Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

Sunday, July 10, 2016

ပခန်းကြီးနှင့် ပခန်းငယ်

ပခန်းကြီးနှင့် ပခန်းငယ်
=================

မောင်သာ(ရှေးဟောင်းသုတေသန)
ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သူများ အများဆုံးနေထိုင် သည့် မြန်မာ နိုင်ငံတွင် စေတီ၊ ပုထိုး၊ ကျောင်းကန်၊ သိမ်၊ ဇရပ်များအပါအဝင် ဘာသာရေး ဆိုင်ရာ အဆောက်အအုံများစွာကို နိုင်ငံနေရာအနှံ့ တွင် တွေ့မြင်ကြရပေသည်။
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် မြန်မာတစ်နိုင်ငံ လုံးရှိ ရှေးဟောင်း စေတီပုထိုးများအားလုံးကို မှတ်တမ်းပြု မထားနိုင်သေးသော်လည်း ရှေးဟောင်း နေရာဒေသများတွင် တည်ရှိနေသည့် သမိုင်းဝင်အဆောက်အအုံများကို အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ကွင်းဆက်စာရင်းကောက်ယူလျက်ရှိသည်။
ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများသည် သက်တမ်းကြာရှည် လာသည် နှင့်အမျှ ရာသီဥတုဒဏ်နှင့် လူတို့၏ပယောဂများအပါအဝင် အကြောင်းအမျိုးမျိုး ကြောင့် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်နိုင်သဖြင့် မှတ်တမ်းပြုစုကာ ရှေးမူမပျက် ထိန်းသိမ်းထားနိုင်ရန် ဆောင်ရွက်ကြရသည်။ ယင်းတို့အနက် ပခန်းကြီးနှင့် ပခန်း ငယ်ဒေသများမှ ရှေးဟောင်း အဆောက်အအုံများလည်း အပါအဝင် ဖြစ်ပေသည်။
ပခန်းကြီး ပခန်းကြီးသည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် တွင် တည်ရှိပြီး ရေစကြို မှ ၁ဝ မိုင်၊ ပခုက္ကူမှ ၁၇ မိုင် ကွာဝေးသည်။ ပခန်းကြီး၏ မြေပုံအညွှန်းသည် မြောက်လတ္တီတွဒ်၂၁ ဒီဂရီ ၃၂ မိနစ် ၃ဝ စက္ကန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၂ မိနစ် ၁ဝ စက္ကန့် အကြား ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၅ဝ မြင့်သည့် ပခန်းကြီးမြို့ဟောင်း၏အရှေ့ဘက်သုံးမိုင်တွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရှိပြီး အနောက်ဘက်ခြောက်မိုင်အကွာတွင် ရှင်မတောင်တန်း ရှိသည်။ ပခန်းကြီးသည် ချင်းတွင်းမြစ်၏အနောက်ဘက် တစ်မိုင်အကွာ ကုန်းတွင်းပိုင်းတွင် တည်ရှိသည်။ ချင်းတွင်းမြစ်ကမ်းပေါ်တွင် ပခန်းကြီး၏ ရေလမ်းထွက်ပေါက်ဖြစ်သည့် ဆိပ်ကမ်း ရွာဟုခေါ်နိုင်သော ပခန်းငယ်ရွာရှိပြီး ပခန်းငယ်သည် စလေအနီးတွင် တစ်ခုရှိသဖြင့် မကြာခဏ မှားယွင်းမိကြသည်။
ပခန်းကြီးသည် ယခုအချိန်တွင် အိမ်ခြေ ၆၇၇ အိမ်နှင့် လူဦးရေ ၃၇ဝဝ ကျော်နေ ထိုင်နေသည့် ရွာငယ်တစ်ခုသာ ဖြစ်သော်လည်း ပုဂံခေတ်တွင် ပုဂံနှင့်ခေတ်ပြိုင် တိုးတက်ထွန်းကားခဲ့ပြီး ကုန်းဘောင်ခေတ်တွင် ရတနာပုံပြီးလျှင် အဖွံ့ဖြိုးဆုံးဒေသ ဖြစ်ခဲ့သည်။
ပခန်းကြီးကျေးရွာအုပ်စုအတွင်း နဂါးတွင်း၊ မြောက်ပြင်၊ သက်ရွာ၊ ပြည်သာ ယာ၊ တောင်မင်းကျောင်းနှင့် ရွာသာတို့ ပါဝင်ပြီး ဒေသနေပြည်သူများ သည် တောင်သူ လုပ်ငန်းဖြင့် အသက်မွေးကြသည်။ ပခန်းကြီးကို ကုခန်းကြီး၊ ကူးသန်းကြီး၊ ပုခန်းကြီး၊ ပခန်းကြီးဟု ခေါ်ဆိုခဲ့ကြသည်။
ကျုံးနှင့်မြို့ရိုးများရှိသော ပခန်းကြီးသည် မြန်မာဘုရင်များလက်ထက်က ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းတွင် အကြီးဆုံးမြို့ ဖြစ်ခဲ့သည်။ မြန်မာ ရှင်ဘုရင်များလက်ထက်တွင် ပခန်းကြီးသည် စည်ကားသာယာခဲ့ သော မြို့တစ်မြို့ဖြစ်ခဲ့ကာ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးကျောင်းကန်များရှိသည့် နေရာတစ်ခုလည်းဖြစ်ပေသည်။
