Showing posts with label my auto biography. Show all posts
Showing posts with label my auto biography. Show all posts

Friday, April 8, 2016

ဒေါ်အောင်ဆန်းစုကြည်၏အချစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏အချစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏အချစ်ဦး
Oxford ကျောင်းသူ ဘဝ အပျိုဖျန်းမလေး မစုကြည် ဘဝ အား ပထမဆုံး သိမ်းပိုက်ခဲ့သူမှာ တဲရစ် အိုစမာ ဟိုင်ဒါ ဖြစ်သည်။ ဤကဲ့သို့သော ဖျောက်ဖျက်မရသည့် သမိုင်းကြောင်းအား Wikipedia တွင် ယခင်က ဖော်ပြထားသော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းမှန်ကို မဖော်ပြဝံ့သဖြင့် ဖျက်ခဲ့ကြသည်
The tribune (http://adf.ly/1ZDgnr ဤlink တွင် ဖတ်ရှုနိုင်ပါသည်) ၏ဖော်ပြချက်မှာ -
She studied in the Convent of Jesus and Mary School, New Delhi and graduated from Lady Shri Ram College in New Delhi with a degree in politics in 1964.  Suu Kyi continued her education at St Hugh's College, Oxford, obtaining a B.A. degree in Philosophy, Politics and Economics in 1969.
  According to a classmate, Suu Kyi fell in love with Tariq Hyder, a Pakistani student, during her second year in Oxford.   Their relationship was not well received by her circle of friends and it soon ended .
ဟူ၍ ရေးသားထားသည်။
အပြည့်အစုံမှာ
As one of Burma’s most marriageable young women, beautiful and with a famous name, if not at all rich, there was expectation on these return visits that a suitable young Burmese man could be found for her. We know of a couple of these attempted matchmaking efforts, which came to nothing. Suu was turning out to be her own person, and not only in the matter of her looks. She fell in love for the first time at Oxford, with a Pakistani student called Tariq Hyder, who went on to become a senior Pakistani diplomat, recently retired. Some Indian friends of Suu’s disliked him and disapproved of their going out together. Whether or not he was, as one of them put it, a ‘sleaze-ball,’ there was no doubt that it would have been a very challenging match, in both Burma and Pakistan. In the end he lost interest and turned her down, but the relationship, or at least her hopes for it, outlasted her university career.
Mr Hyder, who in his retirement is a frequent commentator in the Pakistani press, refused to talk to me for the book. It’s hard to see how the relationship could ever have flourished, given the cultural and religious differences of their respective countries. But then Suu was a woman in love, with all the tenderness and optimism of youth. What is interesting to me about this episode is the proof it gives of her willpower and her independence of mind. Holding out for Mr Hyder alienated her Indian friends at Oxford and would have infuriated her mother, but Suu went her own way.
The man she eventually did marry, Michael Aris, was barely more satisfactory for her mother. In a letter to Michael’s twin brother Anthony before the marriage, she mentions her family’s failure to give their blessing to it. But she gives every indication of not minding much. Quote: ‘I’m sure my mother and brother will get over their initial disappointment,’ she wrote, ‘at what they probably consider my usual waywardness.’ That’s a phrase that struck me – ‘my usual waywardness’ – because waywardness is not a concept we associate with Aung San Suu Kyi. And yet if we consider her record at Oxford and beyond we can see why it is applicable and why she would have used it light-heartedly about herself. While at Oxford she twice tried to change her degree from PPE, once to English and once, curiously, to Forestry, both times without success. She graduated with a miserable third, not because she was not intelligent, but because as was clear from her requests to change subject, the course did not really engage her. 
ငယ်ရွယ်၊ လှပပြီး ကျော်ကြားတဲ့နာမည်တစ်ခုပိုင်ရှင် သူမအတွက် သင့်တော်တဲ့ မြန်မာ အမျိုးသား တစ်ယောက် ကို သူမရဲ့ မြန်မာနိုင်ငံ အပြန်ခရီးတွေမှာ တွေ့လောက်ကောင်းပါရဲ့လို့ မျှော်လင့်စရာပါပဲ။ ကျွန်တော် တို့ မျှော်လင့်ခဲ့သလို မဖြစ်လာခဲ့ပါဘူး။ စုဟာ သူမစိတ်ထင်ရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့ တဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ မကြာသေးခင်က အငြိမ်းစား ယူသွား တဲ့ Tariq Hyder လို့ခေါ်တဲ့ ပါကစ္စတန်သားတစ်ဦးနဲ့ ပထမဆုံး ချစ်ကြိုက်ခဲ့ပါတယ်။ စုရဲ့ အချို့ အိန္ဒိယ သူငယ်ချင်းတွေ ဟာ သူနဲ့ချစ်ကြိုက်တာကို မကြိုက်ကြသလို သူနဲ့အပြင်ကို လျှောက်သွားတာကိုလည်း ခွင့် မပြုခဲ့ကြ ပါဘူး။
သူတို့ ဘယ်လိုပဲ သဘောတူတူ မတူတူ ဒီကိစ္စဟာတော့ မြန်မာနဲ့ ပါကစ္စတန် တို့အတွက် အင်မတန် ရင် ဆိုင် ရ ခက်ခဲ့မယ့် အခြေအနေ တစ်ခုဖြစ်သလို ပါကစ္စတန်နိုင်ငံ သား တစ်ဦးဖြစ်တဲ့ သူ့အတွက်လည်း စိန်ခေါ်မှုတွေ ရှိနေတာပါပဲ။ နောက်ဆုံးမှာတော့ သူဟာ သူမ အပေါ်မှာ စိတ်မ၀င်စားတော့သလို သူမကို လည်း ရှောင်ခွာခဲ့ ပါတယ်။ သို့သော်လည်း သူမ တက္ကသိုလ် တက်စဉ် တစ်လျှောက်တော့ သူတို့ ချစ်ခရီး လမ်း တည်တံ့ခဲ့ ပါသေးတယ်။
ပါကစ္စတန်သတင်းစာရဲ့ frequent commentator အဖြစ်က အနားယူခဲ့တဲ့ Mr Hyder ဟာ ဒီအကြော င်းေ တွ အတွက် ဖြေပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ နိုင်ငံမတူတာ၊ ယဉ်ကျေးမှု မတူတာ၊ ကိုးကွယ်တဲ့ ဘာ သာတွေ မတူတာတွေနဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး ဘယ်လိုဆက်လက်တည်မြဲနေမလဲဆိုတာ သိဖို့ ခက်ခဲ လွန်းပါတယ်။ ဒါပေမယ့်လည်း စုဟာ လူငယ်တစ်ယောက်ရဲ့ လူငယ်ဆန်တဲ့ အမြင်တွေ၊ ကြင်နာစိတ်တွေနဲ့ အချစ် စိတ်တွေ ၀င်နေခဲ့ပါပြီ။ ဒီအပိုင်းမှာ ကျွန်တော့်အတွက် စိတ်ဝင်စားမိတာက သူမရဲ့ လွတ်လပ်တဲ့ စိတ် အတွေးကိုပါပဲ။ အောက်စဖို့ဒ်မှာ သူငယ်ချင်းတွေက Mr Hyder နဲ့ပတ်သက်လို့ ရှောင်ဖယ်ကြတဲ့အပြင် မိခင်ဖြစ် သူရဲ့ ဒေါသတွေကို ရင်ဆိုင်ပြီး သူမဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။
(ဒီနေရာမှာ သူမတို့ လမ်းခွဲခဲ့ကြပုံကိုတော့ ၀ီကီပီဒီယာ အွန်လိုင်းစွယ်စုံကျမ်း မှာ ဒီလို ရေးထားပါတယ်။ Suu Kyi fell in love with Tariq Hyder, a Pakistani student, during her second year in Oxford.[29] Their relationship was not well received by her circle of friends and it soon ended. အချို့သတင်းများမှာတော့ Mrs Aris Aung San Suu Kyi fell in love with a Pakistani, but the relationship that ended in tears ဆိုပြီး မျက်ရည်တွေနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။
ဖော်ပြပါ ဓာတ်ပုံများသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါကစ္စတန် သား အိုစမာ ဟိုင်ဒါ တို့ ချစ်ကြိုက်ခဲ့စဉ်က ဓာတ်ပုံများဖြစ်သည်။ ဤဓာတ်ပုံများအား မည်သူမျှ ဗွီနိုင်းထုတ်၍ မချိတ်ဆွဲ ရဲကြပါ။ အိုစမာ ဟိုင်ဒါ သည် မွတ်ဆလင် အစွန်းရောက်သူတစ်ဦးဖြစ်သည်။ ၎င်း ၏ ဆောင်းပါးများကို The tribune http://adf.ly/1ZDhA4တွင် ဖတ်နိုင်သည်။
ယနေ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ၎င်း၏ ငယ်ဘဝ အား လွန်စွာ တမ်းတ သူငယ်ပြန်လျှက်ရှိကြောင်းအား ၎င်း၏ ပြည်ပခရီးစဉ်များမှ သက်သေပြလျှက်ရှိသည်။ သူမနေထိုင်ခဲ့ဖူးသည့် နေရာအားလုံးသို့ သွားခဲ့ပြီး ငယ်စဉ်က အပေါင်းအသင်းအားလုံး နှင့် တွေ့ခဲ့သည်။ လန်ဒန်၊ အောက်စဖို့၊ အိန္ဒိယ၊ ဂျပန် နိုင်ငံရှိ ငယ်ဖော် များအားလုံး နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် ဥရောပ ခရီးစဉ်တွင် လန်ဒန်၌ ၅ ရက်ကြာနေထိုင်ခဲ့ပြီး အိုစမာ ဟိုင်ဒါ နှင့်လည်း တွေ့ဆုံခဲ့သည်။ ယခုထိလည်း ဖုန်းအဆက်အသွယ်ရှိနေသည်။
အပျိုဖျန်းဘဝ က အိုစမာ ဟိုင်ဒါ မှ ဘာကျွေး၍  စည်းရုံးလိုက်သည် မသိ ယခု အသက် ၆၇ နှစ်အရွယ်ရောက်ချိန်တွင် ကုလား ကို ကုလား ဟု မခေါ်နိုင်ကြောင်း ဒေါ်စု တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။ သမ္မတဖြစ်ရေး စည်းရုံးမှု ကာလတွင်တောင် ကုလားကို ကုလားဟု မခေါ်နိုင်ကြောင်း ပြောဆိုလျှက်ရှိရာ ၂၀၁၅ သမ္မတဖြစ်ပြီးနောက် ကုလားများကို ခေါင်းပေါ်တင်ထားလိမ့်မည်။ အစ္စလမ်ဘာသာကို ကျောင်းသင်ခန်းစာတွင် သင်ကြားလိမ့်မည်။ ပါကစ္စတန် နှင့် အန္ဒိယမှ ဆွေမျိုးမကင်း ငယ်ဖော် များအား အပြင် ဗြိတိန်မှ ရိုဟင်ဂျာအရေး လှုပ်ရှားသူ များနှင့် ရိုဟင်ဂျာ မီဒီယ ဘီဘီစီ တို့အား နိုင်ငံတွင်းသို့ သွင်းကာ အခွင့်ထူးပေးလိမ့်မည်။
မူရင်းလင့်..  http://adf.ly/1ZDhVf

