Saturday, April 30, 2016

လူသိနည်းသော အိန္ဒြာကျော်ဇင် အကြောင်း [၁၆] ချက်

လူသိနည်းသော အိန္ဒြာကျော်ဇင် အကြောင်း [၁၆] ချက်

*အူဝဲဟာမြန်မာနိုင်ငံရဲ့Model Star ၁ ဦးဖြစ်ခဲ့တယ်ဆိုတာသင်သိပါသလား

*အူဝဲဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဆိုတာသင်သိပါသလား

*အူဝဲဟာရဲဘော်သုံးကျိတ်ဝင်ဗိုလ်ဇေယျာရဲ့မြေးအရင်းတော်စပ်သူဆိုတာသင်သိပါသလား

*အူဝဲဟာတရုပ်နိုင်ငံရွှေကြက်ဖနိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဖိတ်ကြားခံရတဲ့ပထမဦးဆုံးမြန်မာအမျိုးသမီးဆိုတာသင်သိပါသလား

*အူဝဲဟာ PEOPLE MAGAZINE ကရွေးချယ်ပေးအပ်တဲ့ ဖက်ရှင်အကျဆုံးဆုပရိတ်သတ်စိတ်ဝင်မှုအများဆုံးဆုတွေရဘူးတယ်ဆိုတာသင်သိပါသလား

*အူဝဲဟာ SHWE FM ကပေးတဲ့FASHION အကျဆုံးဆုကို မဲအများဆုံးနဲ့ရဘူးတယ်ဆိုတာ
သင်သိပါသလား

*မင်းသမီး အငယ်တွေ အူဝဲနေရာကိုမမှီနိုင်တာ ကြိုးစားအားထုပ်မှုနည်းလို့လားဟု ဦးဝင်းငြိမ်း(ရွှေအမြုတေ အယ်တီတာ)ကချီးကျူးဘူးတယ်ဆိုတာ2010 ခုနှစ်က အူဝဲမျက်နှာဖုံးcover ဖြင့်သင်သိပါသလား

*အူဝဲဟာ အမျိုးသမီးအနည်းငယ်သာပါတဲ့ရွှေလည်တိုင်ခေါ်လည်းပင်းကအရစ်လးတွေပါရှိတယ်ဆိုတာ(ဆရာတော်ဘုရားကြီး၁ပါးမှရွှေလည်တိုင်ဆိုတာမေသန်းနုတို့အိန္ဒြာကျော်ဇင်တို့လည်ပင်းကအရစ်လေးတေဟုမိန့်ကြားဖူး)သင်သိပါသလား

*အူဝဲဟာသီချင်းဆိုပြိုင်ပွဲတွေမှာအရွေးခံရဘူးတယ်ဆိုတာ
(ဆုပန်ထွာတို့နဲ့ပြ်ုင်တုန်းကဖြစ်သည်ဒိုင်တွေမှာဦးဇော်ဝင်းထွဍ်တို့ဖြစ်သည်)သင်သိပါသလား

*အူဝဲဟာအချစ်သင်္ကေတရုပ်သံဇာတ်လမ်းတွဲ၏ဇာတ်ဝင်တေသီဆိုပေးရန်ကမ်းလှမ်းခံရဘူးတယ်ဆိုတာ(တေးရေးမြင့်မိုးအောင်၏ပြောပြချက်)သင်သိပါသလား

*အူဝဲဟာဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ပီးနုရွတယ်လို့ ထင်ရပေမယ့် 999 ဆိုတဲ့အသေကြမ်းသော ဖိုက်တင်ကားမှာသူမရဲ့ပီပြင်လှတဲ့ ဖိုက်တင်ကွက်တေနဲ့ သရုပ်ဆောင်ဘူးတယ်ဆိုတာ (တခြားသောဖိုက်တင်ကားများရှိသေးသော်လည်း ထိုကားကအကြမ်းဆုံးဖြစ်သည်)သင်သိပါသလား

*အူဝဲဟာ ပင်ပင်ပန်းပန်းလှည်းစီးသွားရသော ရွာ ၁ ရွာမှာရဟန်းခံရှင်ပြုအလှူကြီးပေးခဲ့သောသာသနာ့အမွေခံအလှူ့ အမရဟန်းအမ ၁ဦးဖြစ်တယ်ဆိုတာသင်သိပါသလား

*အူဝဲရဲ့အဖေဟာ အူဝဲဟိုးငယ်ငယ်ကလေးဘဝထဲက ဆုံးပါးသွားတယ်ဆိုတာသင်သိပါသလားအူဝဲရဲ့ဖေဖေဟာ ခရစ်ယာန်ဘာသာဝင်၁ဦးဖြစ်တယ်ဆိုတာသင်သိပါသလား

*သရုပ်ဆောင်မိုးဟေကို Model လုပ်ဖြစ်တာ Model အိန္ဒြာကျော်ဇင်အောင်မြင်တာအားကျလို့ဟုပြေားဘူးတယ်ဆိုတာသင်သိပါသလား

*မို့မို့မြင့်အောင်လိုအနုပညာမှော်ကတောင်မင်းသမီးခေတ်ဆိုရင်မို့မို့မြင့်အောင်ပီးတာနဲ့အိန္ဒြာကျော်ဇင်၁ယောက်ပဲပြေးမြင်တယ်လို့ ချီးကျူးခံရဘူးတယ်ဆိုတာသင်သိပါသလား

