင်းသည် ။ဘာမှဆွေးနွေးနေစရာမလို ။ အမြစ်ပြုတ်တိုက်ရမည်ဖြစ်သည် ။ ထားတော့ ။ နောက်ထပ်ပြောချင်သည်က ယခုတလော သတင်းကြီးနေသော ဒုဝန်ကြီးတယောက်တာဝန်မှရပ်စဲခံရသော ကိစ္စဖြစ်သည် ။ ထိုဝန်ကြီးသည် ပညာရှင်တယောက်ဟုလည်းကျော်ကြားပါသည် ။ ဒုဝန်ကြီးမှားသည်မှန်သည်ကိုဝေဖန်ပြလိုရင်းမရှိပေ ။ ပြောလိုသည်မှာ နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ထိုသို့  သမ္မတအာဏာကိုအပြည့်သုံး၍ ပြတ်ပြတ်သားသားဆောင်ရွက်ခြင်းမှာကောင်းမကောင်းဖြစ်သည် ။ မှတ်မိနေသောကာတွန်းတကွက်ရှိသည် ။ ကာတွန်းတွင် လူတယောက်ကစတိုးဆိုင်သို့ပစ္စည်းတခုလာဝယ်ရာတွင် သမ္မတကြီးတထုပ်ပေးပါဟုပြော၏ ။ထိုအခါစတိုးဆိုင်ပိုင်ရှင်က ရေခဲထုပ်တထုပ် ပေးလိုက်သည် ။ သမ္မတကြီးကို အေးဆေးလွန်းသူ ရေခဲတုံး ဟု ကြည်စယ်ထားခြင်းဖြစ်ပုံရသည် ။ယခင်သမ္မတကြီးဦးသိန်းစိန်ကို နွားနို့ သမ္မတကြီးဟုခေါ်ဝေါ်ကြပြီး လက်ဘက်ရည်ဆိုင်တွင် နွားနို့တစ်ခွက်ဟုမှာလျှင် သမ္မတကြီးတခွက်ဟုမှာကြသည် ။ယခုသမ္မတကြီးဦးထင်ကျော်ကိုတော့ ရေခဲတုံးသမ္မတကြီးဟုကင်ပွန်းတပ်ကြ၏ ။ အဘယ့်ကြောင့်ဆိုသော်သမ္မတကြီး၏ အေးဆေးတည်ငြိမ်လွန်းသောစရိုက်ကြောင့်ဖြစ်ပုံရပါသည် ။ဟုတ်လည်းဟုတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) ပုဒ်မ ၅၈ တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝှန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် ဟုဖော်ပြပါရှိပေသည် ။ အရာရာကို သမ္မတသည်ဦးဆောင်ရပေမည် ။ သို့ သော် သမ္မတကြီးသည် နဂိုဗီဇအေးသောကြောင့် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်နှင့် ပါတီမှထိပ်တန်းတာဝန်ရှိသူများ၏ ရွေ့ ရှားမှုနှုန်းကို လိုက်ပါရွေ့ လျားနေသလိုရှိသည် ။ တကယ်တော့ ပြည်ပခရီးစဉ်များ ၊အာဆီယံထိပ်သီးအစည်းအဝေးများ ၊ ပြည်တွင်း အခမ်းအနားတွင် မိန့် ခွန်းပြောကြားမှုများစသည်တို့ သည် သမ္မတကြီးလုပ်သင့်သောကိစ္စများဖြစ်ပါသည် ။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စများ၊ အကျင့်ပျက်ခြစားသူ တာဝန်မကြေပွန်သူကိုအရေးယူအပြစ်ပေးသောကိစ္စများသည်သမ္မတကြီးဆုံးဖြတ်သင့်သောကိစ္စများဖြစ်သည် ။ သို့ သော် သမ္မတကြီးသည် အင်းလေးဖောင်တော်ဦးဘုရားသွားရောက်ဖူးမျှော်ခြင်း ၊ ပင်းဒယ ရွှေပင့်ကူလိုဏ်ဂူသို့ ဘုရားပုထိုးသွားရောက်ဖူးမျှော်ခြင်း ၊ နေပြည်တော်တွင်ကလေးစာပေ စာအုပ်ဈေးရောင်းပွဲတော်သို့ တက်ရောက်ဖွင့်လှစ်ပေးခြင်းစသည့်ဘက်တွင်ပို၍ ပျော်မွေ့ ဟန်ရှိ၏ ။ သမ္မတကြီးသည် နိုင်ငံကျော်အမျိုးသားစာဆိုကြီး မင်းသုဝဏ်၏ ရင်သွေးဖြစ်ပြီးကိုယ်တိုင်လည်း ဒလဘန်းအမည်ရ စာရေးဆရာတယောက်ဖြစ်ရာ တိုင်းရေးပြည်ရာကိစ္စတွေထက် စာနှင့်ပေနှင့် ဘာသာတရားနှင့်ငြိမ်းအေးစွာနေလိုစိတ်ပိုမိုတိမ်းညွှတ်ဟန်တူ၏ ။ထို့ ကြောင့်ပင် ကာတွန်းဆရာများက ရေခဲတုံးသမ္မတကြီးဟု တင်စားခေါ်ဝေါကြခြင်းဖြစ်ပုံရ၏ ။ 