Monday, April 4, 2016

ဒေါ်အောင်ဆန်းစုကြည်၏အချစ်ဦး

ဒေါ်အောင်ဆန်းစုကြည်၏အချစ်ဦအချစ်ဦး
Oxford ကျောင်းသူ ဘဝ အပျိုဖျန်းမလေး မစုကြည် ဘဝ အား ပထမဆုံး သိမ်းပိုက်ခဲ့သူမှာ တဲရစ် အိုစမာ ဟိုင်ဒါ ဖြစ်သည်။ ဤကဲ့သို့သော ဖျောက်ဖျက်မရသည့် သမိုင်းကြောင်းအား Wikipedia တွင် ယခင်က ဖော်ပြထားသော်လည်း ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းမှန်ကို မဖော်ပြဝံ့သဖြင့် ဖျက်ခဲ့ကြသည်။

http://tribune.com.ng/sat/index.php/women-affairs/8812-aung-suu-kyi-the-bruised-but-not-broken-burmese-politician.html ၏ ၄၊ ၅ ပိုဒ် မြောက်တွင်

She studied in the Convent of Jesus and Mary School, New Delhi and graduated from Lady Shri Ram College in New Delhi with a degree in politics in 1964.  Suu Kyi continued her education at St Hugh's College, Oxford, obtaining a B.A. degree in Philosophy, Politics and Economics in 1969.
  According to a classmate, Suu Kyi fell in love with Tariq Hyder, a Pakistani student, during her second year in Oxford.   Their relationship was not well received by her circle of friends and it soon ended .

ဟူ၍ ရေးသားထားသည်။

အပြည့်အစုံမှာ

As one of Burma’s most marriageable young women, beautiful and with a famous name, if not at all rich, there was expectation on these return visits that a suitable young Burmese man could be found for her. We know of a couple of these attempted matchmaking efforts, which came to nothing. Suu was turning out to be her own person, and not only in the matter of her looks. She fell in love for the first time at Oxford, with a Pakistani student called Tariq Hyder, who went on to become a senior Pakistani diplomat, recently retired. Some Indian friends of Suu’s disliked him and disapproved of their going out together. Whether or not he was, as one of them put it, a ‘sleaze-ball,’ there was no doubt that it would have been a very challenging match, in both Burma and Pakistan. In the end he lost interest and turned her down, but the relationship, or at least her hopes for it, outlasted her university career.

Mr Hyder, who in his retirement is a frequent commentator in the Pakistani press, refused to talk to me for the book. It’s hard to see how the relationship could ever have flourished, given the cultural and religious differences of their respective countries. But then Suu was a woman in love, with all the tenderness and optimism of youth. What is interesting to me about this episode is the proof it gives of her willpower and her independence of mind. Holding out for Mr Hyder alienated her Indian friends at Oxford and would have infuriated her mother, but Suu went her own way.

The man she eventually did marry, Michael Aris, was barely more satisfactory for her mother. In a letter to Michael’s twin brother Anthony before the marriage, she mentions her family’s failure to give their blessing to it. But she gives every indication of not minding much. Quote: ‘I’m sure my mother and brother will get over their initial disappointment,’ she wrote, ‘at what they probably consider my usual waywardness.’ That’s a phrase that struck me – ‘my usual waywardness’ – because waywardness is not a concept we associate with Aung San Suu Kyi. And yet if we consider her record at Oxford and beyond we can see why it is applicable and why she would have used it light-heartedly about herself. While at Oxford she twice tried to change her degree from PPE, once to English and once, curiously, to Forestry, both times without success. She graduated with a miserable third, not because she was not intelligent, but because as was clear from her requests to change subject, the course did not really engage her. 

ငယ်ရွယ်၊ လှပပြီး ကျော်ကြားတဲ့နာမည်တစ်ခုပိုင်ရှင် သူမအတွက် သင့်တော်တဲ့ မြန်မာ အမျိုးသား တစ်ယောက် ကို သူမရဲ့ မြန်မာနိုင်ငံ အပြန်ခရီးတွေမှာ တွေ့လောက်ကောင်းပါရဲ့လို့ မျှော်လင့်စရာပါပဲ။ ကျွန်တော် တို့ မျှော်လင့်ခဲ့သလို မဖြစ်လာခဲ့ပါဘူး။ စုဟာ သူမစိတ်ထင်ရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့ တဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ မကြာသေးခင်က အငြိမ်းစား ယူသွား တဲ့ Tariq Hyder လို့ခေါ်တဲ့ ပါကစ္စတန်သားတစ်ဦးနဲ့ ပထမဆုံး ချစ်ကြိုက်ခဲ့ပါတယ်။ စုရဲ့ အချို့ အိန္ဒိယ သူငယ်ချင်းတွေ ဟာ သူနဲ့ချစ်ကြိုက်တာကို မကြိုက်ကြသလို သူနဲ့အပြင်ကို လျှောက်သွားတာကိုလည်း ခွင့် မပြုခဲ့ကြ ပါဘူး။

သူတို့ ဘယ်လိုပဲ သဘောတူတူ မတူတူ ဒီကိစ္စဟာတော့ မြန်မာနဲ့ ပါကစ္စတန် တို့အတွက် အင်မတန် ရင် ဆိုင် ရ ခက်ခဲ့မယ့် အခြေအနေ တစ်ခုဖြစ်သလို ပါကစ္စတန်နိုင်ငံ သား တစ်ဦးဖြစ်တဲ့ သူ့အတွက်လည်း စိန်ခေါ်မှုတွေ ရှိနေတာပါပဲ။ နောက်ဆုံးမှာတော့ သူဟာ သူမ အပေါ်မှာ စိတ်မ၀င်စားတော့သလို သူမကို လည်း ရှောင်ခွာခဲ့ ပါတယ်။ သို့သော်လည်း သူမ တက္ကသိုလ် တက်စဉ် တစ်လျှောက်တော့ သူတို့ ချစ်ခရီး လမ်း တည်တံ့ခဲ့ ပါသေးတယ်။