*အူဝဲဟာ သရုပ်ဆောင်ပညာသာမက Model Miss ဆုတွေရ အလှမယ် ၁ ဦးဖြစ်သည့်အပြင် အဆိုပြိုင်ပွဲတွေမှာအရွေးခံရဘူးသော(ဆက်လုပ်ရင်အဆိုတော်ပါဖြစ်နိုင်)သောအနုပညာနှင့်ပတ်သတ်လျှင်ဘယ်ကစမ်းစမ်းညာကစမ်းစမ်းဘက်စုံတော်သောအနုပညာရှင်စွယ်စုံရအနုပညာရှင်၁ ဦးဖြစ်တယ်ဆိုတာ
ref;‎Thiha Zaw‎
to Miss Myanmar Fan Club

Wednesday, April 27, 2016

ဘာသာရေး စစ်ပွဲ ဆိုင်ရာ မှတ်တမ်းများ

တောမီးရှို့တာသတိထားပါ

ဘာသာရေးအခြေခံတဲ့သတင်းတွေ တက်လာတယ်။ လူမျိုးရေးလည်း တွဲကပ်ပါလာတယ်။ အဲတာ နိုင်ငံရေးသာဖြစ်တယ်။ ဘာသာရေးဘက်လိုက်အမြင်၊ ဘာသာရေးစိတ်ဓါတ်ဆိုတာ ဘာသာတိုင်းမှာရှိကြတယ်။ လူတိုင်းနီးပါး ဘက်လိုက်မှု မကင်းကြပါ။ ဒါပေမဲ့ သူများကို စော်ကားတာအထိ မဖြစ်သင့်ပါ။ ဒီတင်ပြချက်က ရိုးလွန်းတယ်။ ဆက်ဖတ်စေလိုပါတယ်။

ဘာသာရေးမှာ ယေရှုခရစ်တော်ဟာ ဂျူးလူမျိုးဖြစ်တယ်။ ဂျူးမဟုတ်သူ သန်းပေါင်းများစွာက ကိုးကွယ်ကြတယ်။ တမန်တော်မိုဟာမက်က မက္ကာမှာမွေးဖွါးခဲ့တယ်။ မွေးဇာတိမတူသူကြသူ သန်းပေါင်းများစွာက အစ္စလမ်ဘာသာ ကိုးကွယ်ကြတယ်။ မြန်မာနိုင်ငံသား အများစုယုံကြည်ကိုးကွယ်တဲ့ ဘုရားအလောင်းဟာ ကပိလဝတ်နိုင်ငံသားဖြစ်ပြီး၊ ကနေ့နီပေါနိုင်ငံ၊ လုမ္မိနီမှာဖွါးမြင်တော်မူခဲ့တယ်လို့ အများစုကယုံကြည်ကြပေမဲ့ မူကွဲတွေလဲရှိပါတယ်။ သိဒ္ဓတ္တမင်းသား ဘယ်မှာဖွါးတယ်လို့ပြောပြော၊ ဗုဒ္ဓဘာသာဝင်ဦးရေက လျော့ကျမသွားပါ။

နိုင်ငံရေးမှာ ကွန်မြူနစ်ဝါဒကိုစတင်သူ (ကားလ်မတ်စ်) ဟာ (ပရပ်ရှား ရိုင်းလင်း) မှာ မွေးခဲ့သူဖြစ်ပေမယ့် သူနဲ့ နိုင်ငံရော လူမျိုးပါ မတူသူတွေ အများကြီးက လက်ခံကျင့်သုံးကြတယ်။ ဒီမိုကရေစီစနစ်ဟာ ရှေးဟောင်းဂရိကနေလာတဲ့ (အေသင်) မြို့ပြနိုင်ငံရဲ့ နိုင်ငံရေးအယူအဆသာဖြစ်တယ်။ ကနေ့ကမ္ဘာမှာ အများဆုံးကျင့်သုံးနေကြတယ်။

ကမ္ဘာ့ဘာသာရေးစစ်တွေဟာ ဘာသာတရားကြီး (၃) မျိုးနဲ့ဆိုင်တယ်။ အဓိကဘာသာရေးစစ်ပွဲကြီး ပေါင်း (၆) ခု ဖြစ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ ဘယ်တုံးကမှ မပါခဲ့ပါ။
(၁) ခရူးဆိတ်စစ်ပွဲ၊ ဥရောပ၊ ၁ဝ၉၅-၁၂၉၁ ခုနှစ်၊ အစ္စလမ်နဲ့ ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁ဝဝဝ,ဝဝဝ-၃ဝဝဝ,ဝဝဝ။
(၂) ပြင်သစ်ဘာသာရေးစစ်ပွဲ၊ ပရိုတက်စတင့်နဲ့ ရိုမင်ကက်သလစ်၊ ၁၅၆၂-၁၅၉၈ ခုနှစ်၊ သေဆုံးသူပေါင်း = ၂,ဝဝဝ,ဝဝဝ - ၄,ဝဝဝ,ဝဝဝ။
(၃) အနှစ် ၃ဝ စစ်ပွဲ၊ ဟိုလီရိုမင်အင်ပါယာ၊ ပရိုတက်စတင့်နဲ့ ရိုမင်ကက်သလစ်၊ ၁၆၁၈-၁၆၄၈ ခုနှစ်အတွင်း၊ သေဆုံးသူပေါင်း = ၃,ဝဝဝ,ဝဝဝ - ၁၁,၅ဝဝ,ဝဝဝ။
(၄) နိုက်ဂျီးရီးယားပြည်တွင်းစစ်၊ အစ္စလမ်နဲ့ ခရစ်ယန်၊ ၁၉၆၇-၁၉၇ဝ ခုနှစ်၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ - ၃,ဝဝဝ,ဝဝဝ။
(၅) လက်ဘနွန်ပြည်တွင်းစစ်၊ ၁၉၇၅-၁၉၉ဝ အထိ၊ ဆူနီ-ရှီယိုက်နဲ့ ခရစ်ယန်၊ သေဆုံးသူပေါင်း = ၁၃ဝ,ဝဝဝ-၂၅ဝ,ဝဝဝ။
(၆) ဒုတိယဆူဒန် ပြည်တွင်းစစ်၊ အစ္စလမ်နဲ့ ခရစ်ယန်၊ ၁၉၈၃-၂ဝဝ၅ အထိ၊ သေဆုံးသူပေါင်း = ၁,ဝဝဝ,ဝဝဝ-၂,ဝဝဝ,ဝဝဝ။