                လိုရင်းကိုဆက်ကြပါစို့  ။ ဒုဝန်ကြီးတဦးရာထူးမှရပ်စဲခံရသောအခါ ထိုဝန်ကြီး ပညာရှင်ဖြစ်သည် မဖြစ်သည် ၊ တော်သည်မတော်သည် ကို ဝေဖန်လိုရင်းမဟုတ် ။ သမ္မတတယောက် သည် ၀န်ကြီးတဦး၏ စွမ်းဆောင်ရည်နှင့် ခံယူချက်ကို မနှစ်သက်ပါက ရာထူးမှဖြုတ်လိုက်ခြင်းသည် မှန်သလားမှားသလားဟူသောမေးခွန်းကိုပဲ ပြောလိုရင်းဖြစ်သည် ။သမ္မတဦးထင်ကျော် ဒုဝန်ကြီးတယောက်ကိုဖြုတ်လိုက်သည်မှာမှန်ကန်ပါသလား ။ဒါကအဓိကမေးခွန်းဖြစ်သည် ။ဘယ်ဝန်ကြီးမလို့  ၊ ဘယ်ဒုဝန်ကြီးမို့ ဆိုတာမျိုးကိုပြောလိုရင်းမဟုတ် ။ရာထူးအဖြုတ်အတပ်များကို သမ္မတစိတ်ကြိုက်ပြုလုပ်ခြင်းသည်ကောင်းမကောင်းဝေဖန်လိုရင်းဖြစ်သည် ။ကျွန်တော့်အမြင်အရပြောရလျှင် သမ္မတသည် အစိုးရအဖွဲ့  ၀န်ကြီး ၊ဒုဝန်ကြီးရာထူးများ ၊ ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ်ရာထူးများ အဖြုတ်အတပ်ကိစ္စတွင်တာဝန်အ၇ှိဆုံးပုဂ္ဂိုလ်ဖြစ်သည် ။ သူသွားနေသောမူဝါဒနှင့်မကိုက်ညီလျှင်ဖြုတ်မည် ၊ ကိုက်ညီသည်ဟုထင်လျှင်ခန့်ထားမည်ဖြစ်သည် ။ သမ္မတကြီးကိုလူတွေက အေးဆေးလွန်းသူဟုထင်နေရာ ယခုရက်ပိုင်းက ဒုဝန်ကြီးတဦးကို သမ္မတလက်မှတ်ထိုး၍ ရာထူးမှရပ်စဲမိန့်ထုတ်ပြန်လိုက်ခြင်းက အားလုံးကို အံ့သြသွားစေသည် ။ တို့ သမ္မကြီးလည်း ဘယ်ဆိုးလို့ တုန်း ၊ ပြတ်ပြတ်သားသားလုပ်ရဲကိုင်ရဲသားပဲ ဟု လည်ပြန်စောင်းငဲ့ကြည့်ကုန်ကြသည် ။ မူအရပြောကြလျှင် နိုင်ငံတော်သမ္မတသည် ပေးအပ်သောတာဝန်ကိုကြေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့ မဟုတ် ဒုတိယ၀န်ကြီးတဦးဦးအား ရာထူးမှနုတ်ထွက်ရန်ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင်တာဝန်မှရပ်စဲရမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅ (ဂ) တွင် ပါရှိပေသည် ။ ထို့ ကြောင့် သမ္မတသည်သူ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးခြင်းဖြစ်ပေ၏ ။ သို့ သော် ကျွန်တော်နားမလည်သောအချက်မှာ သမ္မတက ထိုသို့  ရာထူးမှမထုတ်ပယ်မီ မိမိဆန္ဒအရ ရာထူးမှ နုတ်ထွက်ရန် (သို့ မဟုတ် ) နေပြည်တော်ကောင်စီသို့ ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရန် NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကခေါ်ယူတွေ့ ဆုံပြောကြားသည်ဟု ကာယကံရှင် ဒေါက်တာထွန်းဝင်းကပြောကြားကြောင်း ဒေးလီးအလဲဗင်းသတင်းစာ ( ၂၀.၁၁.၂၀၁၆ )တွင်ဖော်ပြခဲ့သည် ။ ထိုအခါ မရှင်းသည်မှာ ဒုဝန်ကြီးတယောက်ကို ရာထူးမှ ထုတ်ရန် ၊ပြောင်းရွှေ့ ရန်လုပ်ပိုင်ခွင့်နှင့်တာဝန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏တာဝန်ဖြစ်သည် ။ ခေါ်ပြောစရာရှိလျှင် သမ္မတကိုယ်တိုင်သော်လည်းကောင်း ၊ ဒုတိယသမ္မတတဦးဦးအားလည်းကောင်း (သို့ မဟုတ် ) သမ္မတရုံးဝန်ကြီး မှသော်လည်းကောင်း ၊ ယုတ်စွအဆုံး နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူကိုယ်စားလှယ်အဖြစ်တရားဝင်ခန့် အပ်ခံထားရသူ တဦးကသော်လည်းကောင်း ဒုဝန်ကြီးအားခေါ်ယူပြောဆိုရမည်ဖြစ်ပါသည် ။ အစိုးရအဖွဲ့၏လုပ်ငန်းသည် ပါတီလုပ်ငန်းမဟုတ်သဖြင့် ပါတီမှအမှုဆောင်လူကြီးတယောက်၏အလုပ်မဟုတ်ပေ ။ ထို့ အခါ သမ္မတလုပ်ရမည့်အလုပ် ကို ဦးဝင်းထိန်က ၀င်ရောက်လုပ်ကိုင်ခြင်းကြောင့် သမ္မသည် ဦးထင်ကျော်လား ဦးဝင်းထိန်လားဟုပင် ဇဝေဇ၀ါဖြစ်မိပါသည် ။ နိုင်ငံတော်ပြန်တမ်းတွင်တော့ နိုင်ငံတော်သမ္မတမှာ ဦးထင်ကျော်ဟုရေးသားထုတ်ပြန်ထားပါသည် ။ ပြောလိုရင်းမှာ ၀န်ကြီးတယောက် ကိုသမ္မတကြီးကရာထူးမှ ဖြုတ်ခြင်း ခန့်ခြင်းကိစ္စကို ထောက်ခံသော်လည်း ဦးဝင်းထိန်ထိုကိစ္စတွင်ပါဝင်ပါတ်သက်နေတာသဘာဝမကျကြောင်းပြောလိုရင်းဖြစ်သည် ။ ဦးဝင်းထိန်သည် ပါတီအမှုဆောင်လူကြီးဖြစ်သော်လည်း အစိုးရအဖွဲ့ တွင် ပါဝင်သူမဟုတ်ပါ ။ ကျွန်တော်တို့ နိုင်ငံတွင် အရောရောအထွေးထွေးဖြစ်နေသည်များရပ်တန့် ဖို့ အချိန်တန်ပါပြီ ။ အစိုးရသည် အစိုးရအလုပ်လုပ် ၊နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီအလုပ်လုပ် ၊လွှတ်တော်သည် လွှတ်တော်အလုပ်ကိုလုပ် ၊ တရားစီရင်ရေးသည် တရားစီရင်ရေးအလုပ်ကိုလုပ်၊ တပ်မတော်သည် တပ်မတော်အလုပ်လုပ် ၊ရဲတပ်ဖွဲ့ သည် ရဲတပ်ဖွဲ့အလုပ်ကိုလုပ်၊၀န်ထမ်းသည်ဝန်ထမ်းအလုပ်ကိုလုပ်ကြလျှင်နိုင်ငံတော်တိုးတက်ကြီးပွားပါမည် ။ထိုသို့ မဟုတ်ပဲ Separation of Power ကိုခွဲဝေမကျင့်သုံးပဲ ပါလေရာဆားကဲ့သို့ တမိုးလုံးဖျောက်ဆိတ်လုပ်နေကြလျှင် Balance of Power ခေါ်အာဏာဟန်ချက်ပျက်သွားပေလိမ့်မည် ။ န.၀.တ ၊န.အ.ဖ စစ်အစိုးရခေတ်က ဗိုလ်ချုပ်ခင်ညွန့် တို့အဖွဲ့ နေရာတကာဝင်ပါကဲ့သို့ပြန်ဖြစ်သွားပါမည် ။ ထို့ ကြောင့် ပါတီကိစ္စများကို သမ္မတဦးထင်ကျော်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့က၀င်မစွက်ဖက်သလို အစိုးရလုပ်ရမည့်အလုပ်များကိုလည်းပါတီက၀င်ရောက်မစွက်ဖက်ဖို့ လိုသည် ။ 