ပါကစ္စတန်သတင်းစာရဲ့ frequent commentator အဖြစ်က အနားယူခဲ့တဲ့ Mr Hyder ဟာ ဒီအကြော င်းေ တွ အတွက် ဖြေပေးဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ နိုင်ငံမတူတာ၊ ယဉ်ကျေးမှု မတူတာ၊ ကိုးကွယ်တဲ့ ဘာ သာတွေ မတူတာတွေနဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး ဘယ်လိုဆက်လက်တည်မြဲနေမလဲဆိုတာ သိဖို့ ခက်ခဲ လွန်းပါတယ်။ ဒါပေမယ့်လည်း စုဟာ လူငယ်တစ်ယောက်ရဲ့ လူငယ်ဆန်တဲ့ အမြင်တွေ၊ ကြင်နာစိတ်တွေနဲ့ အချစ် စိတ်တွေ ၀င်နေခဲ့ပါပြီ။ ဒီအပိုင်းမှာ ကျွန်တော့်အတွက် စိတ်ဝင်စားမိတာက သူမရဲ့ လွတ်လပ်တဲ့ စိတ် အတွေးကိုပါပဲ။ အောက်စဖို့ဒ်မှာ သူငယ်ချင်းတွေက Mr Hyder နဲ့ပတ်သက်လို့ ရှောင်ဖယ်ကြတဲ့အပြင် မိခင်ဖြစ် သူရဲ့ ဒေါသတွေကို ရင်ဆိုင်ပြီး သူမဆန္ဒအတိုင်း လုပ်ဆောင်ခဲ့ပါတယ်။

(ဒီနေရာမှာ သူမတို့ လမ်းခွဲခဲ့ကြပုံကိုတော့ ၀ီကီပီဒီယာ အွန်လိုင်းစွယ်စုံကျမ်း မှာ ဒီလို ရေးထားပါတယ်။ Suu Kyi fell in love with Tariq Hyder, a Pakistani student, during her second year in Oxford.[29] Their relationship was not well received by her circle of friends and it soon ended. အချို့သတင်းများမှာတော့ Mrs Aris Aung San Suu Kyi fell in love with a Pakistani, but the relationship that ended in tears ဆိုပြီး မျက်ရည်တွေနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။

ဖော်ပြပါ ဓာတ်ပုံများသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါကစ္စတန် သား အိုစမာ ဟိုင်ဒါ တို့ ချစ်ကြိုက်ခဲ့စဉ်က ဓာတ်ပုံများဖြစ်သည်။ ဤဓာတ်ပုံများအား မည်သူမျှ ဗွီနိုင်းထုတ်၍ မချိတ်ဆွဲ ရဲကြပါ။ အိုစမာ ဟိုင်ဒါ သည် မွတ်ဆလင် အစွန်းရောက်သူတစ်ဦးဖြစ်သည်။ ၎င်း ၏ ဆောင်းပါးများကို http://bravenewworld.in/2012/08/14/august-14-pakistans-independence-day-looking-back-in-order-to-move-forward/ တွင် ဖတ်နိုင်သည်။

ယနေ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ၎င်း၏ ငယ်ဘဝ အား လွန်စွာ တမ်းတ သူငယ်ပြန်လျှက်ရှိကြောင်းအား ၎င်း၏ ပြည်ပခရီးစဉ်များမှ သက်သေပြလျှက်ရှိသည်။ သူမနေထိုင်ခဲ့ဖူးသည့် နေရာအားလုံးသို့ သွားခဲ့ပြီး ငယ်စဉ်က အပေါင်းအသင်းအားလုံး နှင့် တွေ့ခဲ့သည်။ လန်ဒန်၊ အောက်စဖို့၊ အိန္ဒိယ၊ ဂျပန် နိုင်ငံရှိ ငယ်ဖော် များအားလုံး နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် ဥရောပ ခရီးစဉ်တွင် လန်ဒန်၌ ၅ ရက်ကြာနေထိုင်ခဲ့ပြီး အိုစမာ ဟိုင်ဒါ နှင့်လည်း တွေ့ဆုံခဲ့သည်။ ယခုထိလည်း ဖုန်းအဆက်အသွယ်ရှိနေသည်။

အပျိုဖျန်းဘဝ က အိုစမာ ဟိုင်ဒါ မှ ဘာကျွေး၍  စည်းရုံးလိုက်သည် မသိ ယခု အသက် ၆၇ နှစ်အရွယ်ရောက်ချိန်တွင် ကုလား ကို ကုလား ဟု မခေါ်နိုင်ကြောင်း ဒေါ်စု တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။ သမ္မတဖြစ်ရေး စည်းရုံးမှု ကာလတွင်တောင် ကုလားကို ကုလားဟု မခေါ်နိုင်ကြောင်း ပြောဆိုလျှက်ရှိရာ ၂၀၁၅ သမ္မတဖြစ်ပြီးနောက် ကုလားများကို ခေါင်းပေါ်တင်ထားလိမ့်မည်။ အစ္စလမ်ဘာသာကို ကျောင်းသင်ခန်းစာတွင် သင်ကြားလိမ့်မည်။ ပါကစ္စတန် နှင့် အန္ဒိယမှ ဆွေမျိုးမကင်း ငယ်ဖော် များအား အပြင် ဗြိတိန်မှ ရိုဟင်ဂျာအရေး လှုပ်ရှားသူ များနှင့် ရိုဟင်ဂျာ မီဒီယ ဘီဘီစီ တို့အား နိုင်ငံတွင်းသို့ သွင်းကာ အခွင့်ထူးပေးလိမ့်မည်။

Sunday, February 21, 2016

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

'သူဟာ တခြားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေ၊ တပ်မတော်အရာရှိတွေနဲ့ လုံးဝမတူဘူး'။ လမ်းလျှောက်အကူကို အားပြုပြီးလျှောက်နေတဲ့ အသက် ၈ဝကျော် ဝါရင့်သတင်းစာဆရာကြီးက ပြောလိုက်ပါတယ်။ 'သာမန်သတင်းစာဆရာ တစ်ယောက်ကို ဆက်ဆံတာနဲ့ သက်ကြီးရွယ်အိုတစ်ယောက်ကို ရိုရိုသေသေ ဆက်ဆံတာမျိုးကို ပိုခံစားရတယ်။ ဗုဒ္ဓဘာသာဝင်တွေပီပီ လူငယ်တစ်ယောက်က သက်ကြီးရွယ်အိုတစ်ယောက်ကို လေးလေးစားစား ဆက်ဆံသလိုမျိုး ပိုခံစားရတယ်'လို့ ပြောလာသူကတော့ ဝါရင့်သတင်းစာဆရာကြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဆရာကြီးဦးခင်မောင်လေး(ခေါ်)ဖိုးသောကြာ(ခေတ်+မိုး)ပဲ ဖြစ်ပါတယ်။ ဆရာကြီးပြောပြနေတဲ့ သူဆိုတာကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲဖြစ်ပါတယ်။

