ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးသုံးသပ်ချက်
Myanmar Breaking News (မြန်မာသတင်းများစုစည်းမှု) / 2 hours ago
၂ဝ၁၁ ခုနှစ်တွင် တက်လာသော အရပ်သားဒီမိုကရေစီအစိုးရ စတက်စဉ်အချိန်၌ မြန်မာကို ကမ္ဘာက ပထမအဖြစ် စိတ်ဝင်စားမှု ဒီလှိုင်းမြင့်တက်ချိန်ဟုဆိုသည်။ ဤကဲ့သို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်အောင် ၁၉၈၈ခုနှစ်က အာဏာသိမ်းခဲ့သည့် စစ်အစိုးရက မြေပုံဆွဲ၍ အုတ်မြစ်ချပေးခဲ့သည်ဟုဆို သည်။ ထို့ကြောင့် ၂ဝ၁၁ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော အရပ်သားဒီမိုကရေစီအစိုးရသည် အရပ်သား စစ်စစ် အစိုးရမဟုတ်သေးဘဲ စစ်ခေါင်းဆောင်များ ဦးဆောင်ပါဝင်ခဲ့သေးသည့်အတွက် နိုင်ငံတကာ က ဖားတစ်ပိုင်းငါးတစ်ပိုင်း(သို့) ဖားလောင်းအစိုးရဟု ဆိုသည်။
ယခု ၂ဝ၁၁ခုနှစ်က တက်လာ သော အငြိမ်းစားစစ်ခေါင်းဆောင် ဗိုလ် ချုပ်ကြီးတစ်ဖြစ်လဲ ဦးသိန်းစိန်ဦးဆောင် သည့် သမ္မတအစိုးရသက်တမ်းငါးနှစ် ကုန် ဆုံးချိန်ရောက်ပြီဖြစ်သည်။
ထိုသက်တမ်း ငါးနှစ်တာကာလ အတွင်း ကမ္ဘာက အသိအမှတ်ပြုလောက် အောင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အ တော်အသင့်မြန်စွာသော ခြေလှမ်းဖြင့် ဆောင် ရွက်နိုင်ခဲ့သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုမှာ အစကောင်းသင့်သလောက် ကောင်း ခဲ့သဖြင့် အဆုံးလည်းကောင်းခဲ့သည်။ ကမ္ဘာ က ဂုဏ်ပြုချီးကျူးရလောက်အောင် လွတ် လပ်၍ တရားမျှတသော အထွေထွေ ရွေး ကောက်ပွဲကြီးကို ပြောင်မြောက်စွာကျင်းပ ပေးခဲ့သည်။ လှပသေသပ်သော အာဏာလွှဲ ပြောင်းရေးဖြင့် အစိုးရသစ်ကို မဆုတ်မဆိုင်း ဘဲ တာဝန်လွှဲပြောင်းပေးသည့် ခြေလှမ်း တိုင်း တည်ကြည်စွာတက်လှမ်းနိုင်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏ သက်တမ်း ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ စီး ပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေကို ပြည်တွင်းပြည်ပအမြင်နှင့် သုံးသပ်ရှုမြင် ကြည့်ရန်လည်းလိုမည်ဖြစ်သည်။ ပြီးခဲ့သော ငါးနှစ်တာကာလ၏ စီးပွားရေးအခြေအနေ ကို ပြန်လည်သုံးသပ်မည်ဆိုပါက မြန်မာ နိုင်ငံ၏ စီးပွားရေးသမိုင်းကို ထူးခြားသော မှတ်တိုင်ဖြစ်ရပ်တစ်ခုစီအပေါ် အကျဉ်းချုပ် လေ့လာရန်လိုသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက် ကိုလိုနီခေတ်က ကျင့်သုံးခဲ့သည့် အရင်းရှင်စီးပွားရေးစနစ်ကိုပင် ဆက်လက် ကျင့်သုံးခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန် ရေးကောင်စီ တက်လာသောအခါ ဆိုရှယ် လစ်စီးပွားရေးစနစ်ကို မြန်မာ့နည်းမြန်မာ့ ဟန်ဖြင့်တည်ဆောက်ရန် ၁၉၆၃ ခုနှစ် ဖေ ဖော်ဝါရီလ ၂၃ရက်တွင် ပုဂ္ဂလိကဘဏ်များ ကို နိုင်ငံပိုင်အဖြစ် ပြည်သူပိုင်သိမ်းခဲ့သည်။ ၁၉၆၄ခုနှစ် ဧပြီလ ၉ရက်တွင် ပုဂ္ဂလိကကုန် သွယ်မှုလုပ်ငန်းကြီးငယ်ကို ပြည်သူပိုင်သိမ်း ခဲ့သည်။ ဆက်လက်၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နှင့်အညီ ဆိုရှယ်လစ်စီးပွားရေးစနစ် ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆောင်ရွက်ခြင်း ဖြင့် ကမ္ဘာ့စီးပွားရေး လုပ်နည်းစနစ်များနှင့် ကင်းကွာခဲ့သည်။ ဗဟိုချုပ်ကိုင်သော စီမံကိန်း ချ နိုင်ငံပိုင်စီးပွားရေးစနစ်ကို ဆောင်ရွက်ရင်း မှ ပြည်တွင်းစုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) တစ်နှစ်ထက်တစ်နှစ် ကျဆင်းခဲ့သည်။