     သို့ သော်ကျွန်တော်တို့ နိုင်ငံသည် စတည်ကတည်းကကြီးမားသောအားနည်းချက်ရှိခဲ့သည် ။ ထိုအားနည်းချက်မှာ သမ္မတဦးသိန်းစိန်လက်ထက်မှာရော ၊ သမ္မတ ဦးထင်ကျော်လက်ထက်မှာရော သမ္မတများသည် အစိုးရအဖွဲ့ ကိုသူတို့စိတ်တိုင်းကျဖွဲ့ခွင့်မရခဲ့ခြင်းဖြစ်သည် ။အထက်မှချပေးသောဝန်ကြီးစာရင်းကိုသာ လက်ခံ၍အလုပ်လုပ်ခဲ့ရသည် ။တပ်မတော်မှချပေးသော ၀န်ကြီးသုံးပါးကိုသာဆိုလိုသည်မဟုတ်သေး ။ ဦးသိန်းစိန်အစိုးရအဖွဲ့၏ အမည်စာရင်းအားလုံးကိုတင်သွင်းသူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖြစ်သည် ။ ဦးသိန်းစိန် ဦးရွှေမန်း အပါအ၀င် သူပုံစံချ ခန့်အပ်သွားသော လူစာရင်းကိုကျန်သူများက လိုက်နာ အလုပ်လုပ်ရခြင်းဖြစ်သည် ။ ထို့ကြောင့် သမ္မတသည်အထွတ်အထိပ်ဆိုသော်ငြား ဦးသန်းရွှေအလိုတော်ကျ ဖွဲ့စည်းခဲ့သော ၀န်ကြီးအဖွဲ့ သာဖြစ်ခဲ့သည် ။ သမ္မတဦးထင်ကျော်လက်ထက်တွင်လည်း ထိုစဉ်က NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အနိုင်ရပါတီခေါင်းဆောင်တယောက်အနေနှင့် အစိုးရအဖွဲ့စာရင်းကို ရွေးချယ်တာဝန်ပေးခဲ့ခြင်းဖြစ်သည် ။ သမ္မတဦးထင်ကျော်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပင်တင်မြောက်ရန် လူစာရင်းပေးခဲ့ခြင်းဖြစ်သည် ။ ထို့ ကြောင့် အစိုးရအဖွဲ့ ကက်ဘိနက်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဦးသန်းရွှေအလိုကျဖွဲ့စည်းခဲ့ပြီး ဦးထင်ကျော်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်အလိုကျဖွဲ့စည်းထားခဲ့ခြင်းဖြစ်ရာ သမ္မတများထက် သူတို့နောက်ကွယ်က ပုဂ္ဂိုလ်များက ပိုမိုအာဏာရှိနေလေသည် ။ ထို့ ကြောင့် ၀န်ကြီးများရာထူးမှဖြုတ်ခြင်း ပြောင်းရွေ့ ခြင်းများကိုလုပ်သောအခါတွင်လည်း သမ္မတများသည် နာမည်ခံလက်မှတ်ထိုးရတာလောက်များဖြစ်မလားဟုတွေးမိပါသည် ။ သေချာသည်ကတော့ အလုပ်ခန့် ရာတွင် ကိုယ့်အာဏာမတည်ခဲ့သော ပုဂ္ဂိုလ်တယောက်အား အလုပ်ဖြုတ်ရာတွင်လည်း ထိုသူသည် အာဏာရှိမည်မထင်ပေ ။ ထို့ ကြောင့်ပဲ ဦးဝင်းထိန်သည် ၀င်ပါနေသလားဟုတွေးမိပါသည် ။ ဘာပဲဖြစ်ဖြစ် အစိုးရကိစ္စတွင် သမ္မတသည်သာအခရာဖြစ်သည် ။ပါတီမှဝင်ပါနေသည်ကတော့မြင်လို့မကောင်းချေ ။ပါတီဝင်အချင်းချင်းမို့ ပြောစရာရှိလျှင် အခြားကိစ္စပြောသင့်ပြီး ၀န်ကြီးရာထူးနုတ်ထွက်သည့်ကိစ္စ ဌာနပြောင်းရွှေ့သည့်ကိစ္စများမပြောအပ်ပေ။