ရှစ်ယောက်မြောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
------------------------------------------------------------------------------------------------
မြန်မာ့တပ်မတော်သမိုင်းမှာ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်များအဖြစ် ခေတ်အဆက်ဆက် တာဝန်ယူခဲ့ သူများ ရှိကြပါတယ်။ ထိုသူတွေကတော့ ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်ကြီးစန်းယု၊ ဗိုလ်ချုပ်ကြီးသူရ တင်ဦး၊ ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာ့တပ် မတော်သမိုင်းမှာ ရှစ်ယောက်မြောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဖြစ်ပါတယ်။
''အခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ရှေ့ မှာရှိထားဖူးတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ အတော်လေး ခြားနားတယ်။ ဘာလို့လဲဆိုတော့ ရှေ့မှာရှိ ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက အာဏာရှင်က ခိုင်း တာ လုပ်ချင်လုပ်၊ ဒါမှမဟုတ် ကိုယ်တိုင် အာဏာရှင်ဖြစ် တဲ့ တပ်ချုပ်တွေဖြစ်တယ်။ ခုတပ်ချုပ်ကတော့ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်တယ်။ ဖွဲ့စည်းပုံပါတဲ့အတိုင်း သူ့ရဲ့ တာဝန်ကို သူ ထမ်းဆောင်တာပေါ့။ သူ့သက်တမ်း လေး ငါးနှစ်အတွင်းမှာ တပ်မတော်ပြုပြင်ပြောင်းလဲရေးကို တော် တော်လေးလုပ်ခဲ့တယ်''လို့ နိုင်ငံရေးဝေဖန်သုံးသပ်ချက်တွေ ရေးသားနေတဲ့ ဦးစည်သူအောင်မြင့်က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ ကောက်ကြောင်း
------------------------------------------------------------
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ၁၉၅၆ ခုနှစ်မှာမွေး ပါတယ်။ မွေးရပ်ဇာတိကတော့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ဖြစ်ပါတယ်။ ကျွန်တော်က ထားဝယ်သားပါ။ မိသားစုတွေက ထားဝယ်လိုပဲပြောကြ တယ်လို့ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်က မီဒီယာတွေနဲ့ ပထမဆုံးတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၁၉၇၂ ခုနှစ်မှာ အထက(၁)လသာကနေ ၁ဝတန်းအောင်ခဲ့ပါတယ်။ ၁၉၇၃- ၁၉၇၄ တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘာသာရပ်ကို သင် ယူခဲ့ပါတယ်။ ရဲဘော် မှန်တယ်ထင်ရင် ပြတ်ပြတ်သားသား၊ ရဲရဲဝံ့ဝံ့ နောက်မဆုတ် ဆက်လုပ်ပါဟု မှာတမ်ြးေ>ွခခဲ့သော ပထမနှစ် ဥပဒေသင်တန်းသား ကိုမင်းအောင်လှိုင်သည် ယခု အခါ တိုင်းပြည်က အားကိုးအားထားပြုရသည့် စစ်သေနာ ပတိကြီးဖြစ်လို့ နေချေပြီ။ လက်နက်ကိုင်အဖွဲ့အစည်းကြီး တစ်ရပ်လုံးကို ဦးဆောင်ဦးရွက်ပြုနေသည့် ဗိုလ်ချုပ်မှူးကြီး တစ်ယောက် ဖြစ်လို့နေချေပြီ။
စတုတ္ထနှစ် မြန်မာစာကျောင်းသူ မကြူကြူလှသည် သင်တန်းသား ကိုမင်းအောင်လှိုင်နှင့် လူငယ်ချင်း ချစ်ခင်စုံ မက်ရာမှသည် နောင်သောအခါ နှစ်ယောက်တစ်ဘဝ ထူ ထောင်ခဲ့ကြလေသည်လို့ စာရေးဆရာအောင်စွမ်းက 'တပ် ဗိုလ်တပ်မင်း၊ တပ်ချုပ်ကြီးများအား လူအုပ်ကြားက တိုးဝှေ့ ကြည့်ခြင်း'စာအုပ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြောင်း တစ်စိတ်တစ်ဒေသကို ဖွင့်ပြခဲ့ပါတယ်။
ကျွန်တော့်ရဲ့ဇနီးက ရခိုင်စပ်ပါတယ်လို့ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က မီဒီယာတွေနဲ့ ဆုံခဲ့စဉ်က ပြောခဲ့ပါသေး တယ်။
''ဗိုလ်ချုပ်မှူးကြီးက တပ်မတော်ထဲမဝင်မီ ၁၉၇၃ ခုနှစ် မှာ ဥပဒေ(ပထမနှစ်)ကျောင်းသား ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်း က သူရေးခဲ့တဲ့ လက်ရေးနဲ့ လက်မှတ်ရေးထိုးထားတဲ့ စာ သားကို ဥပဒေကြေးမုံမဂ္ဂဇင်း(၂၁ဝ၃)ထုတ်မှာ ကျွန်တော် တို့ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ အဲဒီစာသားကတော့ နောင်တိုင်း ပြည်အကျိုးအတွက် အစ်ကိုကြီးတို့နဲ့အတူ အဓိဋ္ဌာန်ပြုကြ ပါစို့လို့ ဖော်ပြပါရှိပါတယ်။ အဲဒီစာအုပ်ကို ဗိုလ်ချုပ်မှူးကြီး နဲ့ တွေ့တဲ့အခါမှာ ကျွန်တော် အမှတ်တရ ပေးခဲ့ပါသေးတယ် လို့ ဆရာဦးဟန်ညွန့်(ဥပဒေ)က ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟာ ၁၉၇၄ ခုနှစ်မှာပဲ စစ်တက္ကသိုလ် (DSA) အပတ်စဉ်(၁၉)ကို တက်ရောက်ခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ စစ်တက္ကသိုလ်ကျောင်းပြီးခဲ့ပြီး ဒုတိယဗိုလ် အဖြစ် တပ်မတော်မှာ စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တပ်မ တော်မှာ ရာထူးအဆင့်ဆင့် တာဝန်ယူခဲ့ပြီး ၂ဝ၁၁ ခုနှစ် မတ် ၃ဝ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် စတင် တာဝန်ယူခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် မတ်လမှာတော့ ဗိုလ်ချုပ်မှူးကြီးအဆင့် ရာထူးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
''ဗိုလ်ချုပ်မှူးကြီးနဲ့ အဘက ငါးကြိမ်တွေ့ခဲ့တာပေါ့။ ပထမအကြိမ်တုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးတစ်ယောက်အနေနဲ့ ခပ်တန်းတန်း လေး လေးစားစား ဆက်ဆံတာပေါ့။ နောင်တော့ ရင်းနှီးမှုရှိလာ ပြီး တပ်မတော်အကြီးအကဲ တစ်ယောက်ရဲ့ ဟန်ပန်မျိုးတွေ ပျောက်သွားပြီး ရင်းရင်းနှီးနှီး ဆက်ဆံလာတာပေါ့။ အရပ် သားဟန်ပန်တွေ ပါလာတာ တွေ့တယ်။ ပွင့်ပွင့်လင်းလင်း ဆက်ဆံတာ တွေ့လာရတယ်။ သူ့ရဲ့ ရင်တွင်းခံစားချက်တွေ ကိုလည်း ရှင်းရှင်းလင်းလင်း ပြောပြလာတာ တွေ့ရတယ်''ဟု ဆရာကြီးဖိုးသောကြာက စကားဆက်ပါတယ်။
မီဒီယာ
----------------
ကျွန်တော် ပြည်ပနိုင်ငံတွေကိုရောက်ရင် ကာကွယ် ရေးဦးစီးချုပ်တွေက ပြောတယ်။ မီဒီယာနဲ့ တွေ့ပါတဲ့။ ဒါ ကြောင့် ကျွန်တော် မီဒီယာတွေနဲ့ ခုလိုတွေ့ဖြစ်တာပါလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရိုးသားပွင့်လင်းစွာ ပြောပါတယ်။
၂ဝ၁၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က သတင်းမီဒီယာ တွေနဲ့ ပထမဆုံး စတွေ့တာပဲ ဖြစ်ပါတယ်။ သတင်းမီဒီယာ တွေကို တလေးတစား ဖိတ်ကြားပြီး နွေးနွေးထွေးထွေး ဆက် ဆံပါတယ်။ ခက်ခဲတဲ့မေးခွန်းတွေကိုလည်း မရှောင်လွှားဘဲ ဖြေကြားပေးခဲ့ပါတယ်။ အပြီးမှာ မီဒီယာတွေနဲ့ လက်ဖက် ရည်စားပွဲမှာ အတူထိုင်ပြီး စကားလက်ဆုံကျလိုက်ပါသေး တယ်။ ဒါဟာ သတင်းမီဒီယာတွေနဲ့ ဆက်ဆံရေး တံခါးတစ် ချပ်ကို လှစ်ဟပြလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