ရေစကြိုမြို့အထက်ပိုင်း နနွင်းကိုင်းအခွဲမှ မြေငယ်အထိ ဆက်သွယ်ထားသော တူးမြောင်းရှိသဖြင့် ပခန်းကြီးကို မြောင်းတူးဟု ခေါ်ဆိုခဲ့သည်။ ပုဂံခေတ် အနော် ရထာမင်းကြီးလက်ထက်တွင် စစ်သည် ၄ဝဝ စုစည်းပေးရသည့် မြို့ဖြစ်သောကြောင့် လေးရာပြုမြို့ဟုလည်း အမည်တွင်ခဲ့သည်။ ထို့ကြောင့် စာဆိုရှင်စ္တိကျော်သူဦးသြက သူ၏ “'ကဝိလက္ခဏ သတ်ပုံကျမ်း' တွင် 'လေးရာပြုဆန်း၊ မြို့ကူးခန်း၊ ပခန်းခေါ် တထွေ' ဟု ရေးဖွဲ့ခဲ့ သည်။ မြန်မာဘုရင်များလက်ထက်တွင် ယခုခေတ်ကဲ့သို့ အမြဲ ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်မတော်တစ်ရပ်မရှိဘဲ စစ်တိုက်ရန် လိုအပ်လာချိန်များတွင် မြန်မာနိုင်ငံအနှံ့မှ စစ်သည်များကို စုဆောင်းကာ တပ်ထူထောင်လေ့ရှိခဲ့ သည်။
မြို့အရွယ်အစားနှင့် လူဦးရေအနည်းအများပေါ် မူတည်လျက် စစ်သည် အင်အားကို အရေအတွက် ရာဂဏန်းမှ သိန်းဂဏန်းအထိ စုဆောင်းပေးကြရသဖြင့် ရှေးခေတ် မြန်မာမြို့များသည် သိန်းပြုမြို့၊ သောင်းပြုမြို့၊ ထောင်ပြုမြို့၊ ရာပြုမြို့များဟု အမည်များတွင်ခဲ့သည်။
သက္ကရာဇ် ၄၃ဝ ပြည့်နှစ်တွင် ရေးထိုးခဲ့သည်ဟုဆိုသည့် ဂဝံကျောင်းကျောက်စာကို ပခန်းနှင့်ပတ်သက်သည့် အစောဆုံးကျောက်စာဖြစ်နိုင်ကြောင်းသမိုင်းပညာရှင် ဆရာကြီးဒေါက်တာတိုးလှက မှန်းဆခဲ့သည်။ ပုဂံသည် ပျူဂါမမှ ပျူဂံ၊ ပုဂံဖြစ်လာ ကြောင်းဆိုလျှင် ပုခန်းသည် ပျူခန်းမှ ဖြစ်လာနိုင်စရာမရှိပြီလောဟု ဆရာကြီးက သုံးသပ်ခဲ့ပြီး ပျူလူမျိုးများသည် ဤအရပ် တွင် နောက်ဆုံးနေခဲ့ကြပြီး ရှိနှင့်ပြီးသော မြန်မာများနှင့် သွေးနှော ထားကာ ကုန်ခန်းသွားခြင်းကြောင့်ဟု ယူဆနိုင်ပြီး ပျူခန်းမှ ပုခန်းဖြစ်လာသည်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ကြောင်း ရေးသားခဲ့သည်။
စည်သူမင်းသည် ပခန်းသူကြီးအုပ်ချုပ်ရန် နယ်မြေသတ်မှတ်ပေးရာတွင် ပခန်း ကြီးနယ်ကို အရှေ့ဘက်နှင့် တောင်ဘက်တွင် ဧရာဝတီမြစ်၊ အနောက်ဘက် တွင် ရိုးမ တောင်ခြေအထိနှင့် မြောက်ဘက်တွင် ယမားချောင်း အထိဖြစ်ကြောင်း မင်းနေမျိုး ရဲထင်နော်ရထာ၏ ပခန်းကြီးစည်သူရှင် ဘုရားသမိုင်း ပေမူတွင် ရေးသားထားကာ ရွာကြီးရွာငယ်ပေါင်း ၂၉၉ ရွာရှိခဲ့သည်ဟု ဆိုသည်။ မဇ္ဈိမဒေသမှလာသော သီရိကြိ ဘဝနာ နရုဒ္ဓမဟာဓမ္မရာဇာဓိပတိဘွဲ့မည်ခံသော ဓနုသီဟမင်းသည် ချင်းတွင်းမြစ်၏ အနောက်ဘက်၊ တောင်မကြီးအရှေ့ဘက်တွင် မြို့ရံ ၅ဝ ရှိသော မဟာနာဂရမြို့ကြီးကို သာသနာသက္ကရာဇ် ၃၆ ခုနှစ် နတ်တော်လပြည့်ကျော် ၄ ရက်တွင် တည်ခဲ့ပြီး မင်းဆက်ခုနစ်ဆက် စိုးစံခဲ့သည်ဟု အဆိုရှိသည်။
ပခန်းကြီးကို အကြိမ်ကြိမ်တည်ခဲ့ကြရာ ပထမဆုံးပခန်းမြို့ကို ပုဂံသိန်းခိုမင်း လက်ထက် မြောက်နန်းမိဘုရား၏ သားတော်များဖြစ်သော စည်သူနှင့် ကျော်စွာတို့က ကောဇာသက္ကရာဇ် ၉၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ပခန်းကြီးမြို့ဟောင်းနေရာတွင် ကူဖြူဘုရား၊ ကုနီဘုရားနှင့် မြို့သုံးဌာနကို တစ်ပြိုင်တည်း တည်ခဲ့သည်။ မင်းစည်သူ နှင့် မင်းကျော်စွာတို့သည် ပခန်းကြီးကို ဒုတိယအကြိမ် ထပ်မံတည်ထားခဲ့ကာ ပခန်း ကြီးမြို့ ရေကျုံးအတွင်းသို့ ချင်းတွင်းမြစ်ရေကိုသွင်းယူရန် နနွင်းကိုင်းမှ တူးမြောင်း ဖောက်ခဲ့သည်။ ထိုသို့ တူးမြောင်းဖောက်လုပ်ရာတွင် ညီဖြစ်သူမင်းကျော်စွာသည် အရက်သေစာသောက်စား ပျော်ပါးနေကာ တာဝန်မကျေပွန်ခဲ့သဖြင့် နောင်တော် မင်းစည်သူက ညီတော်ကို ကွပ်မျက်ခဲ့သည်။ ကျော်စွာသည် နတ်ယုံကြည်ကြသူများ အကြား ပခန်းကိုကြီးကျော်အဖြစ် ထင်ရှားခဲ့သည်။
ပခန်းကြီးကို ပင်းယတစ်စီးရှင်သီဟသူက မြို့တာဝန်း ၅ဝဝ ရှိသော မြို့ကြီးအဖြစ် တတိယအကြိမ်တည်ထောင်စေခဲ့ရာ လက်မည်းအမတ်က ဦးဆောင်၍ သက္ကရာဇ် ၆၆၇ ခုနှစ် တပေါင်းလဆန်း ၇ ရက်တွင် စတင်တာဝန်ယူရွက်ဆောင်ခဲ့သည်။ မြို့တည် ခုနှစ်ကို 'သုသုတန်း၊ ပခန်းတည်' ဟု အမှတ်အသားပြုခဲ့ကြသည်။ စတုတ္ထပခန်း ကြီးကို သက္ကရာဇ် ၇၄၂ ခုနှစ်တွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် ခံတပ်မြို့ တစ်မြို့အဖြစ် အမတ်စောမည်ကို စေလွှတ်တည်ထောင်စေပြီး စောမည်ကို မြို့စား အရာပေးခဲ့သည်။ ညောင်ရမ်းမင်းဆက်တွင် မဟာဓမ္မရာဇာဓိပတိဘွဲ့ခံ ဟံသာဝတီပါ မင်းသည် ပခန်းကြီး၏ ခံတပ်အုတ်ရိုးများ ထပ်မံပြုပြင်ခဲ့သည်။ ပခန်းမြို့ဟောင်းမြို့ ရိုးသည် မြန်မာနိုင်ငံ ရှေးဟောင်းမြို့ရိုးများတွင် အကြီးဆုံးဖြစ်ကြောင်း သင်ယူခဲ့ရဖူးပါသည်။