    နိဂုံးချုပ်ပြောရလျှင် သမ္မတသည် မိမိနှင့်မူဝါဒမတူသူ ၊ စိတ်ကြေနပ်မှုမရှိသူဝန်ကြီးတဦးကို လမ်းခွဲတာ အမှားမဟုတ်ပါ ။ ပြတ်ပြတ်သားသားလုပ်နိုင်ပါသည် ။ ထိုသို့ လုပ်ရာတွင် မိမိသဘောဆန္ဒ အာဏာအပြည့်ဖြင့်ဆောင်ရွက်ခဲ့လျှင်ပို၍ကောင်းပါသည် ။ ထိုသို့  သဘောထားမတိုက်ဆိုင်သော ၀န်ကြီးတဦးကို ရာထူးမှရပ်စဲသလို အကျင့်စာရိတ္တမကောင်းသော ၀န်ကြီးများကိုလည်းရာထူးမှရပ်စဲပါ ၊ အကျင့်ပျက်ခြစားသည်ဟု သံသယရှိသူ ၀န်ကြီး ၊ဒုဝန်ကြီး၊ အမြဲတန်းအတွင်းဝန် ၊ညွှန်ချုပ် များအားလည်း စုံစမ်းစစ်ဆေးအရေးယူပါ ။ လူမှုရေးဖောက်ပြန်၍တလင်တမယားဥပဒေကိုပမာမခန့် လုပ်နေသော ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်များအားလည်း ပြတ်ပြတ်သားသား ကိုင်တွယ်အရေးယူပါ ။ ခရိုနီများနှင့် ပလူးပလဲလုပ်နေသော အစိုးရအရာရှိကြီးများအားလည်း ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ပါ ။ ၀န်ကြီးများကိုပညာပြနေသော အရာရှိဆိုးများအားလည်း အရေးယူပါ။ မှန်မှန်ကန်ကန်ဆောင်ရွက်နေသောသူများကို အကာအကွယ်ပေးပါ။ချီးမြင့်မြှောက်စားပါ ။ထိုသို့ဆိုလျှင် ကာတွန်းဆရာများကကြည်စယ်ခေါ်ဝေါ်နေသော ရေခဲတုံးသမ္မတကြီးဟူသောအမည်ပျောက်သွားပြီး သွက်လက်ထက်မြက်၍ ပြည်သူလူထုနှင့်တသားတည်းရှိသော၊ ပြည်သူကိုရေလိုအေးမြစေသော၊ရပ်တည်စရာ မြေကြီးလိုအကာအကွယ်ပေးသော၊ အသက်ရှူရန်လေပြေလေညင်းလိုအသက်ဓာတ်ကိုပေးသော ၊ ရန်သူကိုမီးလိုကျင့်သုံးသော ရေမြေလေမီး သမ္မတကြီးဟု အားလုံးကခေါ်ဝေါ်ကြမည်ဖြစ်ပါကြောင်း ။

သရ၀ဏ်(ြ   ပြည်) 

စောင့်ကြည့်ဂျာနယ်
၂၅.၁၁.၂၀၁၆

Military tech
















Thursday, November 24, 2016

အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများ




(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း

(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း

(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း


(၁) အောင်ဆန်းသူရိယ အေးချို
-----------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၅၁၈၀

ဘွဲ့ရစဉ်အဆင့် - ဗိုလ်မှူး

အမည် - အေးချို(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၈)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင် နတ္တလင်းတွင်တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်မျးပြားသောရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် ကွန်မြူနစ်တပ်များ ဆက်လက်ပြီး မချီတက်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ထူးကဲမြင့်မားလှသောရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သောစိတ်ဓါတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာဒဏ်ရာရရှိကာ ၁၉၄၈ သြဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အတွက်တာဝန်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံးချီးမြှုင့်ခြင်းခံရသူဖြစ်သည်။


(၂) အောင်ဆန်းသူရိယ တိုက်ချွန်း
-------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၇၂၈၈

ဘွဲ့ရစဉ်အဆင့် - ဗိုလ် (နောင်တွင်ဗိုလ်ကြီး)

အမည် - တိုက်ချွန်း

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့် ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏၀ိုင်းဝန်းပစ်ခတ်ခြင်းကိုခံနေရစဉ် ဗိုလ်တိုက်ချွန်းသည် ရန်သူများအတွင်းဝင်ရောက်ကာ အများအပြားကျဆုံးအောင် သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။

ဗိုလ်တိုက်ချွန်းသည် ယင်းသို့စံတင်လောက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ပြုလောက်သည့်စွန့်စားခြင်းတို့ဖြင့် ၁၀-၄-၄၉ နေ့ စော်ဘွားကြီးကုန်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၆-၄-၄၉ နေ့ ဦးစက္ကိန်ကျောင်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၈-၄-၄၉ နေ့ ရန်သူ့ခံကတုတ်ကိုချေမှုန်း တိုက်ခိုက်ရာတွင်လည်းကောင်းအသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းရွက်ခဲ့သည့်အတွက်နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

ဗိုလ်တိုက်ချွန်းသည် ယခင်တိုက်ပွဲတွင်လည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။


(၃) အောင်ဆန်းသူရိယ လှသောင်း
------------------------------
ကိုယ်ပိုင်အမှတ် - ၈၈၈၆၅

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - လှသောင်း(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၉)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကိုဝိုင်းဝန်းတိုက်ခိုက်ရာ တပ်သားလှသောင်းသည် အသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ ရန်သူအများအပြားကျဆုံးအောင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခြင်းဖြင့် ရန်သူ၏ထိုးစစ်ကိုဟန့်တားနိုင်ခဲ့သည့်အပြင် မိမိဘက်မှ တပ်ဖွဲ့ဝင်များအထိခိုက်မရှိဆုတ်ခွာပေးနိုင်အောင် နောက်ချန်ကာဘရင်းစက်သေနတ်ဖြင့် ကာပစ်ပစ်ပေးနေစဉ်ရန်သူ့လက်ချက်ဖြင့် နိုင်ငံတော်အတွက်အသက်ပေးလှူသူဖြစ်သည့်အလျောက် နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

တပ်သားလှသောင်းသည် ရခိုင်၊မြစ်ဝကျွန်းပေါ်၊ဇီးကုန်း၊၀က်ကော်နှင့် အင်းစိန်တိုက်ပွဲတို့တွင်လည်း အသက်ကိုပဓါနမထားပဲ၊ထူးကဲမြင့်မားသောရဲစွမ်းသတ္တိ၊ကြံခိုင်ထက်မြက်သောစိတ်ဓါတ်တို့ဖြင့် ထူးချွန်စွာတာဝန်ထမ်းရွက်ခဲ့သူ ဖြစ်သည်။