ကမ္ဘာမှာ ဘာသာရေးပဋိပက္ခပေါင်း (၇) ခုရှိသွားပြီ။ မြန်မာနိုင်ငံ ဘယ်တုံးကမှ မပါခဲ့ပါ။ (၁) ပါလစ္စတိုင်း-အစ္စရေးလ်၊ (၂) ပါကစ္စတန်-အိန္ဒိယ၊ (၃) အီသီယိုးပီးယား-ဆိုမာလီ၊ (၄) နိုက်ဂျီးရီးယား၊ (၅) ဗုဒ္ဓဘာသာထကြွမှု၊ (ဗီယက်နမ် ၁၉၆၆)၊ (၆) တရုပ် နဲ့ (၇) လက်ဘနွန်ပြည်တွင်းစစ်တွေဖြစ်ကြတယ်။

ဘာသာရေး-လူမျိုးရေးအခြေခံ ပဋိပက္ခတွေထဲမှာတော့ မြန်မာနိုင်ငံက စာရင်းအသွင်းခံလိုက်ရပါပြီ။
(၁) ပါလစ္စတိုင်း-အစ္စရေးလ် = ၁၉၂၉ မှာ ဖြစ်ခဲ့တယ်။ ၁၉၄၇ မှာ အစ္စရေးနိုင်ငံလို့ ကုလသမဂ္ဂက ဆုံးဖြတ်ခဲ့တယ်။ အဲဒီနေရာက ပါလစ္စတိုင်းလူမျိုးပေါင်း ၇၁၁ဝဝဝ ကနေ ၇၂၅ဝဝဝ ထွက်ခွါခဲ့ရတယ်။
(၂) ပါကစ္စတန်-အိန္ဒိယ = ၁၉ဝ၆ မှာ ဒါးကားမှာ ဖွဲ့ခဲ့တဲ့ (AIML) ကို ဟိန္ဒူအများစုကြီးစိုးတဲ့ အော်လ်အိန္ဒိယကွန်ဂရက်က သံသယရှိလာတယ်။ ၁၉၄၇ မှ ဗြိတိသျှကိုလိုနီကနေ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး၊ နိုင်ငံ ၂ ခုအဖြစ် လွတ်လပ်ရေးပေးတယ်။ အခုထိ ရန်သူဆက်ဆံရေးထားကြတယ်။
(၃) အီသီယိုးပီးယား-ဆိုမာလီ = အဘီဆီးနီးယန်-အဒါးလ် စစ်ပွဲလို့လဲခေါ်တယ်။ ၁၈၂၉ ကနေ ၁၅၅၉ အတွင်းဖြစ်တယ်။ (၄) နိုက်ဂျီးရီးယား = ၁၉၅၃ ကနေ ၁၉၆ဝ ကျော်အထိဖြစ်တယ်။
(၅) ဗုဒ္ဓဘာသာထကြွမှုကြီး = ဗီယက်နမ် ခေါင်းဆောင် ငိုဒင်းဒမ် (၁၉၅၅-၁၉၆၃) ဟာ ကက်သလစ်ဘာသာဝင်ဖြစ်တယ်။ ဌာနေတိုင်းရင်းသားတွေနဲ့ အများစုဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်ခဲ့တယ်။ လူထုနည်း၊ စစ်ရေးနည်းတွေနဲ့ ဆူပူမှု ဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေ ကိုယ့်ကိုယ်ကို မီးရှို့ပြီးဆန္ဒပြခဲ့ကြတယ်။ ၁၉၆၆ မှာ ဖြစ်တယ်။
(၆) တရုပ်ပဋိပက္ခဆိုတာ ၁၉၃၆ (ရှန်ရှီကိုင်) ကနေ (ကာဇတ်) လူမျိုး ၂ဝဝဝဝ ကို (ဇင်ဂျန်း) ကနေ (ကွင်ဂိုင်း) ကို နှင်ထုတ်တယ်။ ဒိနောက် ဗိုလ်ချုပ်ကြီး (မ ဘူဖန်း) ဦးဆောင်ပြီး မွတ်ဆလင်တွေ အများအပြားသတ်ပြစ်တယ်။ ၁၃၅ ယောက်သာ ကျန်တော့တယ်။ (အူဂဟာ) မွတ်ဆလင်တွေနဲ့ (ဟွေ) တပ်တွေလည်း အခုထိ ဖြစ်နေကြတုံးပဲ။
(၇) လက်ဘနွန်ပြည်တွင်းစစ် = ပါလစ္စတိုင်းကရောက်လာသူတွေကန လက်နက်ကိုင်ပြီး PLO ဖြစ်လာတယ်။

မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းဘို့ ကြိုးစားလို့ နောက်ဆက်တွဲတွေဖြစ်ခဲ့တယ်။ အခုတခါ ဘာသာရေးအခြေပြုပြီး သူများနိုင်ငံတွေကပါ ဝင်ပါတာအထိဖြစ်လာတယ်။ ကာကွယ်ရေးဆိုပြီးလုပ်ကြတယ်။ ဘာသာရေး ဗန်းပြပြီး နိုင်ငံရေးကများတယ်။ ရှိပြီးသားမတူတာတွေကို ကွဲအောင်လုပ်တာမျိုးက အန္တရာယ်များတယ်။ မရှိသေးတဲ့ တရားမဝင်ကိုတော့ ဘယ်နည်းနဲ့မှ လက်မခံသင့်ကြပါ။ နွားကွဲရင် ကျားဆွဲတာတော့ လူတိုင်းသိကြတယ်။ နွားကွဲရင် ခြင်္သေ့ပြန်ဆွဲခံရနိုင်တယ်။ ခြင်္သေ့ကလည်း နွားစားချင်လို့လုပ်တာ တောမီးလောင်မှာစိုးရိမ်ရတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၄-၂ဝ၁၆

မြိုင်ကြီးငူ ဆရာတော်(ဦးသုဇန)အကြောင်း

မြိုင်ကြီးငူ ဆရာတော်(ဦးသုဇန)အကြောင်း

မြိုင်ကြီးငူ ဆရာတော်ကို ကြည်ညိုလေးစားသူ တကာတကာမများကိုတော့
အားနာပါတယ်။ ရှေ့မျက်နှာ နောက်ထားပြီးတော့ နဲနဲတော့ ပြောချင်တယ်။
ဒီဘုန်းကြီး ဘယ်ကနေ ဖြစ်လာသလဲဆိုတာ ဒီကေဘီအေ ဖြစ်ပေါ်လာတဲ့
အချိန် ငါးနှစ် ခြောက်နှစ်လောက် ကလေးတွေ မသိနိုင်တော့ပါဘူး။ ဒီဘုန်း
ကြီးဟာ ဗိုလ်ခင်ညွှန့်ရဲ့ တည်ကြက်ဖြစ်တယ်။ ကေအင်ယူ မပြိုကွဲခင်မှာ
ကောင်းကောင်း သပ်လျိုပြီး တပည့်မွေးထားတဲ့ ဗိုလ်ခင်ညွှန့်ရဲ့ တည်ကြက်
တကောင်ပါပဲ။ ကေအင်ယူမှာ ဗုဒ္ဓဘာသာနဲ့ ခရိယန်အုပ်စု အစာမကြေမှု
တွေ စတင်ဖြစ်ပေါ်လာချိန်မှာ ဗိုလ်ခင်ညွှန့်ရဲ့ ကကလှမ်းက စတင်ခြေရှုပ်
ခဲ့တယ်ဆိုတာ ထောက်လှမ်းရေးဟောင်းတွေ ပြောဖူး၊ ရေးဖူးတာတွေကို
ကြားဖူး၊ ဖတ်ဖူးကြမှာပါ။

ဒီလို မကြေညက်မှုတွေ ကေအန်ယူအတွင်း ဖြစ်နေချိန်ရောက်တော့မှ အဲ့
ဒီ မြိုင်ကြီးငူ ဆရာတော်ဆိုတာ ဘွားကနဲ ပေါ်လာတော့တာပါပဲ။ မှတ်မိ
ပါသေးတယ်။ အဲ့ဒီအချိန်က ကျွန်တော်တို့ သူငယ်ချင်းတွေ လ္ဘက်ရည်ဆိုင်
ထိုင်ကြစဉ်အတွင်း သတင်းစာ၊ တီဗီတွေမှာ သူ့ပုံတွေ ပါလာတော့ ဒီဘုန်း
ကြီးကတုံးကလည်း လပ်လပ်ဆပ်ဆပ်လေးပါလား ဆိုပြီး သံသယစိတ်နဲ့
ဝေဖတ်ခဲ့ဖူးကြပါတယ်။ ဒီကေဘီအေ မဖွဲ့စည်းမှီအချိန်က ကေအင်ယူ
အဖွဲ့ထဲမှာ ရှိနေပါသေးတယ်။ ကေအင်ယူ ဗဟိုက ဗုဒ္ဓဘာသာတွေကို
နှိပ်ကွပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တဖြည်းဖြည်း တင်းမာလာနေပါ
တယ်။ ဒါကို အသုံးမကျတဲ့ ကေအင်ယူ ဗဟိုက မဖြေရှင်းနိုင်ခဲ့ဘူး။ အဲ့
ဒီအခွင့်ရေးကို စောင့်နေတဲ့ ဗိုလ်ခင်ညွှန့်က သပ်လျိုပြီး စတင်သွေးခွဲပါ
တော့တယ်။