ပခန်းကြီးသည် ပုဂံခေတ်မှစ၍ ပင်းယ၊ အင်းဝ၊ ညောင်ရမ်း၊ ကုန်းဘောင်မင်းဆက် များအထိ မြို့စားနယ်စားများ အုပ်ချုပ်ခဲ့ပြီး ခံတပ်မြို့တစ်ခုအဖြစ်လည်း ရပ်တည် ခဲ့သည်။ ထို့ကြောင့်လည်း မြို့စားနယ်စားများနှင့် ဘုရင်များတည်ထားခဲ့သည့် စေတီ ပုထိုးများ၊ သစ်သားဘုန်းတော်ကြီးကျောင်းများ၊ မြို့ရိုးဟောင်းများကို ယနေ့တိုင် တွေ့မြင်နိုင်ကြပေသည်။
ပခန်းကြီးဒေသရှိ ရှေးဟောင်းအဆောက်အအုံများကို ရှေးမူမပျက် ထိန်းသိမ်းနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက စာရင်းကောက်ယူထားရာ အဆောက်အအုံပေါင်း ၃၂၂ ခုရှိသည်။ ယင်း တို့အနက် ကျွန်းတိုင်လုံး ၂၅၄ လုံးအသုံးပြုကာ တည်ဆောက်ထားသည့် ရတနာပုံ ခေတ်လက်ရာ ပခန်းကျောင်းတော်ကြီးသည် အလွန်ထင်ရှားလှေ ပသည်။
ထို့အတူပင် ပုဂံမင်းဆက်မှ အလောင်းစည်သူမင်း(စည်သူ ၁၊ ခရစ်နှစ် ၁၁၁၃-၁၁၉၇)သည် ပခန်းတွင် သရက္ခန်သားဖြင့်ပြုလုပ်ထားသော စည်သူရှင်ဘုရားကို တည်ထားခဲ့ရာ သရက္ခန်ရုပ်ပွားများသည် ပြည်တွင်း ခရီးသွားများအကြား အလွန် ထင်ရှားသည်။ ပခန်းကြီး တွင် ရှေးဟောင်းသုတေသနပြတိုက် ဖွင့်လှစ်ပြသ ထားပြီး ကျောက်စာ၊ ပေစာဟောင်းများ၊ ဒင်္ဂါးများ၊ မြေအိုးမြေခွက်များ၊ ဆင်းတုတော် ရုပ်ပွားများ၊ မင်းတုန်းမင်းလက်ထက် တံကဲတော်များနှင့် ရှေးခေတ်စစ်သည်တော်သုံး လှံ၊ ဓား၊မောက်တို၊ မောက်ရှည်များကို ပြသထားသည်။
ပခန်းငယ် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ပခန်းကြီး၊ ပခန်းငယ်ရှိသကဲ့သို့ စလေ တွင်လည်း ပခန်းငယ်ရှိသည်။ ရေစကြိုမြို့နယ် ပခန်းကြီးအနီးမှ ပခန်းငယ်သည် ဆိပ်ကမ်းရွာငယ်တစ်ခု သာဖြစ်ပြီး ချောက်မြို့အနီးရှိ စလေမြို့သည် ကုန်းဘောင် ခေတ်စာဆို စလေဦးပုည၏ ဇာတိမြေအဖြစ် ထင်ရှားသကဲ့သို့ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်လက်ရာ စေတီပုထိုးများ အများဆုံးရှိနေသည့် ဒေသ အဖြစ်လည်း ကျော်ကြားသည့် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည်။
ပခန်းငယ်သည် ရွာ ၁၂ ရွာ စုစည်းထားသော ကျေးရွာအုပ်စုတစ်ခုဖြစ်ပြီး အိမ်ခြေ ၂ဝဝ ကျော်ရှိကာ လူဦးရေ ၁ဝဝဝ ဝန်းကျင် နေထိုင်လျက်ရှိသည်။
ပခန်းငယ်သည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်း ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်း စလေနှင့် ကျောက်ရဲအကြားတွင် တည်ရှိသည်။ ပခန်းငယ်၏ မြေပုံ အညွှန်းသည် မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၄၃ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၄ မိနစ်အကြားဖြစ်သည်။ ပခန်းငယ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ စာရင်းများအရ မြေတိုက်စေတီ ၂၄ ဆူနှင့် လိုဏ်ပါစေတီ ၁၁ ဆူအပါအဝင် စေတီ ၃၅ ဆူနှင့် ဘုရား ၃၈ ဆူရှိသည်။ ယင်းတို့အပြင် သိမ်နှစ်လုံး၊ ပိဋကတ်တိုက်သုံးခု၊ ခြေတော်ရာနှစ်ဆူနှင့် ဥမင်တစ်ခုလည်းရှိသဖြင့် စုစုပေါင်း ရှေးဟောင်းအဆောက်အအုံ ၈၁ ခုရှိသည်။
ပခန်းငယ်သည် ပုဂံနှင့်အပြိုင် ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံခေတ်မှ ကိုလိုနီခေတ်တိုင် စည်ကားဖွံ့ဖြိုးခဲ့ကာ မြို့စားနယ်စားများအုပ်ချုပ်ခဲ့သည့် မြို့ငယ် တစ်ခုဖြစ်ခဲ့သည်။
စလေပခန်းငယ်သည်လည်း ရေစကြိုပခန်းငယ်ကဲ့သို့ပင် ဆိပ်ကမ်း မြို့တစ်မြို့ဖြစ်ပြီး ကုန်းတွင်းပိုင်းဒေသမှ ထွက်ကုန်များကို ပခန်းငယ်မှတစ်ဆင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ရောင်းဝယ်ဖောက်ကားခဲ့သည်။