မီဒီယာသည် တိုင်းပြည်အတွက် လွန်စွာ အရေးကြီး ကြောင်း၊ အထူးသဖြင့် တိုင်းပြည်တည်ဆောက်ရေး ကာလ တွင် ပိုမိုအရေးကြီးကြောင်း၊ ပြောင်းလဲနေသော အခြေအ နေများအရ နိုင်ငံတိုင်း၏ တိုင်းပြည်တည်ဆောက်ရေးသည် လည်း ပြီးဆုံးသည်ဟူ၍ မရှိနိုင်သကဲ့သို့ မီဒီယာ၏ကဏ္ဍသည်လည်း ထာဝရရှိနေမည်ဖြစ်ကြောင်း၊ ကမ္ဘာတည်သ ရွေ့ မီဒီယာ၏ လှုပ်ရှားမှုများ ရှိနေမည်ဖြစ်ကြောင်း၊ ထိရောက် သည့် လုပ်ဆောင်မှုများ ပေးခြင်းဖြင့် တိုင်းပြည်တည်ဆောက် ရေးအတွက် ပိုမိုတန်ဖိုးကြီးစေမည်ဖြစ်ကြောင်း၊ သတင်းမီဒီ ယာသည် တိုင်းသူပြည်သားများကို အသိပညာ၊ အတတ် ပညာများ ဖြန့်ဝေပေးသည့် ဌာနကြီးဖြစ်ကြောင်း၊ မိမိကိုယ် တိုင်ပင် သတင်းမီဒီယာများက ဖတ်ရှုလေ့လာသိရှိရသည့် အသိပညာများ၊ မိဘ၊ ဆရာနှင့် Elder များ၏သွန်သင် ဆုံးမမှု၊ ထိန်းကျောင်းပဲ့ပြင်မှုများ ပေါင်းစပ်ပြီး နိုင်ငံ့တာဝန် များကို ထမ်းဆောင်နေခြင်းဖြစ်၍ သတင်းမီဒီယာ၏ တန်ဖိုး ကိုအလေးထားကြောင်း၊ မှန်မှန်ကန်ကန်ဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ အသုံးချနိုင်ခြင်းဖြင့် နိုင်ငံတော်အတွက် များစွာ အကျိုးရှိကြောင်း၊ တစ်ဦးနှင့်တစ်ဦး အမြင်ချင်း မတူနိုင်သ ဖြင့် အချက်အလက် မှန်ကန်စွာဖြင့် မျှတသည့် သတင်းပေး ခြင်းသည် ကောင်းမွန်ကြောင်း၊ မီဒီယာမှပေးသည့် သုတ၊ ရသများ၊ သတင်းများသည် ပြည်သူများအတွက် များစွာအ ထောက်အကူပြုကြောင်း၊ ပြည်သူများ စာဖတ်အား မကျ အောင် စာပေဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က မြန်မာသတင်းမီဒီယာကောင်စီနဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါ တယ်။
''တပ်ချုပ်ကြီးနဲ့ ကျွန်တော်တို့ သတင်းမီဒီယာတွေဟာ ရှေ့သို့လက်တွဲပြီး ငြိမ်းချမ်းရေး အသီးအပွင့်များ ပွင့်လန်း လာအောင် ဆက်လက် ပူးတွဲဆောင်ရွက်နိုင်မယ်လို့ ယုံကြည် တယ်''လို့ ဆရာဦးဟန်ညွန့်(ဥပဒေ)က မှတ်ချက်ပြု ပြောပါ တယ်။
Standard Army
--------------------------------
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကြာခဏဆိုသ လို ပြည်ပနိုင်ငံတွေဆီ ခရီးထွက်ပါတယ်။ ဒါကြောင့် အမြင် ကျယ်ပါတယ်။
''သူက ပြင်ပတိုင်းပြည်တွေဆီကို ထွက်တယ်။ အဲဒီတိုင်း ပြည်တွေကလို တပ်မတော်တွေလို ဖြစ်ချင်တယ်။ တပ်မတော် ကို Professional Army ဖြစ်အောင်လုပ်ချင်တာ တွေ့ရ တယ်။ အရင်ကတော့ တံခါးပိတ်ဆိုတော့ တပ်မတော်အ ကြီးအကဲတွေက Modernize ဖြစ်အောင် မတွေးတတ်ကြ ဘူး။ သူက တပ်မတော်ကို Modernize ဖြစ်အောင် လုပ်ချင် တယ်။ Standard Army ဖြစ်အောင်လုပ်ချင်တယ်''လို့ ဦးသီဟ စောက ပြောပါတယ်။
လက်ရှိတပ်မတော်အနေဖြင့် Standard Army အ ဖြစ် တိုက်စွမ်းအား၊ တိုက်စွမ်းရည်များ မြှင့်တင်ခြင်းဖြင့် တပ်မ တော်၏ စွမ်းဆောင်ရည် မြင့်မားလာအောင် လုပ်ဆောင် ပေးနေရာတွင် တပ်မတော်သားတိုင်း ပညာရည်မြှင့်တင်ရေး များ လုပ်ဆောင်ပေးလျက်ရှိနေပါကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
တပ်မတော်နဲ့ နိုင်ငံတော်အာဏာ
----------------------------------------------------------
မြန်မာနိုင်ငံသမိုင်းမှာ တပ်မတော်ကို ၁၉၅၈ တွင် အိမ် စောင့်အစိုးရအဖြစ်လည်းကောင်း၊ ၁၉၆၂ တွင် တော်လှန်ရေး ကောင်စီ အစိုးရအဖြစ်လည်းကောင်း၊ ၁၉၈၈ တွင် နိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အဖြစ် လည်း ကောင်း၊ ၁၉၉၇ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ်လည်းကောင်း နိုင်ငံတော်အာဏာ ကိုရယူခဲ့ပါတယ်။ တပ်မတော်က အာဏာရယူမှုများကြောင့် ပြည်သူလူထုနဲ့ တပ်မတော်ဆက်ဆံရေးဟာ တစ်သားတည်း မရှိတော့ပါဘူး။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံ အနေအထားမျိုး အသွင် ရောက်သွားတယ်။ ဒါကြောင့်လည်း ပြည်သူက တပ် မတော်အပေါ်မှာ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုးနဲ့ အမှန် ကို ရှုမမြင်ကြတော့ပါဘူး။ ဒါကို ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က အသွင်ပြောင်းနေတာ ဖြစ်ပါတယ်။
သမိုင်းသင်ခန်းစာတွေအရပြောရရင် အာဏာသိမ်းဖို့ မရှိပါဘူးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၁.၉. ၂ဝ၁၅)နေ့မှာ မီဒီယာတွေနဲ့ တွေ့စဉ်မှာ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော် နိုင်ငံခြားသွားတော့လည်း ခင်ဗျားတို့ အာဏာသိမ်းမှာလား ဘာညာ ကျွန်တော့်ကိုမေး ပါတယ်။ တပ်မတော်က အာဏာသိမ်းတာ တစ်ကြိမ်ရှိခဲ့ပါ တယ်။ ၁၉၆၂ခုနှစ် အာဏာသိမ်းတာ။ ၈၈ခုနှစ်မှာ အာဏာ သိမ်းတာ မဟုတ်ပါဘူး။ အာဏာသိမ်းဖို့ အစိုးရကို မရှိပါ ဘူး။ အဲဒီမှာ အစိုးရမရှိတဲ့အခါ ဝင်ပြီးတော့ တာဝန်ယူရတဲ့ သဘောပါပဲ။ သို့သော်လည်းပဲ ကျွန်တော်တို့ ဒီသင်ခန်းစာ အရ ကျွန်တော့်ရဲ့ တပ်မတော်ရဲ့ ဆန္ဒပြောရရင် အာဏာ သိမ်းတာမျိုးတော့ ကျွန်တော် မလိုလားပါဘူး။ ဒါ ကျွန်တော့် ရဲ့ ဆန္ဒအမှန်ပါ။ ကျွန်တော် လုံးဝမကြိုက်ပါဘူး''လို့ ပြောခဲ့ ပြီးဖြစ်ပါတယ်။
ငြိမ်းချမ်းရေး
----------------------------
ငြိမ်းချမ်းရေးကတော့ တစ်ယောက်နဲ့တစ်ယောက် ယုံ ကြည်မှုကတော့ အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ မြန်မာ့စိတ်မွေးဖို့လည်း အရေးကြီးပါတယ်။ တချို့ အားငယ် တဲ့သူတို့ ရှိပါတယ်။ ဒီအတွက်လည်း တိုင်းရင်းသားတွေအ ပေါ်မှာ ကိုယ်ချင်းစာပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေ နဲ့ သံသယမဖြစ်အောင် နေထိုင်လုပ်ကိုင်ဖို့က တော်တော် အရေးကြီးပါတယ်။ ဒီအပေါ် သံသယစိတ်ကိုလည်း ပိုကြီး မားအောင်လည်း မလှုံ့ဆော်ဖို့က ပိုအရေးကြီးပါတယ်။ တချို့ ကျတော့လည်း ဒီသံသယစိတ်ပေါ်မှာ မူတည်ပြီးတော့ ပိုပြီး ကြီးမားအောင် လှုံ့ဆော်ပေးတဲ့ဟာတွေလည်း ရှိတယ်။ ကျွန် တော့်ရဲ့ဆန္ဒ ပြောရရင်တော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တော့ ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ သံသယ ရှင်းရှင်းနဲ့ လုပ်မယ်။ ဒီမိုကရေစီနိုင်ငံမှာတော့ လက်နက်ကိုင် ပဋိပက္ခ၊ လက်နက်ကိုင်လမ်းစဉ်ကတော့ မရှိသင့်ပါဘူး။ တပ် မတော်အနေနဲ့လည်း ဒီအတွက်ကြောင့်လည်း အာဏာသုံး ရပ် ကိုင်ထားတာကနေပြီးတော့ ရွေးချယ်ခံအစိုးရကို ကျွန် တော်တို့ လွှဲပေးခဲ့တာဖြစ်ပါတယ်။ ဒါတွေက ပြည့်စုံပြီလို့ လည်း ကျွန်တော် မပြောပါဘူး။