တငွေ့ငွေ့လောင်မြိုကနေတဲ့ ဖွဲမီးပမာ ကေအင်ယူထဲမှာ ဟုန်းကနဲထ
လောင်စေတဲ့ ရေချိန်အမြင့်ဆုံး မီးပွါးကတော့ တောင်ကုန်းတခုပေါ်မှာ
စေတီတည်တဲ့ ကိစ္စပါပဲ။ ဒါဟာ မြိုင်ကြီးငူရဲ့ ပထမဆုံး စေတီတည်တဲ့
မီးစပါပဲ။ ဒီကိစ္စကို မှတ်မိသူတွေတော့ ရှိကြဦးမှာပါ။ အဲ့ဒီမှာ ကေအင်
ယူနဲ့ ထိပ်တိုက်တွေ့ပါပြီ။ ကေအင်ယူက ဘာသာရေး အခြေတည်တာ
ဖြစ်ပေမယ့်၊ ဘာသာရေးကို စိတ်မဝင်စားပါဘူး။ တောင်ထိပ်တည့်တည့်
ဖြူဖြူဖွေးဖွေး ဘုရားတည်တော့ မဟာဗျူဟာအရ အချက်ချာ ဖြစ်နေတာမို့
လက်မခံခြင်းဖြစ်ပါတယ်။ အဲ့ဒီမှာတင်ပဲ ကေအင်ယူက ရာဇသံပေးလာ
တော့ ခွေးအချောင်း ချောင်းနေတဲ့ ဗိုလ်ခင်ညွှန့်က စတင်ပြီးခွဲထုတ်ပလိုက်
ပါတော့တယ်။ အဲ့ဒီကနေ တိုက်ပွဲတွေ စတင်ဖြစ်ပြီးနောက် တပြိုင်နက်
ဒီကေဘီအေကို စတင်ဖွဲ့စည်း ထူထောင်လိုက်ပါတော့တယ်။

ဒါဟာ ကေအင်ယူရဲ့ မဟာဆုံးရှုံးမှုတခုဖြစ်သလို၊ ဗိုလ်ခင်ညွှန်အတွက်
မဟာ့မဟာ အောင်မြင်မှုကြီးပါပဲ။ နောက်ပိုင်း မြန်မာစစ်တပ်နဲ့ ဒီကေ
ဘီအေတို့ ပူးပေါင်းပြီး ကေအင်ယူအပေါ် ထိုးစစ်တွေ အကြီးအကျယ်
ဆင်နွှဲခဲ့ရာမှာ မဆလခေတ် တလျှောက်လုံး မသိမ်းပိုက်လိုက်နိုင်တဲ့
ဘုရားသုံးဆူ၊ မဲလ၊ မဲသဝေါ၊ ဝေါလေ၊ မော်ဖိုးကေ တို့လို နာမည်ကြီး
ကေအင်ယူတို့ရဲ့ စစ်စခန်းကြီးမှာ စစ်အစိုးရလက်ထဲ ကျရောက်သွား
ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး ရန်ကုန်လို မြို့ပြတွေပေါ်မှာ ပေါ်
တာဆွဲခြင်းကို ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ကြတာပါပဲ။ အကျဉ်းထောင်
တွေကနေ ပေါ်တာတောင်းယူသွားတာတွေ စတင်ဖြစ်ပေါ်လာတယ်
ဆိုတာ မှီလိုက်သူများ မှတ်မိကြဦးမှာပါ။

ဆက်စပ်ဖြစ်ရပ်မို့ ထည့်ရေးလိုက်တာပါ။ လိုရင်းကို ဆက်ရလျှင်တော့
ဒီဘုန်းကြီးရဲ့ သမိုင်းကြောင်းဟာ ဘုရားတည်တာကနေ စပါတယ်။ ဒါ
ဟာ ဘာကို အမှတ်ရစေသလဲဆိုတာ အစပိုင်းမှာ ပြောခဲ့သလို တည်
ကြက်ဘုန်းကြီးကိုများ ထုတ်သုံးလာလေသလား။ ဒီဘုန်းကြီးဟာ စကြား
ဖူးကတည်းက ခွဲရေးကနေ စခဲ့တဲ့ ဘုန်းကြီးတပါးပါပဲ။ ခုလည်း တည်
ကြက်ထုတ်ပြီး မီးမွှေးလေပြီလား။ အစိုးရသစ်နဲ့ ဘာသာရေး လှည့်ခွေ
စေပြီး အကျဉ်းအကြပ်ကို ရောက်အောင် တွန်းပို့နေတာလား။ ပြည်သူ
နဲ့ အစိုးရသစ်(ဒီမိုကရက်တစ် အစိုးရ)ကြားမှာ သွေးခွဲရန်တိုက်ပေးပြီး
မတည်မငြိမ်ကို ဖန်တီးနေတာလား။ သူများပိုင်နက် အတွင်းမှာမှဝင်ပြီး
ဘုရားတည်တာဟာ ဘယ်တရားဥပဒေနဲ့ ညီညွတ်မှုရှိပါသလဲ။