ပုဂံခေတ် အနော်ရထာမင်းလက်ထက်တွင် အရည်းကြီး များနှင့် နောက်လိုက် နောက်ပါများသည် ပခန်းငယ်သို့ ပြောင်းရွှေ့လာကာ ပုဂံငယ်ဟု တည်ထောင်နေထိုင် ခဲ့သည်ဟုလည်း ဆိုကြသည်။ စလေပခန်းငယ်ကားလမ်းမှ ပခန်းငယ်သို့အဝင်လမ်း၏ လက်ဝဲဘက်တွင် အရှေ့တောင်မှ အနောက်မြောက်ယွန်းယွန်းသို့ တန်းနေသည့် စေတီ သုံးဆူရှိရာ မြောက်ဘက်ဆုံးတွင် နာမ်တော်ပေါ်စေတီ၊ အလယ်တွင် ပုဂံမျှော် ဘုရားနှင့် တောင်ဘက်တွင် ရှင်ပင်ကာဆီးဘုရားရှိသည်။
ပါးစပ်ရာဇဝင်များအရ အရည်းကြီးများသည် ပုဂံကို လွမ်းဆွတ်တသကြသဖြင့် ပုဂံမျှော်ဘုရားကို တည်ခဲ့ကြရာ ပုဂံမြို့ရှိရာ မြောက်ဘက်အရပ်သို့ အာရုံခံမုခ်ပေါက် ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။ ထို့အပြင် ပုဂံမျှော်ဘုရားသည် အမြင့် ၄၆ ပေ ၁ဝ လက်မမြင့်ပြီး အုတ်တိုက်မခံဘဲ ကွမ်းတောင်ပေါက် ထားသည့် ဂူဘုရားတစ်ဆူ ဖြစ်သည်။
ပစ္စယာသုံးဆင့်ရှိပြီး ဖောင်းရစ်ခုနစ်ရစ် ပြုလုပ်ထားသည်။ ဂန္ဓကုဋိတိုက် အတွင်းတွင် ဘူမိဖဿမုဒြာ(လက်တော်မြေထိဟန်)ထုလုပ်ထားသည့် အင်္ဂတေ ရုပ်ပွားတော်တစ်ဆူ ရှိသည်။ ရှင်ပင်ကာဆီးဘုရားသည်လည်း ပုဂံမျှော်ဘုရားကဲ့သို့ပင် ရိုးရိုးကွမ်းတောင် ပေါက်ထားသော ဂူဘုရားတစ်ဆူဖြစ်ကာ ၇၅ ပေ ၃ လက်မမြင့်ပြီး အရှေ့ဘက်သို့ မျက်နှာမူထား၍ အုတ်ဇာပြူတင်း ပြုလုပ်ထားသည်။ ပစ္စယာသုံးဆင့်ပါရှိကာ အလယ်ပစ္စယံတွင် နတ်လမ်းမုခ်ကပ်များကို လေးမျက်နှာလုံးတွင် ထည့်သွင်းထား သည်။ လောကီပညာရပ်ဆိုင်ရာ အင်းအိုင်လက်ဖွဲ့များ ကစားရာအရပ်၌ ထုထည် ကြီးမားသော ရှင်ပင်ကာဆီးဂူဘုရားကို အဆီးအတားတစ်ရပ်အဖြစ် တည်ထားခဲ့ သည်ဟု အစဉ်အဆက်ပြောဆို ခဲ့ကြသည်။ ပညာရှင်များက ရှင်ပင်ကာဆီးဘုရားကို အေဒီ ၁၃ ရာစုလက်ရာဟု ခန့်မှန်းကြသည်။
နာမ်တော်ပေါက်စေတီသည် သာမန်မြေစိုက်စေတီတစ်ဆူဖြစ်ကာ အေဒီ ၁၉ ရာစု၊ ရတနာပုံခေတ်လက်ရာဖြစ်သည်။ နာမ်တော်ပေါက်စေတီကို မင်းတုန်းမင်းလက် ထက်တွင် ကုခန်းငယ်မြို့သူကြီး ဦးသိုက်တူက ရှင်ပင်ကာဆီးနှင့် ပုဂံမြော်ဘုရားတို့နှင့် တန်းလျက် အနောက်မြောက် ယွန်းယွန်းတွင် တည်ထားခဲ့သည်။ ပစ္စယံသုံးဆင့်ပြုလုပ် ထားကာ ရှစ်မြှောင့်ကြည့်ဝန်းခံ၍ စေတီပေါက် ထားပြီး စေတီတော်ထောင့်လေး ထောင့် တွင် ခြင်္သေ့ရုပ်တစ်ကောင်စီ တန်ဆာဆင်ထားသည်။ ခေါင်းလောင်းပုံနှင့် သပိတ်မှောက်တွင် အင်္ဂတေပန်းများ ထုလုပ်ထားသည်။
ရှင်ပင်ကာဆီးဘုရားသည် ပခန်းငယ်တွင်ရှိသော စေတီဘုရားများအနက် အမြင့်ဆုံးဖြစ်သည်။ ခိုင်မာသောအထောက်အထားများ မရှိသော်လည်း စိတ်ဝင်စား ဖွယ် ပါးစပ်ရာဇဝင်များကြောင့် ပုဂံမျှော်ဘုရားနှင့် ရှင်ပင်ကာဆီးဘုရားများသည် ပခန်းငယ်၏ အထင်ရှားဆုံး ရှေးဟောင်း အဆောက်အအုံများတွင် အပါအဝင် ဖြစ်ခဲ့သည်။ ထို့အတူပင် ပခန်းငယ်တွင် လက်ရာထူးခြားသော ၁၉ရာစု လက်ရာ ရွှေကျောင်း ဥမင်၊ ခြေတော်ရာ အုတ်တန်ဆောင်း၊ အုတ်ပြသာဒ်ဂူဘုရား၊ ထိန်ကန် ပိဋကတ်တိုက်ဘုရား အစရှိသည့် ကုန်းဘောင်ခေတ်နှောင်း၊ ရတနာပုံခေတ်လက်ရာ ရှေးဟောင်း သာသနိကအဆောက်အအုံများကို လေ့လာကြည့်ရှု ဖူးမြော်နိုင်ကြသည်။
ပခန်းကြီးသည်လည်းကောင်း၊ ပခန်းငယ်သည်လည်းကောင်း ပခန်းနှစ်နေရာလုံး သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်း အဆောက်အအုံများ ယနေ့တိုင် တည်ရှိနေသည့် ဒေသများဖြစ်ကြသည်။
ယင်းဒေသများသို့ ဘုရားဖူးခရီးသွားများ သာမက သမိုင်းနှင့် ရှေးဟောင်း သုတေသနပညာရှင်များလည်း သွားရောက်လေ့ရှိ ကြရာ ယခုထက် ပိုမိုခိုင်မာသည့် သမိုင်းအထောက်အထားများကို ဖော်ထုတ်လာနိုင် သည်နှင့်အမျှ သမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများ ပိုမိုမြင့်တက်လာ မည်ဖြစ်ပေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂ဝ၁ဝ
ပခန်းငယ် ရှေးဟောင်းအဆောက်အအုံများ မှတ်တမ်း (ယဉ်ကျေးမှုဝန်ကြီးဌာန)