(၄) အောင်ဆန်းသူရိယ စောမြင့်
----------------------------
ကိုယ်ပိုင်အမှတ် - B/00603

ဘွဲ့ရရှိစဉ်ကအဆင့် - တပ်သား

အမည် - စောမြင့်(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲရရှိစဉ် တာဝန်ထမ်းဆောင်သည့်
တပ်ရင်း - အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၂) ခြေမြန်တပ်မ ဌာနချုပ်(တွဲဖက်)

ဘွဲ့အပ်နှင်းခံရသော အမိန့်အာဏာ - ၃/အထူး/၅၂

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

တပ်သားစောမြင့်သည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့အဆက်အသွယ်ယူနိုင်ခဲ့ကာ (၂၄.၆.၅၁)တွင် စောဘရီနှင့် အရပ်သား(၄)ဦးပါ အဖွဲ့ငယ်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။

ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။

တပ်သားစောမြင့်သည် ယင်းကဲ့သို့ မိမိရဲဘော်များအတွက် ကိုယ်ကျိုးမဖက်အသက့်စွန့်ဆောင်ရွက်ချက်သည် အလွန်မြင့်မြတ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည့်အလျောက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့အားချီးမြှင့်ခြင်း ခံရသည်။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။


(၅) အောင်ဆန်းသူရိယ စောဘရီ
----------------------------
ကိုယ်ပိုင်အမှတ် - မရှိ

ဘွဲ့ရရှိစဉ်က အဆင့် - အရပ်သား

အမည် - စောဘရီ (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲ့ရရှိစဉ် တာဝန်ထမ်းဆောင်သည့် တပ်ရင်း - အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ထိုတိုက်ပွဲတွင် ရန်သူများမှ အပြင်းအထန် ၀ိုင်းဝန်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။

စောဘရီသည် မိမိအား ပေးအပ်သည့်တာဝန်ကို ပြီးမြောက်အောင်မြင်သည်အထိ ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိဖြင့် တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည့်အတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့ကိုချီးမြှင့်ခဲ့သည်..။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။
(စောဘရီဟာ အရပ်သားဆိုပေမယ့် အလင်းဝင် ကေအင်ဒီအိုဟောင်းဖြစ်သည်)


(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
--------------------------------

ကိုယ်ပိုင်အမှတ် - ၀၁၉၁၄

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - စွက်(က်) ဗဟာဒူးရိုင်း (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၄)ခြေလျင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၁

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူသောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ တပ်သားစွက်(က်) ဗဟာဒူးရိုင်းသည် မိမိတပ်ခွဲ၏ရိက္ခာတင်ထရပ်ကား(၇)စီးကို ရန်သူဝိုင်းဝန်းပစ်ခတ်မှုမှ ရွပ်ရွပ်ချွံချွံခုခံကာကွယ်နိုင်ခဲ့သည့်အပြင် မိမိတပ်ခွဲအား ရန်သူအင်အားကြီးမားစွာ ၀ိုင်းဝန်းပစ်ခတ်နေသည့်ကြားမှ ဘရင်းစက်သေနတ်ဖြင့် ရန်သူ ၁၀၀ ကျော် ကျဆုံးသည်အထိမိမိအသက်ကို ပဓါနမထားပဲ ရန်သူများအတွင်းသို့ ရဲဝံ့စွန့်စားစွာဝင်ရောက် ပစ်ခတ်ရင်း ရန်သူ၏လက်ပစ်ဗုံးထိမှန်ကာ နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့သူဖြစ်သည့်အလျောက် နိုင်ငံတော်၏ အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

စွက်(က်) ဗဟာဒူးရိုင်းသည် ဂေါ်ရခါးလူမျိုးဖြစ်ပြီး ယခင်ကလည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် စစ်သေနာပတိချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။

Wednesday, November 23, 2016

https://www.blogger.com/blogger.g?blogID=3305533810347035086#editor/target=post;postID=5194440219838164499

ဗိုလ်အောင်ကျော် (၁၉၁၅ - ၁၉၃၈)






ဗိုလ်အောင်ကျော် (၁၉၁၅ - ၁၉၃၈)

ထောင့်သုံးရာပြည့် အရေးတော်ပုံ အတွင်းက နိုင်ငံနှင့် လူမျိုး အတွက် အသက် စွန့်သွားသော ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် သည် အင်္ဂပူ မြို့နယ် ရုံးဇင်ရွာ ဇာတိ ဖြစ်သည်။ အမည်ရင်းမှာ ကိုအောင်ကျော် ဖြစ်သော်လည်း နိုင်ငံနှင့် လူမျိုး အကျိုး ဆောင်ရွက် ရာတွင် အသက် ကိုပင် စွန့်လွှတ်ရဲသူ ဖြစ်၍ အာဇာနည် ခေါင်းဆောင် အဖြစ် သတ်မှတ်ပြီး ကျောင်းသားထုကြီးနဲ့ တပြည်လုံးရှိ မြန်မာလူထု ကြီးက ဗိုလ်အောင်ကျော်ဟု ခေါ်ကြသည်။ 

ဗိုလ်အောင်ကျော်၏ မိဘများမှာ တိုင်းရင်း မြန်မာ အလယ်တန်း ကျောင်းအုပ် ဦးကျော်ထင်နှင့် ဒေါ်ရွှေကျော့တို့ ဖြစ်ကြသည်။ မွေးသက္ကရာဇ်မှာ ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့ ဖြစ်သည်။

သတ္တမတန်းကို မဲဇလီကုန်း အမျိုးသား အလယ်တန်း ကျောင်းမှ အောင်မြင်ပြီး ဟင်္သာတမြို့ ဒေါက်တာ ကမ်းမင်း ကျောင်းမှ ဆယ်တန်း အောင်သည်။ ဆယ်တန်း အောင်ပြီးနောက် ဂျပ်ဆင် ကောလိပ်တွင် ဆက်လက် ပညာ သင်ယူသည်။ ဗိုလ်အောင်ကျော်သည် မြန်မာ စာတွင် ထူးချွန်၍ အမျိုးသား စိတ်ဓာတ် ပြင်းထန်သူ ဖြစ်သည့် အလျောက် အမျိုးသားရေးကို လှုံ့ဆော်ပေးသည့် ဆောင်းပါးများ ရေးသားခဲ့သည်။ ကောလိပ်တွင် ပညာ သင်ယူ နေစဉ် အမျိုးသားရေးကို လှုံ့ဆော်သည့် တရားပွဲများ၊ ဟောပြောပွဲများ၊ စကားရည်လုပွဲများတွင် ရှေ့တန်းမှ ပါဝင် ဆောင်ရွက်ခဲ့သည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ တို့တွင်လည်း အလုပ်အမှုဆောင် အဖွဲ့ဝင် တဦး ဖြစ်သည်။ 