နမူနာလေး တခုပေးပါမယ်။ အမေရိက ပြည်ထောင်စု၊ နယူးဂျာစီပြည်
နယ်၊ မာနာလပန်မြို့မှာ တည်ထားကိုးကွယ်တဲ့ မြန်မာဗုဒ္ဓဘာသာ အ
သင်းပိုင် ကျယ်ပြောလှတဲ့ မြေကွက်ကြီးထဲမှာ စေတီတော်တဆူ၊ ကျောင်း
တကျောင်း၊ ရောဂီဆောင်၊ တရားအားထုတ်ဆောင်၊ မီးဖိုဆောင်တွေ ရှိ
နေပါတယ်။ အမေရိက ပြည်ထောင်စုဆိုတာဟာ ခရိယန်တွေ အများစု
နေထိုင်ရာ နိုင်ငံကြီးတခု ဖြစ်ပါတယ်။ အဲ့ဒီ ဘုရားကျောင်း ပရဝုဏ်ထဲ
မှာ ခရိယာန် လက်ဝါးကပ်တိုင်ကြီးတခုများ လာစိုက်ကြမယ်ဆိုလျှင်
ဗုဒ္ဓဘာသာ အစွန်းရောက်တွေကို တခုတော့ မေးချင်တယ်။ ခင်ဗျားတို့
ရဲ့ စိတ်ထဲမှာ ဘယ်လိုများ ခံစားရမလဲ ဆိုတာပါပဲ။ (အမေရိကမှာ ဒီလို
မျိုး မင်းမဲ့စရိုက် လုပ်လို့မရပါ။ စကားပြော နမူနာ ပေးခြင်းသာ ဖြစ်ပါ
တယ်။) ကိုယ်ချင်းစာစိတ် ထားကြပါ။ ပြောတော့ ဗုဒ္ဓယဉ်ကျေးမှု အ
ဆုံအမတွေကြောင့် မြန်မာဟာ ယဉ်ကျေးတယ်ဆိုပြီး ဂုဏ်ယူနေပေ
မယ့် လုပ်နေတဲ့ လုပ်ရပ်တွေကတော့ ဟန်နာဘိခ်ျ ခေါင်းစဉ်တပ်တာ
အလျင်က မှားတယ်လို့ ထင်ခဲ့ပေမယ့် ခုတော့ မှန်နေသလိုလို ဖြစ်လာ
နေတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာအတွက် အင်မတန်မှ အရှက်ရစေ
ပါတယ်လို့ပဲ သုံးသပ်လိုက်ပါတယ်။

Stanley N Naing

ခရစ်ယာန် ကို မျက်ကွယ်ပြုခြင်းလော

အချိန်ယူဖြေရှင်းရမယ့် ပြဿနာ

ဒီရက်တွေအတောအတွင်း ကရင်ပြည်နယ်ထဲက ခရစ်ယာန် ဘုရားရှိခိုးကျောင်းဝင်းအတွင်း ဇွတ်အတင်းဝင်ပြီး စေတီတစ်ဆူ တည်ကြတဲ့သတင်းက လူအတော်တော်များများကို စိတ်ပျက်သွားစေပါတယ်။

မေးခွန်းတွေလည်း တန်းစီပြီး ထွက်လာပါတယ်။ ဗုဒ္ဓရဲ့ တရားတော်နဲ့ ကိုက်ညီမှု ရှိပါရဲ့လား။ ဥပဒေကို ပြောင်ဆန့်ကျင်တာ မဟုတ်ဘူးလား…အစရှိသော မေးခွန်းတွေကအစ ဘယ်လိုအရေးယူ ဆောင်ရွက်သင့်သလဲ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း သတိကြီးစွာထားပြီး ကိုင်တွယ်ဖြေရှင်းနေရပုံရှိတယ် အစရှိတဲ့ ထင်မြင်ချက်များလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဦးစွာပထမ ပြောရမယ့် စကားကတော့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက သတိကြီးစွာထားပြီးမှ ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဆိုတာ မှန်ကန်သင့်တော်တယ်လို့ မြင်ပါတယ်။ ဘာပြုလို့လည်းဆိုတော့ ဒါဟာ မသမာတဲ့သူတွေရဲ့ ဘာသာရေး အဓိကရုဏ်းဖြစ်ရလေအောင် တမင်ဖန်တီးတာ ဖြစ်နေခဲ့ရင် ကိုင်တွယ်ဖြေရှင်းမှု မှားတာနဲ့တပြိုင်နက် နောက်ဆက်တွဲ ပြဿနာတွေ မလွဲမသွေ တက်လာနိုင်တဲ့အတွက် တာဝန်ရှိသူများက သတိထားပြီး ကိုင်တွယ်ဖြေရှင်းသင့်တာ အမှန်ပါပဲ။

ဒါဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလည်း။ ဘာ့ကြောင့် ဒီပြဿနာ ပေါ်လာရသလဲ။ ဘာသာရေး ရှုထောင့်ကပဲကြည့်ကြည့်၊ ကျင့်ဝတ်သိက္ခာအရပဲ ကြည့်ကြည့်၊ တည်ဆဲ ဥပဒေကြောင်းအရပဲကြည့်ကြည့် အခုလို အခြား ဘာသာရေး အဆောက်အဦးဝင်းထဲ အခုလို ဝင်ရောက်ပြီး ဘုရားတည်တဲ့လုပ်ရပ်ဟာ မှားပါတယ်။ ပိုပြီး စိတ်မချမ်းမြေ့ဖွယ် ဖြစ်စေတာက ဒီလိုလုပ်ရပ်ကို လူအများစုက လက်မခံဘူးဆိုတာ သိရဲ့သားနဲ့၊ ဥပဒေနဲ့ မညီဘူးဆိုတာ သိရဲ့လားနဲ့ ဘယ်လိုအကြောင်းခံနဲ့ ပြောင်ပြောင်တင်းတင်း ပြုလုပ်ရဲခဲ့ကြသလဲ။