လူတစ်ဦးချင်း တစ်နှစ်ဂျီဒီပီမှာ လည်းကျဆင်းခဲ့သည်။ ၁၉၈၇ခုနှစ်ရောက် သော် လူတစ်ဦးချင်းနိုင်ငံဝင်ငွေ(GNI)မှာ ကမ္ဘာ့ကုလသမဂ္ဂမှသတ်မှတ်သော အနည်း ဆုံး အမေရိကန်ဒေါ်လာ ၉၉၂ အောက် ရောက်ခဲ့သည့်အတွက် ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့ရသည်။
၁၉၈၈ခုနှစ် လူထုဆန္ဒပြမှုအရေး အခင်းကြီးပေါ်ပေါက်ပြီး စက်တင်ဘာ ၁၈ ရက်တွင် စစ်တပ်က အာဏာသိမ်း၍ စစ် အစိုးရတက်လာသည်။ တက်သည်နှင့် ဈေး ကွက်စီးပွားရေးစနစ်ကိုကျင့်သုံးရန် ဆိုရှယ် လစ်စီးပွားရေးစနစ်ကို ဖျက်သိမ်းခဲ့သည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို ကုန် ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ် ငန်းများ တရားဝင်မှတ်ပုံတင်၍ လုပ်ကိုင်ခွင့် ပြုခဲ့သည်။ ပုဂ္ဂလိကများ တက်ြ<ွကစွာ စီးပွား ရေးလုပ်ကိုင်ခဲ့၍ မြန်မာ့စီးပွားရေး လျင်မြန် စွာ နာလန်ထူခဲ့သည်။ စက်မှုဇုန်များတည် ထောင်၍ ကုန်ထုတ်လုပ်မှု တိုးမြင့်လာသည်။ ဤတွင် နဝတအဖွဲ့ဝင်ဝန်ကြီးတစ်စု အုပ်စုဖွဲ့ ကာ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ခဲ့သည်။ ခရိုနီများမွေး၍ လက်ဝါးချင်းရိုက် စီးပွား ရေး တွင်ကျယ်ခဲ့သည်။ အကျင့်ပျက်ခြစားမှု များ၊ အလွဲသုံးစားမှုများကြီးထွားလာ၍ နအဖ အစိုးရသစ်ဖွဲ့ကာ မလိုလားသော ဝန်ကြီး များကို ဖယ်ရှားခဲ့သည်။ မြန်မာ့စီးပွားရေး အရှိန်တန့်သွားခဲ့သည်။
သို့ရာတွင် နိုင်ငံခြားမှရင်းနှီးမြှုပ် နှံသူများက ရေနံတူးဖော်ရေးနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများတွင် လာ ရောက်ရင်းနှီးမြှုပ်နှံရာမှ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိခဲ့ သည်။ ဤတွင် မြန်မာနိုင်ငံဂျီဒီပီ(အသား တင်ထုတ်လုပ်မှုတန်ဖိုး) ပြန်လည်ဦးမော့ လာသည်။ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ နှစ်စဉ် ၁ဝ ဒသမ ၃ရာခိုင်နှုန်းမှ ၁၃ ဒသမ ၇ရာခိုင်နှုန်း အတွင်းရရှိခဲ့ရာ ၁၁နှစ်အတွင်း ပျမ်းမျှ ၁၂ ဒသမ၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ တစ်ဦး ချင်း တစ်နှစ်ဂျီဒီပီအနေဖြင့် ၂ဝဝဝ ပြည့်နှစ် တွင် အမေရိကန်ဒေါ်လာ ၁၄၂ သာရှိရာမှ ၂ဝဝ၅ တွင် ၂၁၆၊ ၂ဝ၁၁တွင် ၈၅၇အထိ မြင့်တက်လာသည်။ သို့သော် မြန်မာတိုင်းသူ ပြည်သားများ လူတန်းစေ့နေနိုင်သော လူနေ မှုအဆင့်အတန်းသို့ မရောက်ရှိခဲ့ပေ။
၂ဝ၁၁ ခုနှစ်တွင် ဒီမိုကရေစီ အစိုးရ တက်လာခဲ့သည်။ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ သိသာလျင်မြန်သည်နှင့် အညီ ကမ္ဘာက လက်ခံဆက်ဆံလာသည်။ မြန်မာသည် နိုင်ငံတကာနှင့် ဝင်ဆံ့လာသော ကြောင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် လည်း တိုးတက်လာမည်ဟု မျှော်လင့်စရာ ရှိခဲ့သည်။