ထို့ကြောင့် ထောင့်သုံးရာပြည့် အရေးတော်ပုံ အတွင်း ပေါ်ပေါက် ခဲ့သော ကျောင်းသား များ၏ လှုပ်ရှားမှုတွင် ခေါင်းဆောင် တဦး အဖြစ် ပါဝင် လှုပ်ရှား ခဲ့သည်။ ထိုအရေးတော်ပုံ အတွင်း ကောလိပ် ကျောင်းသားများ အပါအဝင် ရန်ကုန် မြို့ရှိ ကျောင်း ပေါင်းစုံမှ ကျောင်းသား များက ၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ အတွင်းဝန်ရုံးကို ဝိုင်း၍ ဆန္ဒ ပြခဲ့ ကြသည်။ 

ဆန္ဒပြ ကျောင်းသား များကို အင်္ဂလိပ် နယ်ချဲ့ အစိုးရ၏ ပုလိပ် တပ်သား များက မြင်းဖြင့်တိုက် တုတ်ဖြင့် ရိုက်သောကြောင့် ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော် အပါအဝင် ကျောင်းသား လူငယ် ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ထို အရေးအခင်းတွင် ရရှိသော ဒဏ်ရာဖြင့် ဗိုလ်အောင်ကျော်သည် ၁၉၃၈ ခု၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သေဆုံး ခဲ့ရသည်။ ဤသို့ဖြင့် ဒုတိယနှစ် ဥပစာ တန်းသား ဘဝတွင် သေဆုံး ခဲ့ရသည်။

ဗိုလ်အောင်ကျော် ဈာပန ကော်မတီက သူရဲကောင်း အာဇာနည် အဖြစ် "နေမျိုး သီဟ သူရ ဗိုလ်အောင်ကျော်"ဘွဲ့ ပေးခဲ့၍ ဗိုလ်အောင်ကျော်ဟု ထင်ရှား ခဲ့သည်။ ဗိုလ်အောင်ကျော်သည် ခုံဖိနပ် စီး၍ ပင်နီ တိုက်ပုံ ဝတ်ကာ ကတုံး ဆံတောက် ထားသည်။ ထို့ကြောင့် ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုသည့် အနေဖြင့် လည်းကောင်း၊ သတိ ရသည့် အနေဖြင့် လည်းကောင်း ဗိုလ်အောင်ကျော် ထားသည့် ဆံပင် ပုံစံကို အောင်ကျော် ဆံတောက်ဟု ကိုလိုနီခေတ် အတွင်းက ခေါ်ခဲ့ ကြသေးသည်။

ဂုဏ်ပြုခြင်း

ကျောင်းသား ခေါင်းဆောင် ဗိုလ်အောင်ကျော်အား ဂုဏ်ပြုခြင်းအားဖြင့် ရန်ကုန်မြို့ အတွင်းဝန်ရုံးဘေးရှိ လမ်းကို ဗိုလ်အောင်ကျော်လမ်းဟု ခေါ်တွင်စေခဲ့သည်။ ယခုအခါ ဗိုလ်အောင်ကျော်လမ်းနှင့် ကမ်းနားလမ်းရှိ ဆိပ်ကမ်းကို ဗိုလ်အောင်ကျော် ဆိပ်ခံတံတား အဖြစ်သတ်မှတ်လိုက်သည်။
ကိုးကား

၂၀၀၀ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ 'ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်' မှ

Tuesday, October 4, 2016











အမေရိကန် Visa ကံစမ်းလို့ရပြီ


၂၀၁၈ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ပြောင်းရွှေ့ အခြေချ နေထိုင်ခွင့်ရစေမယ့် ပြည်ဝင်ခွင့် DV ကံစမ်းမဲ အစီအစဉ်တွေကို{http://adf.ly/1eWz32ဤနေရာတွင်ကြည့်ပါ} မြန်မာစံတော်ချိန် အောက်တိုဘာလ ၄ ရက် မွန်းတည့်ချိန်ကနေ စတင်လက်ခံပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက တရားဝင် ကြေညာထားပါပြီ။ အမေရိကန်နိုင်ငံမှာ လာရောက် အခြေချလိုသူတွေကို နှစ်စဉ် လူဦးရေ ၅ သောင်းကို DV ကံစမ်းမဲ အစီအစဉ်နဲ့ ကျပန်းမဲဖောက်ပေးနေတာဖြစ်ပြီး အခု ခေါ်ယူတဲ့ ကံစမ်းမဲ ပေါက်သူတွေဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ကို ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကံစမ်းမဲလျှောက်လွှာမှာဖြည့်သွင်းရမယ့် အချက်အလက်တွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အမေရိကန်သံရုံး ဝဘ်ဆိုဒ်မှာရော၊ သံရုံးရဲ့ Facebook စာမျက်နှာပါ ရယူနိုင်ပါတယ်။ ကံစမ်းမဲလျှောက်လွှာအတွက် အရည်အချင်းပြည့်မီတဲ့ လိုအပ်ချက်တွေအနက် ဗီဇာလျှောက်ထား လိုသူဟာ အထက်တန်းပညာ (သို့) အထက်တန်းပညာနဲ့ညီမျှတဲ့ အတတ်ပညာ တတ်မြောက်ရပါမယ်လို့ သတ်မှတ်ထားပါတယ်။ အနည်းဆုံး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးတွေကို ၁၂ နှစ် ဆည်းပူးအောင်မြင်ရမယ်လို့ ဆိုလိုပါတယ်။ ဒါမှမဟုတ်ရင် ငါးနှစ်အတွင်း အလုပ်သင် သင်တန်း သို့မဟုတ် လုပ်ငန်းအတွေ့အကြုံ ကို နှစ်နှစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ဖို့ လိုအပ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လျှောက်လွှာတွေကို စစ်ဆေးရာမှာ ခေတ်မီ ဆန်းသစ်တဲ့ နည်းပညာကို သုံးပြီး လူတစ်ယောက်က လျှောက်လွှာ တစုံထက် ပိုပြီးလျှောက်ခဲ့မယ်ဆိုရင် လုံးဝလက်ခံမှာ မဟုတ်ဘဲ လျှောက်လွှာ အားလုံးကို ပယ်ချမှာဖြစ်ကြောင်း စည်းကမ်းချက်ထဲမှာ ပါရှိပါတယ်။ အီလက်ထရောနစ်နည်းနဲ့ တင်သွင်းတဲ့ လျှောက်လွှာကိုသာ လက်ခံမှာဖြစ်ပြီး လျှောက်လွှာ တင်ရမယ့် ဝဘ်ဆိုဒ်လိပ်စာက - http://adf.ly/1eWz32 ဖြစ်ပါတယ်။