တကယ်တော့ ရက်ပိုင်းအတွင်းသာ သက်တမ်းရှိသေးတဲ့ အစိုးရသစ်ကို စိန်ခေါ်တဲ့သဘောရှိတဲ့ ပြဿနာ များစွာအနက်က ဒီပြဿနာဟာ တစ်ခုသော စိန်ခေါ်မှု ဖြစ်ပါတယ်။ တရားဥပဒေက ခွင့်မပြုတဲ့အပြင် ကျင့်ဝတ်အရလည်း မှားယွင်းနေတဲ့ ဒီလုပ်ရပ်ကို ဘာ့ကြောင့် ဥပဒေအရပင် ဖြေရှင်းဖို့ လက်တွန့်နေကြရသလဲ။ ဝမ်းနည်းဖွယ်လည်းကောင်း စိတ်ပူပန်ဖို့လည်းကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။

တကယ်တော့ နှစ်ပေါင်း ၆၀ နီးပါး ယိုယွင်းပျက်စီးလာခဲ့တဲ့ အခြေအနေ အရပ်ရပ်အပေါ်မူတည်ပြီးမှ ဒီိလိုပြဿနာတွေ ရှင်သန်ခွင့် ခေါင်းထောင်ခွင့် ရလာခဲ့တဲ့သဘောပါပဲ။ ကျနော်တို့ရဲ့တိုင်းပြည်မှာ အာဏာအလွဲသုံးစားပြုခြင်း၊ အဂတိလိုက်စားခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်း၊ ကိုယ့်အကျိုးစီးပွား၊ လူတစ်စု အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခြင်း အစရှိတဲ့ အာဏာရှင်စနစ် ရေခံမြေခံအပေါ်မူတည်ပြီး ဥပဒေစိုးမိုးမှုမရှိခြင်း၊ မင်းမဲ့စရိုက်ပေါ်လာခြင်း၊ ကျင့်ဝတ်စည်းကမ်းများ လျှော့နည်း ကျဆင်းခြင်းနဲ့ အတူ အကြမ်းဖက်ခြင်း အစရှိတဲ့ သစ်ပင်ပန်းမာလ်တွေ ပေါက်ရောက်ရှင်သန်လာခဲ့ရတဲ့သဘောပါပဲ။

ကရင်ပြည်နယ်ထဲက ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်းအတွင်း အခြား ဘာသာမတူတဲ့ လူတစ်စုက အတင်းအဓမ္မ ဝင်ရောက်ပြီး စေတီတည်ခြင်းတည်းဟူသော လုပ်ရပ်မှာလည်း နှစ်ပေါင်း ၆၀ နီးပါး ထွန်းကားခဲ့တဲ့ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်များဖြစ်တဲ့ မင်းမဲ့စရိုက်နဲ့ တရားဥပဒစိုးမိုးမှု မရှိခြင်း အချက်တွေပေါ် မူတည်ပြီးမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ဒီနေရာမှာ မေးစရာမေးခွန်းရှိလာတာက ဒီလိုပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်တော့ဘူးလား။ ဥပဒေအရပဲဖြစ်ဖြစ် ကျင့်ဝတ်စည်းကမ်းအရပဲဖြစ်ဖြစ် အရေးယူဆောင်ရွက်လို့ မရနိုင်တော့ ဘူးလားဆိုတဲ့ မေးခွန်းရှိလာပါတယ်။

တကယ်တော့ ဖြေရှင်းလို့ ရပါတယ်။ အနီိးဆုံး သာဓကပြရမယ်ဆိုရင် ဒီလို အလားတူ ပြဿနာတွေကို ၁၉၆၂ ခုမတိုင်ခင် တနည်းအားဖြင့် ပြောရရင် ကျနော်တို့နိုင်ငံမှာ အာဏာရှင်စနစ် မပေါ်ပေါက်ခင်အချိန်တုန်းက နိုင်နင်းအောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဆိုတဲ့ သာဓက ရှိခဲ့ပါတယ်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဖြစ်ပွားရလေအောင် အောင်မြင်စွာ ကာကွယ်ထားနိုင်ခဲ့တဲ့ သာဓကတွေ ရှိပြီးဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကျနော်တို့ တိုင်းပြည် နှစ်ပေါင်းမြောက်များစွာ ရင့်သန်အားကောင်းလာခဲ့တဲ့ မင်းမဲ့စရိုက်တွေ၊ ကျင့်ဝတ်သီလ ကျဆုံးမှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေက အရှိန်ကောင်းနေသေးတဲ့ အချိန်ဖြစ်ပါတယ်။ ဒါ့အပြင် ကျဆုံးစပြုတဲ့ အာဏာရှင်စနစ် ကိုယ်စားပြုသူများရဲ့ အဟန့်အတား အနှောင့်အယှက်တွေကလည်း အားကောင်းနေသေးတဲ့အတွက် အချိန်တိုတိုအတွင်းမှာတော့ ဒီလိုပြဿနာတွေကို အောင်မြင်ပြီးပြတ်အောင် ဖြေရှင်းဖို့ရာ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ အချိန်ယူဖြေရှင်းဖို့ လိုအပ်တဲ့ အခုလို အလားတူပြဿနာများအပေါ် စိတ်ရှည်သီးခံခြင်း၊ ပညာပေးခြင်း၊ ဝေဖန်ရှင်းပြခြင်း၊ ဥပဒေအရဆောင်ရွက်ခြင်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားခြင်း သည်သာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။

အယ်ဒီတာအာဘော်
မဇ္ဈိမ

အငြင်းပွားဖွယ် စေတီများကိစ္စ မြိုင်ကြီးငူ ဆရာတော်(ဦးသုဇန)နှင့် တွေ့ရန် ပြည်နယ် အစိုးရ အဖွဲ့ ကြိုးပမ်း



လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းကျေးရွာရှိ ဗလီ အနီး စေတီတည်ထားသည် ကို တွေ့ရစဉ်
(ဓာတ်ပုံ-မြိုင်ကြီးငူဆရာတော်၏ သာသနာပြုလုပ်ငန်း/facebook)
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် ရှိ ခရစ်ယာန်နှင့် အစ္စလမ် ဘာသာရေးကျောင်းများ အနီးတွင် စေတီများ လိုက်လံတည်ထားနေသည့် မြိုင်ကြီးငူဆရာတော်နှင့် တွေ့ဆုံလျှောက်ထားရန် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ကြိုးပမ်းနေကြောင်း သိရသည်။

ယင်းကိစ္စကို ပြည်နယ် အစိုးရအဖွဲ့က ပြည်ထဲရေး ဝန်ကြီးဌာန၊ သမ္မတရုံး ဝန်ကြီးဌာနနှင့် သာသနာရေး ဝန်ကြီးဌာနတို့ထံ တင်ပြထားကာ ဆရာတော်နှင့် တွေ့ဆုံလျှောက်ထားပြီး ညှိနှိုင်းနိုင်ရေး ကြိုးပမ်းလျက် ရှိကြောင်း သာသနာရေး ဝန်ကြီးဌာန မှ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောသည်။

ဦးအောင်ဆန်းဝင်းက “ကျနော်တို့ တာဝန်ရှိသူတွေနဲ့ ဘာသာပေါင်းစုံ အဖွဲ့က သူတွေကို စေလွှတ်ထားပါတယ်။ အခုထိတော့ ဆရာတော်နဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။ ဆရာတော်နဲ့ ဆွေးနွေးလျှောက်ထားနိုင်ဖို့ စောင့်ဆိုင်းနေပါတယ်” ဟု ရှင်းပြသည်။

ကရင်ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူများက မြိုင်ကြီးငူ ဆရာတော် ဦးသုဇန နှင့် တွေ့ဆုံညှိနှိုင်းရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ယနေ့အချိန်ထိ ဆရာတော် က လက်ခံတွေ့ဆုံခြင်း မရှိသေးပေ။
အစိုးရအဖွဲ့နှင့် ဒေသခံများ၏ အဆိုအရ စေတီများကို မြိုင်ကြီးငူ ဆရာတော် ဦးသုဇန က ဦးဆောင်ကာ တည်ထားနေခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးသုဇနသည် ဧပြီ ၂၄ ရက်နေ့ က လှိုင်းဘွဲ့ မြို့နယ်၊ ကွမ်းတောကျေးရွာ၊ ရှင်မာကု အင်္ဂလီကန် ဘုရားကျောင်းဝင်း အတွင်း၌ စေတီတဆူကို ၂ ရက်ဖြင့် အပြီး တည်ခဲ့ကြောင်း၊ ဧပြီ ၂၆ ရက်နေ့ ကလည်း ရွှေဂွန်းကျေးရွာရှိ မရ်ကဇ် ဗလီ မွတ်စလင် ဝတ်ပြုကျောင်း ၏ နံဘေးလမ်းကြားတွင်လည်း စေတီငယ်တဆူကို ထပ်မံ တည်ထားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဘာသာရေးကျောင်းများအနီး စေတီများ ထပ်မံ တည်ထားရန်လည်း နေရာသတ်မှတ်မှုများ လည်း ပြုလုပ်ထားကြောင်း၊ ဘာသာရေး ပဋိပက္ခ အသွင် ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။
ပြည်နယ်အစိုးရကမူ ဒေသခံများ အနေဖြင့် ဘာသာရေးအရ သွေးထိုးမှုများကို သတိထားရန် လိုအပ်ကြောင်းနှင့် အစိုးရကလည်း ဂရုတစိုက် စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ပြည်နယ်သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။

ဦးမင်းတင်ဝင်းက “ပြည်နယ် အစိုးရက ဆရာတော် လုပ်တဲ့ ကိစ္စတွေကို တားဆီးဖို့ အခက်အခဲတွေ ရှိနေတယ်၊ တားရင်လည်း ဆရာတော်က ဆက်လုပ်မှာပဲ။ ဆရာတော်ရဲ့နောက်မှာ အားတွေအင်တွေ ရှိနေတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်နယ်အစိုးရသည် စေတီများ မတည်မီ ကာလကတည်းက ဆရာတော် ဦးသုဇနထံသို့ အစီအစဉ်များ ရပ်ဆိုင်းပေးရန် စာဖြင့် ကန့်ကွက် လျှောက်ထားခဲ့သော်လည်း ပြည်နယ်အစိုးရ၏ အစီအမံကို လက်မခံဘဲ ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးကို ဧပြီ ၂၆ ရက်နှင့် ၂၇ ရက်နေ့ မနက်ပိုင်း တွင် ပြုလုပ်ခဲ့ပြီး ဆရာတော်နှင့် တွေ့ဆုံ လျှောက်ထားခွင့်ရရေးကို ဆက်တိုက် ကြိုးပမ်းလျှက်ရှိကြောင်း အစိုးရအဖွဲ့ဝင် တဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ စေတီများ လိုက်လံ တည်ထားနေသည့် ကိစ္စ ကို ဖြေရှင်းဆောင်ရွက်ရန် သမ္မတ ၏ ညွန်ကြားချက်ပေးရန်လည်း တောင်းခံထားကြောင်း ပြည်နယ် သာသနာရေး ဝန်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။

ထွန်းထွန်း - ဧရာဝတီ