Credit to-MOI Webportal Myanmar

Credit to Mirror Daily


Saturday, April 30, 2016

လူသိနည်းသော အိန္ဒြာကျော်ဇင် အကြောင်း [၁၆] ချက်

လူသိနည်းသော အိန္ဒြာကျော်ဇင် အကြောင်း [၁၆] ချက်

*အူဝဲဟာမြန်မာနိုင်ငံရဲ့Model Star ၁ ဦးဖြစ်ခဲ့တယ်ဆိုတာသင်သိပါသလား

*အူဝဲဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဆိုတာသင်သိပါသလား

*အူဝဲဟာရဲဘော်သုံးကျိတ်ဝင်ဗိုလ်ဇေယျာရဲ့မြေးအရင်းတော်စပ်သူဆိုတာသင်သိပါသလား

*အူဝဲဟာတရုပ်နိုင်ငံရွှေကြက်ဖနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခံရတဲ့ပထမဦးဆုံးမြန်မာအမျိုးသမီးဆိုတာသင်သိပါသလား

*အူဝဲဟာ PEOPLE MAGAZINE ကရွေးချယ်ပေးအပ်တဲ့ ဖက်ရှင်အကျဆုံးဆုပရိတ်သတ်စိတ်ဝင်မှုအများဆုံးဆုတွေရဘူးတယ်ဆိုတာသင်သိပါသလား

*အူဝဲဟာ SHWE FM ကပေးတဲ့FASHION အကျဆုံးဆုကို မဲအများဆုံးနဲ့ရဘူးတယ်ဆိုတာ
သင်သိပါသလား

*မင်းသမီး အငယ်တွေ အူဝဲနေရာကိုမမှီနိုင်တာ ကြိုးစားအားထုပ်မှုနည်းလို့လားဟု ဦးဝင်းငြိမ်း(ရွှေအမြုတေ အယ်တီတာ)ကချီးကျူးဘူးတယ်ဆိုတာ2010 ခုနှစ်က အူဝဲမျက်နှာဖုံးcover ဖြင့်သင်သိပါသလား

*အူဝဲဟာ အမျိုးသမီးအနည်းငယ်သာပါတဲ့ရွှေလည်တိုင်ခေါ်လည်းပင်းကအရစ်လးတွေပါရှိတယ်ဆိုတာ(ဆရာတော်ဘုရားကြီး၁ပါးမှရွှေလည်တိုင်ဆိုတာမေသန်းနုတို့အိန္ဒြာကျော်ဇင်တို့လည်ပင်းကအရစ်လေးတေဟုမိန့်ကြားဖူး)သင်သိပါသလား

*အူဝဲဟာသီချင်းဆိုပြိုင်ပွဲတွေမှာအရွေးခံရဘူးတယ်ဆိုတာ
(ဆုပန်ထွာတို့နဲ့ပြ်ုင်တုန်းကဖြစ်သည်ဒိုင်တွေမှာဦးဇော်ဝင်းထွဍ်တို့ဖြစ်သည်)သင်သိပါသလား

*အူဝဲဟာအချစ်သင်္ကေတရုပ်သံဇာတ်လမ်းတွဲ၏ဇာတ်ဝင်တေသီဆိုပေးရန်ကမ်းလှမ်းခံရဘူးတယ်ဆိုတာ(တေးရေးမြင့်မိုးအောင်၏ပြောပြချက်)သင်သိပါသလား

*အူဝဲဟာဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ပီးနုရွတယ်လို့ ထင်ရပေမယ့် 999 ဆိုတဲ့အသေကြမ်းသော ဖိုက်တင်ကားမှာသူမရဲ့ပီပြင်လှတဲ့ ဖိုက်တင်ကွက်တေနဲ့ သရုပ်ဆောင်ဘူးတယ်ဆိုတာ (တခြားသောဖိုက်တင်ကားများရှိသေးသော်လည်း ထိုကားကအကြမ်းဆုံးဖြစ်သည်)သင်သိပါသလား