သို့သော် လက်ရှိအခြေအနေမှာတော့ အကောင်းဆုံး အခြေအနေပေါ့။ ဒီအပေါ်မှာ တိုင်းရင်းသားတွေအနေနဲ့က လည်း သံသယရှင်းရှင်းနဲ့ ပူးပေါင်းဆောင်ရွက်လာမယ်ဆို ရင် ငြိမ်းချမ်းရေးဆိုတာ ဖြစ်မယ်လို့ တွက်ပါတယ်။ NCA ကို လက်မှတ်ရေးထိုးမှုမရှိသေးတဲ့အဖွဲ့များအပေါ် တပ်မတော် အနေနဲ့ သံသယစိတ်မထားဘဲ မိမိတို့စိတ်ဆန္ဒအတိုင်း အချိန် မရွေး လက်မှတ်ရေးထိုးနိုင်ဖို့ တံခါးဖွင့်ထားပါတယ်လို့ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၁၂ရက်က ပြုလုပ် ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ထည့်ပြောသွား တာ ဖြစ်ပါတယ်။
''တပ်ချုပ်ကြီးလက်ထက်မှာပဲ အင်မတန်မှအားကောင်း တဲ့ KNU ပါလာတယ်။ အရင်က သူနိုင်ကိုယ်နိုင် အပြိုင် တိုက်ခိုက်ခဲ့တဲ့ KNU ဥက္ကဋ္ဌကြီးကို DSA လို နေရာမျိုးဆီ အလည်အပတ်ပေးသွားတယ်ဆိုတာမျိုးက ဘယ်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ မလုပ်ဘူးဆိုတာ သမိုင်းမှာတွေ့ရ ပါတယ်။ သူဟာ တိုင်းရင်းသားတွေအပေါ်မှာ လျစ်လျူရှု မထားဘူး။ ဗမာက အစ်ကိုကြီးဆိုပြီး ဗိုလ်ကျတာတို့၊ လိမ် တာတို့ မရှိသလို ကျန်တိုင်းရင်းသားတွေကလည်း ညီအစ်ကို ဆိုတဲ့ စိတ်ဓာတ်နဲ့ သစ္စာဖောက်တာတို့ နောက်ကျောကို ဓားနဲ့ထိုးတာတို့မရှိဘူးဆိုရင် ကျွန်တော်တို့တိုင်းပြည်အနာ ဂတ်အတွက် ကောင်းမယ်ဆိုတာမျိုးကို သူက ပြယုဂ်နဲ့ နမူနာ ပေးပြီးတော့ ပြတယ်လို့ ကျွန်တော်က မြင်တယ်။
ဗမာက လည်း အင်အားကြီးလူမျိုးကြီးဆိုပြီးတော့ ဗိုလ်ကျတာ၊ အနိုင် ကျင့်တာ မရှိသလို ကျန်တဲ့သူတွေကလည်း သစ္စာမဖောက်ဘဲ နောက်ကျောကို ဓားနဲ့မထိုးဆိုတာ ခွဲထွက်တာကို ကျွန်တော် ပြောနေတာ။ နောက်တစ်ခုက NCA နဲ့ပတ်သက်ပြီးတော့ လက်မှတ်မထိုးရသေးတဲ့ သူတွေအတွက် တံခါးအမြဲတမ်း ဖွင့်ထားပါတယ်ဆိုတယ်။ ကျွန်တော်မြင်တာကတော့ အစိုးရ၊ လွှတ်တော်နိုင်ငံရေးပါတီတွေဆိုတာ ငြိမ်းချမ်းရေးမှာ ဇာတ်ပို့ တွေဗျ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဓိကကျတဲ့ ဇာတ်ဆောင် ကတော့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေပဲ။ အစိုးရ၊ လွှတ်တော်နိုင်ငံရေးပါတီတွေဆိုတာက နောင်လာ မယ့် လွှတ်တော်ဆိုရင် ပြောင်းသွားပြီ။ အဓိကသရုပ်ဆောင် နှစ်ယောက်က မပြောင်းဘူး။ ဒါကြောင့် မပြောင်းလဲဘဲကျန် မယ့် တပ်မတော်က ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးထား တယ်လို့ ဆိုထားလေတော့ ကျန်တဲ့ညီနောင်တိုင်းရင်းသား တွေကလဲ ကမ်းလာတဲ့လက်ကို ပြန်ပြီး လှမ်းစေချင်တယ်''လို့ ဦးရန်ကျော်က ပြောပါတယ်။
ဒါကြောင့် လာမယ့်အစိုးရသစ်လက်ထက်မှာ ဆက် လုပ်ဆောင်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ဆက်လက်ပူးပေါင်း ပါဝင်လုပ်ဆောင် နေရမှာပဲ ဖြစ်ပါတယ်။
''ကျွန်တော်က မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေးရတဲ့ အထိ လုပ်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်''လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဆီ
-------------------------------------------------
နိုင်ငံတစ်ပေါင်းတည်းရှိမှု၊ ပြည်သူများ စည်းလုံးညီ ညွတ်မှုရှိခြင်းတို့ဟာ ကျုပ်တို့ရဲ့လုပ်ငန်း မုချအောင်ပွဲခံနိုင် ရေးအတွက် အခြေခံအာမခံချက်များဖြစ်ပါတယ်။
- မော်စီတုန်း
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတိုးတက် အောင် လုပ်ချင်တဲ့စိတ်ရှိသူ ဖြစ်ပါတယ်။ နိုင်ငံတိုးတက်ချင် ရင် အချင်းချင်း စိတ်ဝမ်းမကွဲကြဖို့ လိုပါတယ်လို့ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
''ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး ဆီသို့ ဆိုတာကတော့ အင်မတန်မှ ကြီးကျယ်လွန်းပါတယ်။ ကျွန်တော့်ရဲ့ဆန္ဒကတော့ တိုင်းပြည်တစ်ပြည်လုံး တည်ငြိမ် အေးချမ်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ပါတယ်။ တိုင်းရင်းသားအားလုံး စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ နိုင်ငံတိုးတက်အောင် လုပ်ချင်တဲ့စိတ်နဲ့ပဲ သွားချင်ပါတယ်။ ဘယ်သူဘယ်ဝါဆိုပြီး မခွဲခြားစေချင်ဘူး။ မြန်မာဆိုတဲ့စိတ် နဲ့ ကိုယ့်တိုင်းပြည် ဘယ်လိုကောင်းအောင်လုပ်မလဲပဲ ဖြစ်ပါ တယ်။ We all are Myanmar စိတ်နဲ့ တိုင်းပြည်ကို လုပ် သွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ပြည်သူပြည်သားအားလုံး ဖြစ်ချင်ကြတဲ့ တိုင်းပြည်ကို နိုင်ငံတစ်ခုအနေနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ရောက်မှာပဲဖြစ်ပါတယ်။ တိုင်းပြည် တည်ငြိမ်အေး ချမ်းရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ကိုယ့်မြန်မာချစ် တဲ့စိတ်နဲ့ လုပ်ကြပါလို့ ပြောချင်ပါတယ်''လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာကို စာ ရေးသူ အမှတ်သွားရမိပါတယ်။
''တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူ ပြည်သား ညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ် ငြားသော်လဲ ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ် ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော် ပြောချင်တယ်''။
