Wednesday, January 25, 2017

ဧည့်သယ်ကို လက်ဆောင်ဝယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဝန်ကြီးချုပ်ကို  ပိုက်ဆံပါလာရင် ဧည့်သယ်ကို လက်ဆောင်ဝယ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
================================
၂၅..၁..၁၇
-
ပုဂံရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီ ပုထိုးများ ပြင်ဆင်နေမှုကို  ဒေါ်အောင်ဆန်းစုကြည်  နှင့် အစိုးရ အဖွဲ့ဝင်များ မနေ့ကလိုက်လံ
ကြည့်ရှု့ဖူးမျော်ခဲ့ပြီး လိုအပ်တာမျာကို မှာကြားသွားကြောင်း သိရပါတယ်။
-
မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ ဘူတန်ဘုရင်မင်းမြတ်ရဲ့ ဒွေးတော် (ယခင် ဘူတန်ဘုရင်၏ ပထမမြောက် မိဖုရား )လဲပါဝင်ပါတယ်။
အခု မြန်မာပြည်ကို ပထမဆုံးအကြိမ်ဖြင့် လာရောက်လာပတ်နေတဲ့ ဘူတန် မိဖုရားရဲ့ ခင်ပွန်း  ( ယခင် )ဘူတန်ဘုရင်ဟာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်
ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ် ရဲ့ တပည့်ဖြစ်ပါတယ် ။
-
(  ပျော်ရွှင်ခြင်းနိုင်ငံ - ဘူတန် )ဆိုတဲ့ ဘူတန်နိုင်ငံရဲ့ ရာဇ၀င်ကို ရေးသားခဲ့ သူမှာလဲ မိုက်ကယ်အဲရစ် ဖြစ်ပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရအဖွဲ့ဝင်များဟာ ဘူတန်ဒွေးတော် နဲ့အတူ ပုဂံမှာရှိတဲ့ အာနန္ဒာဘုရား ၊ ဂူပြောက်ကြီးဘုရား တို့ကို ဖူးမျှော်ပြီး လက်မှု
ပညာ ပစ္စည်းဆိုင်တွေကို လေ့လာကြည့်ရှူခဲ့ကြတာ ဖြစ်ပါတယ်။
-
ပုဂံလက်မှုပညာ ဆေးရေးပန်ချီဆိုင်ထဲမှာ ကြည့်ရှုလေ့လာနေရင်  ဘူတန်
ဒွေတော် အား လက်ဆောင်အဖြစ် ပေးရန် ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ လိုက်ပါလာတဲ့  မန်းလေးတိုင်းဝန်ကြီးချုပ်အား (  ဆရာ ပိုက်ဆံပါလား ) ပါလာရင် ဧည့်သယ်ကို လက်ဆောင် ၀ယ်ပေးလိုက်ပါဟု ဒေါ်အောင်ဆန်းစုကြည် ရဲ့ တိုက်တွန်းမှုကြောင့် လိုက်ပါလာတဲ့ အစိုးရ
အဖွဲ့ဝင်များနှင့် ဧည့်သယ်တော်များမှ သဘောကျ ရယ်မောခဲ့ကြောင်း သိရပါတယ်။
========
Credit ဧပရယ်မောင်မောင်
Potoဧပရယ်မောင်မောင်

No comments:

Post a Comment