*အူဝဲဟာ ပင်ပင်ပန်းပန်းလှည်းစီးသွားရသော ရွာ ၁ ရွာမှာရဟန်းခံရှင်ပြုအလှူကြီးပေးခဲ့သောသာသနာ့အမွေခံအလှူ့ အမရဟန်းအမ ၁ဦးဖြစ်တယ်ဆိုတာသင်သိပါသလား

*အူဝဲရဲ့အဖေဟာ အူဝဲဟိုးငယ်ငယ်ကလေးဘဝထဲက ဆုံးပါးသွားတယ်ဆိုတာသင်သိပါသလားအူဝဲရဲ့ဖေဖေဟာ ခရစ်ယာန်ဘာသာဝင်၁ဦးဖြစ်တယ်ဆိုတာသင်သိပါသလား

*သရုပ်ဆောင်မိုးဟေကို Model လုပ်ဖြစ်တာ Model အိန္ဒြာကျော်ဇင်အောင်မြင်တာအားကျလို့ဟုပြေားဘူးတယ်ဆိုတာသင်သိပါသလား

*မို့မို့မြင့်အောင်လိုအနုပညာမှော်ကတောင်မင်းသမီးခေတ်ဆိုရင်မို့မို့မြင့်အောင်ပီးတာနဲ့အိန္ဒြာကျော်ဇင်၁ယောက်ပဲပြေးမြင်တယ်လို့ ချီးကျူးခံရဘူးတယ်ဆိုတာသင်သိပါသလား

*အူဝဲဟာ သရုပ်ဆောင်ပညာသာမက Model Miss ဆုတွေရ အလှမယ် ၁ ဦးဖြစ်သည့်အပြင် အဆိုပြိုင်ပွဲတွေမှာအရွေးခံရဘူးသော(ဆက်လုပ်ရင်အဆိုတော်ပါဖြစ်နိုင်)သောအနုပညာနှင့်ပတ်သတ်လျှင်ဘယ်ကစမ်းစမ်းညာကစမ်းစမ်းဘက်စုံတော်သောအနုပညာရှင်စွယ်စုံရအနုပညာရှင်၁ ဦးဖြစ်တယ်ဆိုတာ
ref;‎Thiha Zaw‎
to Miss Myanmar Fan Club

Wednesday, April 27, 2016

ကြမ်းပိုးတွေကြိုက်တဲ့ အိပ်ရာခင်းအရောင်က ဘာအရောင်လဲ

ကြမ်းပိုးတွေကြိုက်တဲ့ အိပ်ရာခင်းအရောင်က ဘာအရောင်လဲ?


ကြမ်းပိုးတွေဟာ အစိမ်းရောင်၊ အဝါရောင်နဲ့ အဖြူရောင်တွေကို မုန်းတယ်လို့ ဆိုပါတယ်။

လေ့လာချက်တစ်ခုအရ ကြမ်းပိုးတွေမှာလည်း သူတို့ ကြိုက်တဲ့ အရောင်ရှိသလို သူတို့မကြိုက်တဲ့အရောင်တွေ ရှိတယ်လို့ သိရပါတယ်။

ဆေးပညာဆိုင်ရာ ပိုးမွှားဗေဒဂျာနယ်* မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ ကြမ်းပိုးတွေဟာ အနက်ရောင်နဲ့ အနီရောင်အောက်မှာ နေထိုင်ဖို့ ပိုမိုသဘောကျတတ်ပြီး အစိမ်းရောင်၊ အဝါရောင်နဲ့ အဖြူရောင်တွေကို မုန်းတယ်လို့ ဆိုပါတယ်။ ဒီလိုမုန်းရတာဟာ အဆိုပါအရောင်တွေက ပေါ်လွင်မှုရှိပြီး ကြမ်းပိုးတွေမနေချင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Union College က အဆိုပါသုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး ပိုးမွှားထောင်ချောက်လုပ်သူတွေအတွက် အခုတွေ့ရှိတဲ့အချက်အလက်တွေဟာ အသုံးဝင်မှုရှိလာမယ်လို့ ဆိုပါတယ်။