သို့သော် ဂျီဒီပီတိုးတက်မှုနှုန်း မျှော်မှန်းသလောက် တက်မလာခဲ့။ ယခင် ဆယ်စုနှစ်များက ဂျီဒီပီအလွန်နိမ့်နည်းခဲ့ သောကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးတက် မှုနှုန်းဂဏန်းနှစ်လုံး(Two Digits) ရှိခဲ့ခြင်း ဖြစ်ရာ ၂ဝ၁ဝ ပြည့်နှစ်တွင် သိသာထင်ရှား သော တိုးတက်မှုရရှိခဲ့သည်။ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက စံချိန် တင်လျက် အမေရိကန်ဒေါ်လာ ၁၉၉၉၈ ဒသမ ၉၇သန်း (၂ဝဘီလီယံခန့်)အထိ မြင့် မားခဲ့သည်။ ထို့အပြင် ၂ဝဝ၅-၂ဝဝ၆ ခုနှစ် ကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ခြောက်ဘီလီယံကျော်အထိ အားကောင်းခဲ့ သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ဝင်ငွေ များသည် လက်ရှိဦးသိန်းစိန်အစိုးရ မတက် ခင်နှစ်များက အတော်အတန် ကောင်းခဲ့သည်။
၂ဝ၁၁ ခုနှစ်နောက်ပိုင်း ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်ဓာတ် အားပေးရေးစီမံကိန်းများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကောင်းခဲ့သလို ပို့ကုန်ဝင်ငွေ လည်း အတန်ကောင်းခဲ့သည်။ သို့ရာတွင် ၂ဝ၁၄ခုနှစ်လယ်မှစ၍ ကမ္ဘာ့ရေနံစိမ်းဈေး နှုန်းထိုးကျခဲ့ပြီး မြန်မာနိုင်ငံ၏ အဓိကပို့ကုန် ဝင်ငွေဘက်မှလည်း ဝင်ငွေကျဆင်းလျော့ နည်းခဲ့သည်။
သို့ဖြင့် ဦးသိန်းစိန်အစိုးရ လက် ထက်တွင် ဂျီဒီပီလည်း ထင်သလောက်မတက်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း မျှော်မှန်းသ လောက်မတက်ဘဲ အီနေခဲ့သည်။ တစ်မည် ကောင်း နှစ်မည်ကောင်းကို အားကိုးထား သည့်အတွက် ရေအားလျှပ်စစ်စီမံကိန်းများ နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့များမှ ကျဆင်း သည့်နှင့်အမျှ ဂျီဒီပီလည်း တက်မလာဘဲ အရှိန်နှေးခဲ့သည်။
တစ်ချိန်တည်းမှာပင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍမှာလည်း လုံးလည်ချာလည် လိုက်နေခဲ့သည်။ ကိန်းဂဏန်းစာရင်းဇယား များအရဆိုသော် နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီ သည် ကဏ္ဍအလိုက် ရှယ်ယာဝေစုရာခိုင်နှုန်း နှင့် တိုင်းဆခြင်းဖြင့် ထိုနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို သိရှိနိုင်သည်။
ဥပမာ - ခေတ်သစ်တွင် စီးပွား ရေးဖွံ့ဖြိုးပြီးသောနိုင်ငံများတွင် ဝန်ဆောင် မှုကဏ္ဍ၏ဝေစုရာခိုင်နှုန်း အမြင့်ဆုံးရှိသည်။ စက်မှုကဏ္ဍ ဝေစုရာခိုင်နှုန်းသည် တိုးတက် နေသည့် နိုင်ငံများတွင်များသည်။ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့သော နိုင်ငံများတွင် လယ် ယာစိုက်ပျိုးရေးကဏ္ဍ၏ ဝေစုက ရာခိုင်နှုန်း မြင့်သည်။
အာဆီယံနိုင်ငံများအနက် ဖွံ့ဖြိုး မှုအမြင့်ဆုံး စင်ကာပူနိုင်ငံသည် ၂ဝ၁၁ခုနှစ် တွင် လယ်ယာကဏ္ဍဝေစုက သုညရာခိုင် နှုန်းဖြစ်သည်။ စက်မှုကဏ္ဍ၌ ၂၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍ၌ ၃၇ ဒသမ ၄ ရာခိုင်နှုန်းရှိသည်။ အောင်ချိန်ဘွား
Visit website
No comments:
Post a Comment