''မြန်မာနိုင်ငံသမိုင်းမှာ နှစ်ကာလကြာ ရှည်စွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်စေရေး အတွက် အရေးကြီးဆုံး မဖြစ်မနေ ကျင့်သုံး ဆောင်ရွက်ရမယ့် မဟာဗျူဟာဟာ 'တိုင်းရင်း သားစည်းလုံးညီညွတ်ရေး'ပဲ ဖြစ်ပါတယ်။ ကျွန် တော်တို့အားလုံးရဲ့ ဒီနေ့ တွေ့ဆုံကြိုးပမ်း ဆောင်ရွက်နေမှုတွေဟာ အနာဂတ်နိုင်ငံတော် အတွက်၊ အနာဂတ် ကျွန်တော်တို့ မြန်မာ့မျိုး ဆက်တွေအတွက်ဆိုတာ လေးလေးနက်နက် ခံယူပြီး စိတ်ရင်းစေတနာမှန်မှန်နဲ့ အောင်မြင် ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြ ဖို့နဲ့ တပ်မတော်အနေနဲ့လည်း အဖြစ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် အားပေးထောက်ခံ ပူးပေါင်းဆောင်ရွက်သွားပါမယ်ဆိုပြီး ဗိုလ် ချုပ်မှူးကြီးက ပြည်ထောင်စုငြိမ်းချမ်းရေးညီ လာခံမှာ ပြောသွားခဲ့တာ တွေ့ရပါတယ်။
တပ်မတော်နဲ့ပြည်သူတစ်သားတည်းဖြစ်ပြီလား
--------------------------------------------------------------------------------------
ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းအတွင်း ၂ဝဝ၈ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးစားခဲ့သည်။ သို့သော် အရာမထင်ခဲ့ပေ။ အကြောင်းမူကား လွှတ်တော်အတွင်း တပ်မတော်က ၂၅ရာခိုင် နှုန်း အသင့်နေရာယူထားသည်။ ယင်းသည် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အတားအဆီး တစ်ခု ဖြစ်နေသည်။
''တပ်ချုပ်ကြီးကတော့ ဖွဲ့စည်းပုံကို လေး စားလိုက်နာတဲ့ တပ်မတော်သားကောင်းဖြစ် အောင်လုပ်မယ်ဆိုတာမျိုး တွေ့ရပါတယ်။ သူ့ ကိုယ်သူလဲ ယုံကြည်စိတ်ချမှုရှိတယ်။ အဲဒီ လူထုနဲ့ တစ်သားတည်းဖြစ်အောင်တော့ လုပ် လို့မရသေးဘူး။ သူက လက်ရှိဖွဲ့စည်းပုံဥပဒေ ကို လိုက်နာစောင့်ထိန်းတဲ့အဆင့်ပဲ ရှိသေး တယ်။ ပြည်သူနဲ့ တစ်သားတည်းဖြစ်ဖို့ဆိုရင် တော့ ပြည်သူက လိုလားနေတဲ့ ဖွဲ့စည်းပုံပြင် ဆင်ရေးမှာ ပူးပေါင်းပါဝင်ဖို့လိုမယ်။ ပြည်သူ နဲ့ တစ်သားတည်းအဆင့်ကိုတော့ မရောက် သေးပါဘူး''လို့ ဦးစည်သူအောင်မြင့်က ထောက် ပြပြောဆိုပါတယ်။
''အဘအနေနဲ့ ပြောရရင် စစ်ဗိုလ်ဆက် ဆံရေးထက် အရပ်သားဆက်ဆံရေးပုံ ပေါ် လာတယ်''လို့ ဆရာကြီးဖိုးသောကြာက ဆိုပါ တယ်။ ''စစ်သားဆိုတာ ဆယ်တန်းအောင်ပြီး ကတည်းက အမိန့်တွေကြားမှာ နာခံကျင်လည် လာခဲ့ရတာဆိုတော့ သူတို့ထက်အသက်ငယ် တဲ့သူကိုလဲ အမိန့်ပေးတယ်။ အသက်ကြီးတဲ့ သူကိုလဲ အမိန့်ပေးတယ်။ အဲဒီအမိန့်ကို နာခံ ရတယ်။ ဒါကြောင့် ချက်ချင်းကြီးတော့ ဖြစ် မလာဘဲ တဖြည်းဖြည်းတော့ လျော့လာတယ် ဆိုတာ တွေ့နေရပါတယ်။ ဒါကြောင့် တပ် မတော်ကို လက်ညှိုးထိုးပြီး အပုပ်ချဆက်ဆံ နေတာထက် အပြုသဘောဆောင်ပြီး ဝေဖန် ဆက်ဆံတတ်ဖို့ လိုပါတယ်။ မကောင်းဘူးလို့ ပြောရတာ သိပ်လွယ်ပါတယ်။ မကောင်းဘူး လို့ ပြောတာထက်စာရင် ဒီလိုလုပ်ရင် ဒီလို ဖြစ်တယ်။ ဒီလိုလုပ်ရင် ပိုပြီးသင့်တော်ပါတယ် ဆိုတာ ဝေဖန်ကြရင် ကောင်းပါတယ်။ နောင် တက်လာမယ့် တပ်ချုပ်တွေအထိ ဒီလိုဆက် ဆံသွားမယ်ဆိုရင် တပ်နဲ့ပြည်သူက တစ်သား တည်းဖြစ်သွားဖို့ ရှိပါတယ်။ တပ်ကိုလည်း ထိုက်ထိုက်တန်တန်ခေငူငအပ တွေ ပေးရပါ လိမ့်မယ်။ အဲဒီလိုပေးရင်းနဲ့ တပ်ကလည်း တဖြည်းဖြည်းချင်းနဲ့ တစ်ခါတည်း နိုင်ငံရေး မှာ ပါဝင်ပတ်သက်မှုကို တဖြည်းဖြည်းနဲ့ လျှော့ ပေးရပါလိမ့်မယ်။ အဲဒီလိုမျိုးနဲ့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကျိုးပြုခြင်းအားနဲ့ ကျွန်တော် တို့ဟာ အရွေ့တစ်ရွေ့ကို သွားရပါလိမ့်မယ်။
အင်ဒိုနီးရှားရောက်တုန်း သူတို့ဆီမှာ တပ်က ရာခိုင်နှုန်း ၄ဝတောင်ပါတာကို ဂရု မစိုက်ဘူး။ ဂရုစိုက်နေရင် လျှော့မှာမဟုတ်ဘူး။ ခုတော့ ဖနမသဖြစ်သွားပြီ။ ကျွန်တော်ဆိုလိုချင် တာက ရန်သူလို သဘောမထားဘဲ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလို၊ ညီအစ်ကိုမောင်နှမ တွေလို အပြုသဘောဆောင်တဲ့ ချဉ်းကပ်နည်း နဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင် ကိုယ်လိုချင် တာ ရမယ်။ ဒါပေမဲ့ ချက်ချင်းကြီးကတော့ ရမှာမဟုတ်ဘူး။ ဒါပေမဲ့ တဖြည်းဖြည်းပြောင်း လဲလာပါလိမ့်မယ်''လို့ ဦးရန်ကျော်က ပြောပါ တယ်။
''အဘမြင်မိတာက ပြည်သူက တပ်မ တော်အပေါ် အမြင်စောင်းနေတယ်လို့ သူ (ဗိုလ်ချုပ်မှူးကြီး) ခံစားနေပုံရတယ်။ တပ်မ တော်က ဘာလုပ်လုပ် ပြည်သူက အမြင်စောင်း နေတာ ဘာကြောင့်လဲဆိုပြီး ခံစားနေပုံရတယ်။ အဘကလဲ ပြည်သူတွေ ဘာကြောင့် အမြင် စောင်းရသလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြော ပြတော့ သူက လက်ခံတယ်။ မီဒီယာတွေဘက် က ထောက်ပြဝေဖန်တာတွေကို လေးလေး စားစား လက်ခံတာ တွေ့ရတယ်။ ဒါတွေကို ကြည့်ပြီး ခုနောက်ဆုံးတွေ့တဲ့အခါမှာတော့ တပ်မတော်က ဒီမိုကရေစီလမ်းကြောင်းအပေါ် မသွေဖည်ဘဲ တည့်တည့်မတ်မတ် ဆက်လျှောက် သွားမယ်ဆိုတာ တွေ့ရတယ်''လို့ ဆရာကြီး ဖိုးသောကြာက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲ
-----------------------------------------------------------------------------------------------------------
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်း အောင်လှိုင်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ၂၅.၁.၂ဝ၁၅)နေ့မှာ ဒုတိယ အကြိမ် တွေ့ခဲ့ကြပါတယ်။ ပထမအကြိမ်တုန်း က တွေ့တာက ၂ဝ၁၅ခုနှစ် ဒီဇင်ဘာ၂ရက်က ဖြစ်ပါတယ်။ ရွေးကောက်ပွဲလွန်ကာလ Tran- sition နှင့် တည်ငြိမ်အေးချမ်းရေး ကိစ္စရပ် များ၊ လွှတ်တော်နှင့်ပတ်သက်သော ကိစ္စရပ် များ၊ နောင်ဖြစ်ပေါ်လာမည့် အစိုးရဖွဲ့စည်း ရေးဆိုင်ရာများ၊ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက် လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြတာ တွေ့ရပါတယ်။
''ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဒီမိုက ရေစီအင်အားစုတွေနဲ့ လက်တွဲလုပ်ချင်တာကို တွေ့ရတယ်။ ခုဆို ဒေါ်စုနဲ့ နှစ်ခါတွေ့တယ်။ လာမယ့်လွှတ်တော်မှာလဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုလဲ ပြောင်း နေတာ တွေ့ရတယ်။ ပိုပြီးတော့ အရေးပါတဲ့ သူတွေကို နေရာချနေတာတွေ့ရတယ်။ သူက တော့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေ လိမ့်မယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ လက် တွဲဆောင်ရွက်လိမ့်မယ်လို့ထင်တယ်လို့ ဦးသီဟ စောက ပြောပါတယ်။
''ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယအ ကြိမ် နှစ်နာရီကြာအောင် တွေ့တယ်ဆိုတာ ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ဆွေး နွေးကြတယ်ဆိုတာ မြင်ရတယ်။ နှစ်ဖက်စလုံး က တုံ့ပြန်ဖြေကြားခြင်းမရှိပေမယ့် ဒီလောက် အချိန်ပေးပြီး ဆွေးနွေးတယ်ဆိုတာကိုက တက် လာမယ့်အစိုးရပေါ်မှာလဲ တပ်မတော်အနေ နဲ့ ကောင်းတဲ့ဘက်က ချဉ်းကပ်ပြီးတော့ လှုပ် ရှားတယ်ဆိုတာ အဓိပ္ပာယ်ဆောင်ပါတယ်။ သူက ဆွေးနွေးဖို့ စိတ်မပါဘူးဆိုရင် မိနစ်၂ဝ တောင် လက်ခံတွေ့မှာမဟုတ်ပါဘူး။ ဒါ ကျွန် တော် ဖားပြီးပြောတာမဟုတ်ပါဘူး။ သူသွား နေတဲ့လမ်းကြောင်း၊ အရှိတိုင်းကို ကျွန်တော် ပြောပြခြင်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကို ကြည့်ရင် ဗိုလ်ချုပ်မှူးကြီးဟာ ဒီမိုကရေစီအ ရေး၊ ဖက်ဒရယ်အရေးတွေကို စိတ်ဝင်စားမှု ရှိပြီး တပ်ရဲ့ထုံးစံအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်လုပ်ဆောင်လာတယ်လို့ ကျွန်တော် ကတော့ မြင်ပါတယ်လို့ ဦးရန်ကျော်က ပြော ပါတယ်။
ဦးစည်သူအောင်မြင့်ကတော့ ''နောက် ဆုံးပိုင်းမှာကျတော့ ရွေးကောက်ပွဲ ကျင်းပ တယ်။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် ပြုတာ။ ပြီးတော့ ရွေးကောက်ပွဲမှာ တက်လာ တဲ့ အစိုးရပေါ့နော်။ တစ်လျှောက်လုံး အတိုက် အခံနဲ့ နေလာခဲ့တဲ့ NLD နဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး ပြောတယ်''ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွတ်စွာနဲ့ နိုင်ငံ အကျိုး ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်မျှော် လင့်ပါတယ်လို့ ဦးဟန်ညွန့်ကလည်း သုံးသပ် ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရွေး ကောက်ပွဲကမ်ပိန်း ကာလကတည်းက တပ် မတော်ကို လက်စားချေတာ၊ အာဃာတမထား ကြောင်းကို တစိုက်မတ်မတ် ပြောထားခဲ့ပါ တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့လည်း မဆိုင်းမတွဆိုသလို အမျိုးသားရင်ကြားစေ့ ရေးကိုြေ<ွကးကြော်လာခဲ့ပါတယ်။
ခုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ ဆက်ဆံရေးဟာ အပေါင်းရလဒ်ကို ဦးတည်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေး အခြေအနေကို စာရေးသူက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ဆုံစဉ် မေးကြည့်ပါတယ်။
''ဆက်ဆံရေး တိုးတက်ကောင်းမွန်နေပါ တယ်''လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြုံးပြုံးလေးနဲ့ပြန်ဖြေပါတယ်။ နောင်တက်လာ မယ့်အစိုးရနဲ့လဲ ဆက်လက်ပူးပေါင်းလုပ်ဆောင် သွားရမယ်လို့ သူက ဆက်ပြောပါတယ်။ ဒေါ် အောင်ဆန်းစုကြည်သည် တပ်မတော်အား ကို ယူပြီး ၅၉(စ)ကို ပြင်ချင်နေသည်။ သို့မဟုတ် ရပ်ဆိုင်းလိုသည်။ သို့အတွက်လည်း ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ ဆက်ဆံရေးကောင်း မွန်အောင် လုပ်ဆောင်နေတာလည်း ဖြစ်ပါ တယ်။
''တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကပေးအပ်ထားတဲ့ တာဝန်ဝတ္တရားများ နဲ့အညီ တိုင်းပြည်အကျိုးကို ရှေးရှုပြီး ဖြစ်ပေါ် လာမယ့်အစိုးရ၊ ပြည်သူလူထုတို့နဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အမျိုးသားရေးတာဝန်တွေကို အစဉ်အလာနဲ့အညီ ကျေပွန်စွာထမ်းဆောင် သွားမှာပါ။ ၂ဝ၁၆ခုနှစ်မှာ နိုင်ငံတော်ကြီးပိုမို တည်ငြိမ်အေးချမ်းပြီး သာယာဝပြောဖို့အတွက် တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူတို့ နဲ့ တစ်စိတ်တည်း တစ်ဝမ်းတည်း တက်ညီ လက်ညီ ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မယ်ဆိုတာ အလေးအနက်ထား ပြောကြား လိုပါတယ်''လို့ တပ်ချုပ်ကြီးက နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောသွားတာ တွေ့ရပါတယ်။
အမှန်ကိုလုပ်ဖို့ အချိန်တန်နေပြီ
------------------------------------------------------------
ကျွန်တော်တို့ အချိန်ကို ဉာဏ်နဲ့ယှဉ်ပြီး သုံးရမယ်။ အမြဲတမ်း နှလုံးသွင်းထားရမယ့် အချက်ကတော့ အမှန်ကိုလုပ်ဖို့အတွက် အမြဲ တမ်း အချိန်တန်နေပြီဆိုတာပါပဲ။
- နယ်လ်ဆင် မင်ဒဲလား
(တောင်အာဖရိကခေါင်းဆောင်ကြီး)
အထက်မှာတင်ပြခဲ့သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ဟာ ပုံမှန်တပ်မတော်သားများရဲ့ စိတ်ဓာတ်မျိုးကနေခွဲထွက်ကာ လက်ရှိနိုင်ငံ တော်မှာ ဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေ တွေကို ဆင်ခြင်သုံးသပ်နိုင်ပြီး အမှန်ကို ရဲရဲ ဝံ့ဝံ့ ပြတ်ပြတ်သားသား ရပ်တည်လုပ်ဆောင် နေတာ တွေ့ရပါတယ်။ သူ့မှာ Vision ရှိပါ တယ်။
အောင်မြင်တဲ့ခေါင်းဆောင်တွေဟာ အဖွဲ့ အစည်းတစ်ခုအတွက် အရေးပါလှပါတယ်။ ပြောင်းလဲမှုအချိန်နဲ့ မရေရာတဲ့ အခြေအနေ တွေမှာ ထိပ်ပိုင်းခေါင်းဆောင်တွေအဖို့ ပြတ် သားစွာ လုပ်ဆောင်ရင်း လူတွေရဲ့အားထား မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ တခြားစီမံ ခန့်ခွဲရေးကိစ္စတွေကို စွမ်းဆောင်ရပါလိမ့်မယ် လို့ ဂျွန်အက်ဒဲယားက ဆိုပါတယ်။
ဒါကြောင့် မြန်မာ့အနာဂတ် နိုင်ငံရေး အရွေ့မှာ သော့ချက်ဖြစ်လာတော့မယ့်၊ အရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေနဲ့ မတူ ကွဲပြားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရဖြစ် လာမယ့် အင်န်အယ်လ်ဒီပါတီကလိုလားတဲ့ ၅၉(စ)ကို ပြင်ဆင်ခြင်း၊ ရပ်ဆိုင်းခြင်းအား သဘောတူ ကြည်ဖြူမည်လား၊ သို့တည်း မဟုတ် ယင်းအချက်အား ပြောင်ပြောင်တင်း တင်း ငြင်းဆန်ကာ အသက်ဝင်လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆက်လက်ဆုပ် ကိုင်ကာ တပ်မတော်ကြီးကိုပဲ ဦးဆောင်လေ မလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းပြီး အစိုးရသစ်မှာ ဒုတိယသမ္မတအဆင့်ရာထူးနဲ့ တွေ့လာလေမလား၊ တပ်မတော်ကနေ အနား ယူသွားရင် နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ ခေါင်း ဆောင်ပဲ ဖြစ်သွားလေမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ။
D-မင်း ရေးသည်