*{http://adf.ly/1ZrWcv} ဤနေရာတွင် pdf ကို  ဒေါင်းပြီး ဖတ်ရှုနိုင်ပါသည်။

Photos & Source: Metro
duwun 


credit##လွင်ပြင်

Friday, April 8, 2016

ဒေါ်အောင်ဆန်းစုကြည်၏အချစ်ဦး


ဒေါ်အောင်ဆန်းစုကြည်၏အချစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏အချစ်ဦး
Oxford ကျောင်းသူ ဘဝ အပျိုဖျန်းမလေး မစုကြည် ဘဝ အား ပထမဆုံး သိမ်းပိုက်ခဲ့သူမှာ တဲရစ် အိုစမာ ဟိုင်ဒါ ဖြစ်သည်။ ဤကဲ့သို့သော ဖျောက်ဖျက်မရသည့် သမိုင်းကြောင်းအား Wikipedia တွင် ယခင်က ဖော်ပြထားသော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းမှန်ကို မဖော်ပြဝံ့သဖြင့် ဖျက်ခဲ့ကြသည်
The tribune (http://adf.ly/1ZDgnr ဤlink တွင် ဖတ်ရှုနိုင်ပါသည်) ၏ဖော်ပြချက်မှာ -
She studied in the Convent of Jesus and Mary School, New Delhi and graduated from Lady Shri Ram College in New Delhi with a degree in politics in 1964.  Suu Kyi continued her education at St Hugh's College, Oxford, obtaining a B.A. degree in Philosophy, Politics and Economics in 1969.
  According to a classmate, Suu Kyi fell in love with Tariq Hyder, a Pakistani student, during her second year in Oxford.   Their relationship was not well received by her circle of friends and it soon ended .
ဟူ၍ ရေးသားထားသည်။
အပြည့်အစုံမှာ
As one of Burma’s most marriageable young women, beautiful and with a famous name, if not at all rich, there was expectation on these return visits that a suitable young Burmese man could be found for her. We know of a couple of these attempted matchmaking efforts, which came to nothing. Suu was turning out to be her own person, and not only in the matter of her looks. She fell in love for the first time at Oxford, with a Pakistani student called Tariq Hyder, who went on to become a senior Pakistani diplomat, recently retired. Some Indian friends of Suu’s disliked him and disapproved of their going out together. Whether or not he was, as one of them put it, a ‘sleaze-ball,’ there was no doubt that it would have been a very challenging match, in both Burma and Pakistan. In the end he lost interest and turned her down, but the relationship, or at least her hopes for it, outlasted her university career.
Mr Hyder, who in his retirement is a frequent commentator in the Pakistani press, refused to talk to me for the book. It’s hard to see how the relationship could ever have flourished, given the cultural and religious differences of their respective countries. But then Suu was a woman in love, with all the tenderness and optimism of youth. What is interesting to me about this episode is the proof it gives of her willpower and her independence of mind. Holding out for Mr Hyder alienated her Indian friends at Oxford and would have infuriated her mother, but Suu went her own way.
The man she eventually did marry, Michael Aris, was barely more satisfactory for her mother. In a letter to Michael’s twin brother Anthony before the marriage, she mentions her family’s failure to give their blessing to it. But she gives every indication of not minding much. Quote: ‘I’m sure my mother and brother will get over their initial disappointment,’ she wrote, ‘at what they probably consider my usual waywardness.’ That’s a phrase that struck me – ‘my usual waywardness’ – because waywardness is not a concept we associate with Aung San Suu Kyi. And yet if we consider her record at Oxford and beyond we can see why it is applicable and why she would have used it light-heartedly about herself. While at Oxford she twice tried to change her degree from PPE, once to English and once, curiously, to Forestry, both times without success. She graduated with a miserable third, not because she was not intelligent, but because as was clear from her requests to change subject, the course did not really engage her. 
ငယ်ရွယ်၊ လှပပြီး ကျော်ကြားတဲ့နာမည်တစ်ခုပိုင်ရှင် သူမအတွက် သင့်တော်တဲ့ မြန်မာ အမျိုးသား တစ်ယောက် ကို သူမရဲ့ မြန်မာနိုင်ငံ အပြန်ခရီးတွေမှာ တွေ့လောက်ကောင်းပါရဲ့လို့ မျှော်လင့်စရာပါပဲ။ ကျွန်တော် တို့ မျှော်လင့်ခဲ့သလို မဖြစ်လာခဲ့ပါဘူး။ စုဟာ သူမစိတ်ထင်ရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့ တဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ မကြာသေးခင်က အငြိမ်းစား ယူသွား တဲ့ Tariq Hyder လို့ခေါ်တဲ့ ပါကစ္စတန်သားတစ်ဦးနဲ့ ပထမဆုံး ချစ်ကြိုက်ခဲ့ပါတယ်။ စုရဲ့ အချို့ အိန္ဒိယ သူငယ်ချင်းတွေ ဟာ သူနဲ့ချစ်ကြိုက်တာကို မကြိုက်ကြသလို သူနဲ့အပြင်ကို လျှောက်သွားတာကိုလည်း ခွင့် မပြုခဲ့ကြ ပါဘူး။
သူတို့ ဘယ်လိုပဲ သဘောတူတူ မတူတူ ဒီကိစ္စဟာတော့ မြန်မာနဲ့ ပါကစ္စတန် တို့အတွက် အင်မတန် ရင် ဆိုင် ရ ခက်ခဲ့မယ့် အခြေအနေ တစ်ခုဖြစ်သလို ပါကစ္စတန်နိုင်ငံ သား တစ်ဦးဖြစ်တဲ့ သူ့အတွက်လည်း စိန်ခေါ်မှုတွေ ရှိနေတာပါပဲ။ နောက်ဆုံးမှာတော့ သူဟာ သူမ အပေါ်မှာ စိတ်မ၀င်စားတော့သလို သူမကို လည်း ရှောင်ခွာခဲ့ ပါတယ်။ သို့သော်လည်း သူမ တက္ကသိုလ် တက်စဉ် တစ်လျှောက်တော့ သူတို့ ချစ်ခရီး လမ်း တည်တံ့ခဲ့ ပါသေးတယ်။
ပါကစ္စတန်သတင်းစာရဲ့ frequent commentator အဖြစ်က အနားယူခဲ့တဲ့ Mr Hyder ဟာ ဒီအကြော င်းေ တွ အတွက် ဖြေပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ နိုင်ငံမတူတာ၊ ယဉ်ကျေးမှု မတူတာ၊ ကိုးကွယ်တဲ့ ဘာ သာတွေ မတူတာတွေနဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး ဘယ်လိုဆက်လက်တည်မြဲနေမလဲဆိုတာ သိဖို့ ခက်ခဲ လွန်းပါတယ်။ ဒါပေမယ့်လည်း စုဟာ လူငယ်တစ်ယောက်ရဲ့ လူငယ်ဆန်တဲ့ အမြင်တွေ၊ ကြင်နာစိတ်တွေနဲ့ အချစ် စိတ်တွေ ၀င်နေခဲ့ပါပြီ။ ဒီအပိုင်းမှာ ကျွန်တော့်အတွက် စိတ်ဝင်စားမိတာက သူမရဲ့ လွတ်လပ်တဲ့ စိတ် အတွေးကိုပါပဲ။ အောက်စဖို့ဒ်မှာ သူငယ်ချင်းတွေက Mr Hyder နဲ့ပတ်သက်လို့ ရှောင်ဖယ်ကြတဲ့အပြင် မိခင်ဖြစ် သူရဲ့ ဒေါသတွေကို ရင်ဆိုင်ပြီး သူမဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။
(ဒီနေရာမှာ သူမတို့ လမ်းခွဲခဲ့ကြပုံကိုတော့ ၀ီကီပီဒီယာ အွန်လိုင်းစွယ်စုံကျမ်း မှာ ဒီလို ရေးထားပါတယ်။ Suu Kyi fell in love with Tariq Hyder, a Pakistani student, during her second year in Oxford.[29] Their relationship was not well received by her circle of friends and it soon ended. အချို့သတင်းများမှာတော့ Mrs Aris Aung San Suu Kyi fell in love with a Pakistani, but the relationship that ended in tears ဆိုပြီး မျက်ရည်တွေနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။
ဖော်ပြပါ ဓာတ်ပုံများသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါကစ္စတန် သား အိုစမာ ဟိုင်ဒါ တို့ ချစ်ကြိုက်ခဲ့စဉ်က ဓာတ်ပုံများဖြစ်သည်။ ဤဓာတ်ပုံများအား မည်သူမျှ ဗွီနိုင်းထုတ်၍ မချိတ်ဆွဲ ရဲကြပါ။ အိုစမာ ဟိုင်ဒါ သည် မွတ်ဆလင် အစွန်းရောက်သူတစ်ဦးဖြစ်သည်။ ၎င်း ၏ ဆောင်းပါးများကို The tribune http://adf.ly/1ZDhA4တွင် ဖတ်နိုင်သည်။
ယနေ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ၎င်း၏ ငယ်ဘဝ အား လွန်စွာ တမ်းတ သူငယ်ပြန်လျှက်ရှိကြောင်းအား ၎င်း၏ ပြည်ပခရီးစဉ်များမှ သက်သေပြလျှက်ရှိသည်။ သူမနေထိုင်ခဲ့ဖူးသည့် နေရာအားလုံးသို့ သွားခဲ့ပြီး ငယ်စဉ်က အပေါင်းအသင်းအားလုံး နှင့် တွေ့ခဲ့သည်။ လန်ဒန်၊ အောက်စဖို့၊ အိန္ဒိယ၊ ဂျပန် နိုင်ငံရှိ ငယ်ဖော် များအားလုံး နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် ဥရောပ ခရီးစဉ်တွင် လန်ဒန်၌ ၅ ရက်ကြာနေထိုင်ခဲ့ပြီး အိုစမာ ဟိုင်ဒါ နှင့်လည်း တွေ့ဆုံခဲ့သည်။ ယခုထိလည်း ဖုန်းအဆက်အသွယ်ရှိနေသည်။
အပျိုဖျန်းဘဝ က အိုစမာ ဟိုင်ဒါ မှ ဘာကျွေး၍  စည်းရုံးလိုက်သည် မသိ ယခု အသက် ၆၇ နှစ်အရွယ်ရောက်ချိန်တွင် ကုလား ကို ကုလား ဟု မခေါ်နိုင်ကြောင်း ဒေါ်စု တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။ သမ္မတဖြစ်ရေး စည်းရုံးမှု ကာလတွင်တောင် ကုလားကို ကုလားဟု မခေါ်နိုင်ကြောင်း ပြောဆိုလျှက်ရှိရာ ၂၀၁၅ သမ္မတဖြစ်ပြီးနောက် ကုလားများကို ခေါင်းပေါ်တင်ထားလိမ့်မည်။ အစ္စလမ်ဘာသာကို ကျောင်းသင်ခန်းစာတွင် သင်ကြားလိမ့်မည်။ ပါကစ္စတန် နှင့် အန္ဒိယမှ ဆွေမျိုးမကင်း ငယ်ဖော် များအား အပြင် ဗြိတိန်မှ ရိုဟင်ဂျာအရေး လှုပ်ရှားသူ များနှင့် ရိုဟင်ဂျာ မီဒီယ ဘီဘီစီ တို့အား နိုင်ငံတွင်းသို့ သွင်းကာ အခွင့်ထူးပေးလိမ့်မည်။
မူရင်းလင့်..  http://adf.ly/1ZDhVf

