Showing posts with label children. Show all posts
Showing posts with label children. Show all posts

Thursday, April 21, 2016

ဒီအမှားတွေလုပ်တတ်တဲ့ ကလေးငယ်တွေက အောင်မြင်ပျော်ရွှင်တဲ့ လူကြီးတွေ ဖြစ်လာတတ်

ဒီအမှားတွေလုပ်တတ်တဲ့ ကလေးငယ်တွေက အောင်မြင်ပျော်ရွှင်တဲ့ လူကြီးတွေ ဖြစ်လာတတ်

မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ထူးချွန်ထက်မြက်ပြီး အောင်မြင်ပျော်ရွှင်နေတဲ့သူတွေ အဖြစ်မြင်ချင်ကြတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အမှားတွေကို ခွင့်မလွှတ်ဘဲ ဆုံးမတတ်ကြပါတယ်။ တကယ်တော့ အောင်မြင်မှု အတွက် အမှားလုပ်ဖို့ လိုအပ်ပါတယ်လို့ သုတေသနရလဒ်တွေက ဆိုနေပါတယ်။

အမှားလုပ်မိတဲ့အချိန်မှာ စိတ်ညစ်စရာ အရှက်ရစရာ အဆင်မပြေစရာတွေ ကြုံရတာ အမှန်ပဲ ဖြစ်ပါတယ်။ဒါပေမဲ့ အမှားလုပ်မိခြင်းက ဖန်တီးနိုင်စွမ်းနဲ့ သိလိုစိတ်ပြင်းပြမှုတွေကို ဖြစ်စေပါတယ်။ အခက်အခဲတွေကနေ သင်ယူလိုက်ရတဲ့ သင်ခန်းစာတွေက် ပိုကောင်းတဲ့ သင်ကြားမှု တစ်ခု ဖြစ်စေတတ်ပါတယ်။ နောက်ပြီး ပိုပြီးလည်း မှတ်မိနေစေပါတယ်။ အမှားလုပ်မိခြ

ဒါကြောင့် ကလေးတွေ အမှားတစ်ခု ကျူးလွန်လို့ ဒေါသထွက်မိပြီဆိုရင် ဒါက ကိုယ့်ကလေးရဲ့ အနာဂတ်မှာ အောင်မြင်ပျော်ရွှင်တဲ့ ဘဝရစေမယ့် အကြောင်းရင်း ဖြစ်အောင် ကူညီပေးပြီး စိတ်လျှော့လိုက်သင့်ပါတယ်။အောင်မြင်မယ့်လူကြီးတွေ ဖြစ်လာမယ့် ကလေးတွေလုပ်လေ့ရှိတဲ့ အမှားတွေကတော့-

-အိမ်ကို အကြီးအကျယ်ရှုပ်ပွစေတာ

နံရံတွေပေါ်မှာ အရုပ်တွေဆွဲတာ။ကိရိယာ တန်ဆာပလာတွေ အများကြီး သုံးပြီး အရုပ်တွေလုပ်တာ မျိုးတွေက ဖန်တီးနိုင်စွမ်းရှိတာကို ပြတာ ဖြစ်ပါတယ်။

-အဆင့်ကျတတ်တာ

ကျောင်းစာတစ်ခုတည်း အာရုံမစိုက်နိုင်ဘဲ တခြားစိတ်ဝင်စားစရာ အရာတွေကို စူးစမ်းချင်တဲ့ အတွက် အဆင့်ကျတတ်ပါတယ်။ စူးစမ်းလိုစိတ်က အောင်မြင်စေတဲ့ အဓိက တွန်းအားဖြစ်ပါတယ်။

-မိဘတွေကို ပြန်ပြောတာ

ရိုင်းပျစွာ ပြန်ပြောတာ မဟုတ်ဘဲ အကျိုးအကြောင်း အချက်အလက်တွေနဲ့ ပြန်ရှင်းပြတတ်တာက ကောင်းတဲ့အလေ့အကျင့် ဖြစ်တဲ့အတွက် မိဘကို ပြန်မပြောနဲ့ ဆိုတာမျိုး အော်မပစ်ဘဲ လက်ခံပေးသင့်ပါတယ်။

-အူကြောင်ကြောင် အဝတ်အစားတွေ ဝတ်ဆင်တတ်တာ

ကလေးတွေအတွက် သူတို့ကြိုက်တဲ့ အဝတ်အစားတွေက သူတို့ဘယ်သူလဲဆိုတာ ပြသလို ခေတ်ကို ကျော်လွန်စမ်းသပ်လိုတဲ့ သင်္ကေတပဲဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်ကင်းပြီး ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်စေဘူးဆိုရင်တော့ သူကြိုက်တဲ့ အဝတ်အစားတွေကို ဝတ်ဖို့ခွင့်ပြုလိုက်သင့်ပါတယ်။

-မလုပ်နဲ့လို့တားထားတဲ့ အရာတွေကို လုပ်တတ်တာ

လူကြီးတွေက တားမြစ်ထားပေမဲ့ ကလေးတွေ ခိုးလုပ်တတ်ကြတဲ့ အရာတွေရှိပါတယ်။စွဲလန်းသွားစေတတ်တဲ့ အရာတွေ၊အကြီးအကျယ် ဒုက္ခဖြစ်စေတဲ့ အရာတွေကလွဲရင် မကောင်းတဲ့ ရွေးချယ်မှုကြောင့် ရလာမယ့်အကျိုးဆက်တွေကို လွတ်လပ်စွာ ခံစားခွင့်ပြုလိုက်ပါ။ကိုယ်တိုင်ကြုံတွေ့ရလိုက်ရတဲ့ ဒုက္ခက စကားနဲ့ ပြောပြတာထက် ပိုပြီး သက်ရောက်မှု ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Ref:yourtango
ခင်သူဇာ -