အမေရိကန်သံရုံး ကောင်စစ်ဌာနက ကံစမ်းမဲလျှောက်လွှာနဲ့ပတ်သက်လို့ စိတ်ဝင်စားလျှောက်ထားလိုသူတွေကို ရှင်းလင်းပြောကြားမယ့် အစီအစဉ်တွေကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အခမဲ့ ကျင်းပပေးသွားဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာ ပထမအကြိမ် ဟောပြောပွဲကို YMCA အဆောက်အဦးရှိ ပဉ္စသိင်္ခ ခန်းမမှာ အောက်တိုဘာ ၇ ရက် သောကြာနေ့၊ အောက်တိုဘာလ ၁၃ ရက် ကြာသပတေးနေ့မှာ ယုဒဿန် ခန်းမနဲ့ အောက်တိုဘာလ ၁၄ ရက်မှာ အမေရိကန်စင်တာမှာ အသီးသီး စီစဉ်ထားပြီး အချိန်ကတော့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ တချိန်တည်း ဖြစ်ပါတယ်။

မန္တလေးမှာတော့ ဂျက်ဖာဆင် စင်တာမှာ အောက်တိုဘာ ၁၁ ရက်၊ အင်္ဂါနေ့၊ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ ဖြစ်ပါတယ်။

ဟောပြောပွဲတိုင်းမှာ DV ကံစမ်းမဲ လျှောက်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုသာမက မဲပေါက်သူတွေလည်း ဘာတွေဆက်ပြီးလုပ်ရမယ်ဆိုတာကို ကောင်စစ်ဌာန အရာရှိက ရှင်းပြမှာဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြောပြပေးပါလိမ့်မယ်။ ဟောပြောပွဲတက်ရောက်သူတွေက ကံစမ်းမဲနဲ့ပတ်သက်လို့ မေးမြန်းတာတွေကိုလည်း ဖြေကြားပေးဖို့ စီစဉ်ထားပါတယ်။

အင်တာနက်ကနေ လျှောက်လွှာတင်ရမှာဖြစ်လို့ - တပြိုင်တည်းမှာ လူသုံးများနေရင် လျှပ်စစ်နဲ့ အင်တာနက်ဆိုင်ရာ အသုံးများမှုပေါ် မူတည်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နိုင်တာကြောင့် နောက်ဆုံးရက်၊ နောက်ဆုံးသီတင်းပတ်အထိ စောင့်ဆိုင်းမနေကြဘဲ စောစောစီးစီး လျှောက်လွှာတင်ပို့ကြဖို့ကိုလည်း အမေရိကန်သံရုံးက အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အသိပေးစာမှာ တပါတည်း ဖော်ပြထားပါတယ်။

ပြည်ဝင်ခွင့်ကံစမ်းမဲ လျှောက်လွှာတွေကို အောက်တိုဘာ ၄ ရက်၊ အင်္ဂါနေ့ မွန်းတည့်မှစပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၇) ရက်၊ တနင်္လာနေ့ မွန်းတည့်အထိ လက်ခံသွားမှာဖြစ်ပါတယ်။

ဟောပြောပွဲအကြောင်းသိချင်ရင် ကောင်စစ်ဌာနရဲ့ အီးမေးလ် လိပ်စာ ConsularRangoon@State.gov ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကနေ DV ပြည်ဝင်ခွင့် ကံစမ်းမဲပေါက်သူပေါင်း ၂၃၆ ဦးရှိပြီး အဲဒီလူတွေဟာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ကို တရားဝင် လာရောက်ခွင့် ရကြမှာ ဖြစ်ပါတယ်။

၂၀၁၈ နှစ်အတွက် လျှောက်လွှာတွေကို အာရှတိုက်က မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံကို လက်ခံမှာဖြစ်ပါတယ်။