Tuesday, March 29, 2016

TIME မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးနိုင်

ကမ္ဘာကျော် TIME မဂ္ဂဇင်းက နှစ်စဉ် ထုတ်ပြန်လေ့ရှိသော သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ဦး ‘TIME 100’ စာရင်းအတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဧပြီ ၁၀ ရက်နေ့ မဲပေးခွင့်မပိတ်သိမ်းမီအချိန်အထိ ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။ ‘TIME 100’ စာရင်းကို နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ဗံနှင့် နည်းပညာ၊ အတွေးအခေါ်ပညာရှင်များ စသဖြင့် နယ်ပယ်အသီးသီး၌ ထူးချွန်ပြောင်မြောက်သူများအား လူအများအပေါ် သြဇာသက်ရောက်မှုကို အခြေခံကာ TIME မဂ္ဂဇင်း အယ်ဒီတာအဖွဲ့က သတ်မှတ်ထုတ်ပြန်ခြင်းဖြစ်သည်။ ယင်းသို့ နောက်ဆုံးတရားဝင်စာရင်းကို အယ်ဒီတာအဖွဲ့က ရွေးချယ်သတ်မှတ်ခြင်းဖြစ်သော်လည်း အများပြည်သူ၏ဆန္ဒပြုမှုကိုလည်း ကောက်ခံလေ့ရှိရာ ယခုနှစ်အတွက် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းအတွက် မိမိ၏ဆန္ဒကို အောက်ပါ လင့်ခ်တွင် မဲပေးဆန္ဒပြုနိုင်သည်။
http://adf.ly/1YsSzs

ဆန္ဒမဲပေးလိုသူအနေနှင့် ဖေ့စ်ဘုတ် (သို့) တွစ်တာ အကောင့်ရှိရမည်ဖြစ်သည်။ ဆန္ဒမဲပေးခွင့်ကို ဧပြီ ၁၀ ရက်နေ့တွင် ပိတ်မည်ဖြစ်ပြီး အများဆန္ဒအရ ထွက်ပေါ်လာသော ရလဒ်ကို ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။ သို့သော် သြဇာလွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ ‘TIME 100’ တရားဝင် အဆင့်သတ်မှတ်ချက်ကို ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အများဆန္ဒမဲပေးမှုဇယား၏ နံပါတ် ၂ နေရာတွင် ရှိနေပြီး ဒီမိုကရက်ပါတီမှ အမေရိကန်သမ္မတလောင်းတဦးဖြစ်သူ Bernie Sanders က နံပါတ် ၁ နေရာတွင် ရပ်တည်နေသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)    http://adf.ly/1YsTm5 တွင် လေ့လာနိုင်ပါသည်။