credit ## voa
အမေရိကန် Visa ကံစမ်းလို့ရပြီ


၂၀၁၈ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စုဆီ တရားဝင် ပြောင်းရွှေ့ အခြေချ နေထိုင်ခွင့်ရစေမယ့် ပြည်ဝင်ခွင့် DV ကံစမ်းမဲ အစီအစဉ်တွေကို{http://adf.ly/1eWz32ဤနေရာတွင်ကြည့်ပါ} မြန်မာစံတော်ချိန် အောက်တိုဘာလ ၄ ရက် မွန်းတည့်ချိန်ကနေ စတင်လက်ခံပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက တရားဝင် ကြေညာထားပါပြီ။ အမေရိကန်နိုင်ငံမှာ လာရောက် အခြေချလိုသူတွေကို နှစ်စဉ် လူဦးရေ ၅ သောင်းကို DV ကံစမ်းမဲ အစီအစဉ်နဲ့ ကျပန်းမဲဖောက်ပေးနေတာဖြစ်ပြီး အခု ခေါ်ယူတဲ့ ကံစမ်းမဲ ပေါက်သူတွေဟာ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ကို ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ကံစမ်းမဲလျှောက်လွှာမှာဖြည့်သွင်းရမယ့် အချက်အလက်တွေကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ အမေရိကန်သံရုံး ဝဘ်ဆိုဒ်မှာရော၊ သံရုံးရဲ့ Facebook စာမျက်နှာပါ ရယူနိုင်ပါတယ်။ ကံစမ်းမဲလျှောက်လွှာအတွက် အရည်အချင်းပြည့်မီတဲ့ လိုအပ်ချက်တွေအနက် ဗီဇာလျှောက်ထား လိုသူဟာ အထက်တန်းပညာ (သို့) အထက်တန်းပညာနဲ့ညီမျှတဲ့ အတတ်ပညာ တတ်မြောက်ရပါမယ်လို့ သတ်မှတ်ထားပါတယ်။ အနည်းဆုံး မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပညာရေးတွေကို ၁၂ နှစ် ဆည်းပူးအောင်မြင်ရမယ်လို့ ဆိုလိုပါတယ်။ ဒါမှမဟုတ်ရင် ငါးနှစ်အတွင်း အလုပ်သင် သင်တန်း သို့မဟုတ် လုပ်ငန်းအတွေ့အကြုံ ကို နှစ်နှစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ဖို့ လိုအပ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက လျှောက်လွှာတွေကို စစ်ဆေးရာမှာ ခေတ်မီ ဆန်းသစ်တဲ့ နည်းပညာကို သုံးပြီး လူတစ်ယောက်က လျှောက်လွှာ တစုံထက် ပိုပြီးလျှောက်ခဲ့မယ်ဆိုရင် လုံးဝလက်ခံမှာ မဟုတ်ဘဲ လျှောက်လွှာ အားလုံးကို ပယ်ချမှာဖြစ်ကြောင်း စည်းကမ်းချက်ထဲမှာ ပါရှိပါတယ်။ အီလက်ထရောနစ်နည်းနဲ့ တင်သွင်းတဲ့ လျှောက်လွှာကိုသာ လက်ခံမှာဖြစ်ပြီး လျှောက်လွှာ တင်ရမယ့် ဝဘ်ဆိုဒ်လိပ်စာက - http://adf.ly/1eWz32 ဖြစ်ပါတယ်။

အမေရိကန်သံရုံး ကောင်စစ်ဌာနက ကံစမ်းမဲလျှောက်လွှာနဲ့ပတ်သက်လို့ စိတ်ဝင်စားလျှောက်ထားလိုသူတွေကို ရှင်းလင်းပြောကြားမယ့် အစီအစဉ်တွေကိုလည်း ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ အခမဲ့ ကျင်းပပေးသွားဖို့ရှိပါတယ်။ ရန်ကုန်မြို့မှာ ပထမအကြိမ် ဟောပြောပွဲကို YMCA အဆောက်အဦးရှိ ပဉ္စသိင်္ခ ခန်းမမှာ အောက်တိုဘာ ၇ ရက် သောကြာနေ့၊ အောက်တိုဘာလ ၁၃ ရက် ကြာသပတေးနေ့မှာ ယုဒဿန် ခန်းမနဲ့ အောက်တိုဘာလ ၁၄ ရက်မှာ အမေရိကန်စင်တာမှာ အသီးသီး စီစဉ်ထားပြီး အချိန်ကတော့ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ တချိန်တည်း ဖြစ်ပါတယ်။

မန္တလေးမှာတော့ ဂျက်ဖာဆင် စင်တာမှာ အောက်တိုဘာ ၁၁ ရက်၊ အင်္ဂါနေ့၊ ညနေ ၅ နာရီခွဲကနေ ၇ နာရီအထိ ဖြစ်ပါတယ်။

ဟောပြောပွဲတိုင်းမှာ DV ကံစမ်းမဲ လျှောက်တဲ့ လုပ်ငန်းအဆင့်ဆင့်ကိုသာမက မဲပေါက်သူတွေလည်း ဘာတွေဆက်ပြီးလုပ်ရမယ်ဆိုတာကို ကောင်စစ်ဌာန အရာရှိက ရှင်းပြမှာဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြောပြပေးပါလိမ့်မယ်။ ဟောပြောပွဲတက်ရောက်သူတွေက ကံစမ်းမဲနဲ့ပတ်သက်လို့ မေးမြန်းတာတွေကိုလည်း ဖြေကြားပေးဖို့ စီစဉ်ထားပါတယ်။

အင်တာနက်ကနေ လျှောက်လွှာတင်ရမှာဖြစ်လို့ - တပြိုင်တည်းမှာ လူသုံးများနေရင် လျှပ်စစ်နဲ့ အင်တာနက်ဆိုင်ရာ အသုံးများမှုပေါ် မူတည်ပြီး နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နိုင်တာကြောင့် နောက်ဆုံးရက်၊ နောက်ဆုံးသီတင်းပတ်အထိ စောင့်ဆိုင်းမနေကြဘဲ စောစောစီးစီး လျှောက်လွှာတင်ပို့ကြဖို့ကိုလည်း အမေရိကန်သံရုံးက အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်ထားတဲ့ အသိပေးစာမှာ တပါတည်း ဖော်ပြထားပါတယ်။

ပြည်ဝင်ခွင့်ကံစမ်းမဲ လျှောက်လွှာတွေကို အောက်တိုဘာ ၄ ရက်၊ အင်္ဂါနေ့ မွန်းတည့်မှစပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၇) ရက်၊ တနင်္လာနေ့ မွန်းတည့်အထိ လက်ခံသွားမှာဖြစ်ပါတယ်။

ဟောပြောပွဲအကြောင်းသိချင်ရင် ကောင်စစ်ဌာနရဲ့ အီးမေးလ် လိပ်စာ ConsularRangoon@State.gov ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကနေ DV ပြည်ဝင်ခွင့် ကံစမ်းမဲပေါက်သူပေါင်း ၂၃၆ ဦးရှိပြီး အဲဒီလူတွေဟာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ကို တရားဝင် လာရောက်ခွင့် ရကြမှာ ဖြစ်ပါတယ်။

၂၀၁၈ နှစ်အတွက် လျှောက်လွှာတွေကို အာရှတိုက်က မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၂ နိုင်ငံကို လက်ခံမှာဖြစ်ပါတယ်။

credit